နာဂစ်မုန်တိုင်းဒဏ်ခံရသူများအခြေအနေ သုံးပွင့်ဆိုင်အဖွဲ့ လေ့လာစစ်ဆေးမည်

Friday, May 08, 2009 ·

NEJ | နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့သည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လူသားချင်းစာနာမှု အကူအညီ များနှင့် အိုးအိမ် အခြေအနေ လိုအပ်မှုများအား ဒုတိယအကြိမ် ပြန်လည်သုံးသပ်ရန်အတွက် အာဆီယံ၊ မြန်မာ အစိုးရနှင့် ကုလသမဂ္ဂတို့ပါဝင်သော သုံးပွင့်ဆိုင် အဖွဲ့က မြန်မာနိုင်ငံသို့ လေ့လာရေးအဖွဲ့များ ယမန်နေ့က စေလွတ်လိုက် ကြောင်း သိရသည်။

အဆိုပါအဖွဲ့များက မုန်တိုင်းသင့်ဒေသများမှ လက်ရှိအခြေအနေများအပေါ် အချက်အလက်များ ကောက်ယူမည် ဖြစ်ကြောင်း နာဂစ် ကယ်ဆယ်ရေး သုံးပွင့်ဆိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။

လေ့လာရေးအဖွဲ့များတွင် အစိုးရ၀န်ကြီးဌာနများ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်းအန်ဂျီအိုများ ပါဝင်သည့် အဖွဲ့ (၁၅) ဖွဲ့မှ လူပေါင်း (၉၅) ဦးပါဝင်ကာ မြို့နယ်ပေါင်း (၃၀) အတွင်း သွားရောက်စစ်ဆေးမည် ဖြစ်သည်။

ယင်းအဖွဲ့များက နာဂစ်မုန်တိုင်း ကျရောက်ရာဒေသများသို့ သွားရောက်ပြီး လေဘေးဒုက္ခသည်များအား တွေ့ဆုံမေးမြန်းကာ လူမှုကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အခြေအနေများကို ပြန်လည်သုံးသပ်ကြမည်ဟု သိရသည်။

ထိုသို့လေ့လာသုံးသပ်ရရှိသည့် အချက်အလက်များကို လာမည့် ဇူလိုင်လတွင် အစီရင်ခံစာတစောင် ထုတ်ပြန် သွားမည်ဟုလည်း သိရသည်။

နာဂစ်ကယ်ဆယ်ရေးအဖွဲ့များမှ ယခင်ထုတ်ပြန်ချက်များတွင် မြန်မာနိုင်ငံ နာဂစ်ကျရောက်ရာ အချို့ ဒေသ များတွင် ကလေးများ အာဟာရချို့တဲ့မှု ခံစားနေရပြီး ဒေသတွင်းရှိ ကျန်းမာရေးဆေးခန်းများတွင် ဆေးဝါး ပြတ်လပ်မှုများ တွေ့ရှိရကြောင်း၊ ဒေသအတော်များများတွင် အသက်မွေးဝမ်းကြောင်းမှု အလုပ်အကိုင် များ ရှားပါးနေကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် မေ (၂) ရက်နှင့် (၃) ရက်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း (၂) သန်း (၄) သိန်းခန့် ထိခိုက်ပျက်စီးခဲ့ကြပြီး ရှေ့လာမည့် (၃) နှစ်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ (၆၉၁) သန်း လိုအပ်မည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */