အကြွေးမဆပ်နိုင်သည့် လယ်သမား လယ်ထွက်ပစ္စည်းနှင့်လယ်များ ဈေးနှိမ်သိမ်းခံရ

Thursday, May 14, 2009 ·

အာအက်ဖ်အေ | ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာရွာက ဦးမြင့်ဆွေပိုင် ပစ္စည်းတွေကို အရေကွးရစရာ ရှိတယ်ဆိုပြီး ခမရ ၄၃၉ က သိမ်းဆည်းသွားပြီး အိမ်ကို မီးရှို့သွားတယ်ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့ ဧပြီလ ဆန်းပိုင်းမှာ အာအက်ဖ်အေက ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီ မတရားမှုအတွက် လယ်ပိုင်ရှင်ဦးမြင့်ဆွေက လယ်ယာ စိုက်ပျိုးရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကို တိုင်ကြားတဲ့အခါမှာ ခမရ ၄၃၉ က တာဝန်ရှိသူတွေကို စစ်ဆေးခဲ့ပေမယ့် ကာယကံရှင် ဦးမြင့်ဆွေတို့ မိသားစုကိုတော့ ခေါ်ယူမေးမြန်းခြင်း မရှိဘူးလို့ သိရပါတယ်။


စိုက်ပျိုးရေးအတွက် နွားနှင့်ဖက်၍ ထွန်ယက် လုပ်ကိုင်နေသော မြန်မာ တောင်သူလယ်သမား သားအဖ ဖြစ်ပါသည်။ (Photo: AFP)
ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးမြင့်ဆွေရဲ့ဇနီး ဒေါ်ခင်ဝင်းက အာအက်ဖ်အေကို ပြောပြပါတယ်။

ဒေါ်ခင်ဝင်း။ ။“ခမရ ၄၃၉ မှာ ဒီပြင့်တပ်တွေက လာပြီး ခုံရုံးဖွဲ့ စစ်တယ်။ စစ်တဲ့အချိန်မှာ ကျမတို့ကို ခေါ်ပြီးတော့ မစစ်ဘူးလေ။ ကျမရဲ့ အဖေနဲ့အမေကို လာပြီးတော့ စစ်တဲ့အခါမှာ အမေ့ကို ဒု-အရာခံဗိုလ် စိုးသိန်းက လာပြီး လမ်းမှာ သင်သွားတယ်တဲ့။ အဖွားကြီးပေါ့၊ ဒီအသက်ဒီအရွယ် ရောက်မှပေါ့။ ကိုမြင့်ဆွေတို့ကို မေးလို့စစ်လို့ရှိရင် မရှိဘူး မသိဘူးလို့ပြောပေါ့။ နောက်တခါ ခေါ်စစ်နေရင်၊ အသက်ကြီးမှ ခေါ်စစ်နေအုံးမယ်လို့ ပြောတယ်။ ကျမတို့အမေက စာမတတ်တဲ့ အခါကျတော့ မရှိဘူး မသိဘူးလို့ အဲဒီလိုပဲ ပြောထားခဲ့တယ်တဲ့။ ရှိတယ်သိတယ်ဆိုတဲ့ လယ်သမားတွေကျတော့လည်း အမှန်အတိုင်းပြောရင် လယ်တွေမလုပ်ရဘူးဆိုလို့ ကျမတို့ဘက်က လိုက်မဲ့သူက နည်းနည်းလန့်နေတယ်။ သွားအစစ်ခံတဲ့ လယ်သမားတွေက ပြောတော့ ကျမတို့နွားတွေကို ဗျုဟာမှူးက ထိန်းထားတယ်ပေါ့။ ဗျုဟာမှူးဆီ ရောက်သွားတယ်တဲ့ ကျမတို့နွား ငါးကောင်ကလေ”

ဦးမြင့်ဆွေအပါအဝင် လယ်သမား ၃၁ ဦး တောရိုင်းကို ခုတ်ထွင်ရှင်းလင်းထားတဲ့ လယ်မြေတွေကို ခလရ ၄၃၉ က တပ်ပိုင်မြေအဖြစ် သိမ်းယူခဲ့ပြီး ဒီလယ်သမား တွေကိုပဲ တနှစ် လယ်တဧကကို စပါး တင်း ၂၀ ပေးရမယ်ဆိုပြီး သီးစားခ ချထားပေးခဲ့တာပါ။ သီးစားခ လယ်ထောက်ခတွေအပြင် ခမရ ၄၃၉ တပ်ရင်းမှူးနဲ့ အရာရှိတွေပိုင်တဲ့ ငွေတွေကို ဦးမြင့်ဆွေအကူအညီနဲ့ လယ်သမားတွေကို ငွေတိုးချေးခဲ့ရာမှာ ပြန်မဆပ်တဲ့ ရွာသားတွေ ရှိတဲ့အတွက် အခုလို ဦးမြင့်ဆွေအပေါ်ကို ပုံချပြီး တပ်မြေမှာ စပါးစိုက်တဲ့အတွက် သွင်းရမဲ့သီးစားခ မရသေးဘူးဆိုပြီး ဦးမြင့်ဆွေ ဒေါ်ခင်ဝင်းပိုင် လယ်ထွက်သီးနှံတွေနဲ့ နွားတွေကို သိမ်းယူခဲ့တာဖြစ်ပါတယ်။ အခုလို အနိုင်ကျင့် အသိမ်းခံရပြီး ရှင်းလင်းခွင့်မရတဲ့ သူတို့ရဲ့အခက်အခဲကို ဒေါ်ခင်ဝင်းက ဆက်ပြောပြပါတယ်။

ဒေါ်ခင်ဝင်း။ ။“ပဲပေးတွေစပါးပေးတွေက လယ်သမားတွေက သုံးထားတာ။ အဲဒါ အာမခံတယ်လို့ မဟုတ်ဘူး။ သူတို့တပ်က အရာခံဗိုလ် ဦးစိုးသိန်းပါ ပါတဲ့ဥစ္စာ။ ဦးမြင့်ဆွေ တယောက်ထဲ လုပ်ပေးတာမှမဟုတ်တာ။ အခုလည်း ကိုယ့်အရပ်ကိုယ့်ရွာမှာ နေလို့ မရအောင် အမြဲတမ်း ဒုက္ခပေးနေတယ်။ နေရထိုင်ရတာခက်တယ်။ စားဝတ်နေရေးလည်း ကြပ်တည်းတယ်။ အကုန်လုံး ရှိတာတွေ သိမ်းသွားတော့လေ။ အိမ်တွေလည်းမီးရှို့၊ ပဲခင်းတွေလည်း နှုတ်လို့ ပြောင်တဲ့အခါကျတော့ အမကြီးတို့မှာ တအား ခက်ခဲ နေတယ်။ ကလေးတွေ ကျောင်းထားဖို့တောင်မှ စဉ်းစားလို့မရဘူး ဖြစ်နေတယ်။ အမကြီးတို့ကို ခေါ်ပြီးစစ်ဆေးတာမရှိဘူး။ ရှင်းလင်းခွင့်လည်း မပေး၊ နားလည်မှု မပေးဘူး။ အမတို့ကလည်း အရိုးခံတောင်သူတွေပါ။ အမှန်အကန် ဖြေရှင်းခွင့်ရပြီး ကျမတို့ပစ္စည်းကို အမှန်အကန် ပြန်လိုချင်တယ်။ ဒါပဲကျမတို့ဘက်က။ သူတို့ကို နစ်နာပါစေ အလုပ်ပြုတ်ပါစေ ဆိုတဲ့ ဆန္ဒမရှိပါဘူး”

ဒီကိစ္စတွေကို အသေးစိတ် သိရှိနိုင်ဖို့ ခမရ ၄၃၉ ကို အာအက်ဖ်အေက မေးမြန်းတဲ့အခါမှာ ဖုန်းမှားနေတယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။ လယ်သမားတွေအရေးနဲ့ လူ့အခွင့်အရေးကို ကူညီပေးနေတဲ့ လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကတော့ သူတို့ တိုင်ကြား ထားတာကို အခုလို မတရားလုပ်သွားပြီး ထိထိရောက်ရောက် အရေးယူမပေးဘူးဆိုရင် နိုင်ငံတကာက သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ရောက်အောင် တိုင်ကြား သွားမယ်လို့ ပြောပါတယ်။

ဦးအေးမြင့်။ ။“တချို့က အမှန်အတိုင်း ဖြေတဲ့အတွက် အဲဒီလို အမှန်အတိုင်း ဖြေတဲ့သူတွေကို လက်မှတ်မထိုးခိုင်းဘူး။ တပ်အတွက် ကာကွယ်ပေးမယ့် သူတွေကိုတော့ လက်မှတ်ထိုးပြီး ယူသွားတယ်။ ပြည်သူလူထုကို ချစ်ပါတယ် ပြည်သူလူထုကို စောင့်ရှောက် ပါတယ် ဆိုတဲ့ တပ်မတော်။ ဒါပေမယ့် တပ်မတော် အရိပ်ကိုခိုပြီးတော့ အခုလို တောင်သူလယ်သမားတွေရဲ့ ကျွဲနွားတွေ ပဲတွေစိုက်ပြီးသားတွေကို နှုတ်သွားတဲ့ တပ်မတော်သားမျိုးကိုတော့ ဆုံးမဖို့လိုအပ်တယ်လေ။ အဲဒီလိုလူမျိုးကို တပ်မတော်က ထိထိရောက်ရောက် ဆုံးမပေးဖို့ကို ကျနော်တို့က လေးလေးစားစားနဲ့ တိုင်တယ်။ စာရွက်စာတမ်းနဲ့ တိုင်ပြီးပြီ။ မရတဲ့အခါကျရင်တော့ နိုင်ငံတကာ အဖွဲ့အစည်း ရောက်အောင် ဒီ လင်မယားကို ကျနော်တို့ လမ်းပြကြယ်အဖွဲ့က အကူအညီ ပေးပါလိမ့်မယ်”

ပြီးတဲ့လမှာလည်း ပဲခူးတိုင်းက တောင်သူတဦးဟာ အရေကွးရှင်က သူ့ဆီကယူထားတဲ့ အရေကွးတွေအတွက် လယ်ထွက်ပစ္စည်းတွေနဲ့ မြေကို သိမ်းယူတဲ့အတွက် အဆိပ်သောက် သေသွားခဲ့ပါတယ်။ ဧပြီလ ၃ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် စာဖာခြုံအုပ်စု ညောင်ကန်ရွာနေ အသက် ၄၆ နှစ်အရွယ် တောင်သူ ဦးအောင်ကြည်သိန်းဟာ အရင်နှစ် လုပ်ငန်းခွင် ဝင်ချိန်တုန်းက လယ်ယာလုပ်ငန်း မကောင်းတဲ့အတွက် ငွေ ဆယ်သိန်းကို ပြန်မဆပ်နိုင် ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာ အတိုးအရင်း ပေါင်း သိန်း ၂ဝ ကျော် ဖြစ်သွားတဲ့အကြောင်း ဆွေမျိုးနီးစပ်သူ လယ်သမားတဦးက ပြောပြပါတယ်။

လယ်သမားတဦး။ ။“အရေကွး ၁၀ သိန်းယူထားတဲ့အနက်မှာ လယ်ထွက် မတ်ပဲ တင်း ၅၀ ကို အတင်းဝင်ရောက်ပြီး ချင်ယူသွား ပါတယ်။ ကိုအောင်ကြည်သိန်းလည်း မရှိဘူး သူ့အမျိုးသမီးလည်း မရှိဘူးပေါ့လေ။ မျိုးတောင်မချန်ပဲနဲ့ အကုန်ယူသွားပါတယ်။ ကျန်သေးတယ်ဆိုပြီး လယ်တဧကကို အတင်းဝင် တိုင်းသွားပါတယ်။ တဧက ကို ၁၃ သိန်း ပေါက်နေတာကို ၈သိန်း ၉ သိန်းနှုန်းနဲ့ ဖြတ်ယူသွားပါတယ်။ အဲဒါကိုရှက်ပြီးတော့ ကိုအောင်ကြည်သိန်းသည် အဆိပ်သောက် သေဆုံးသွားပါတယ်။ သူ့ယောက်ျား သေဆုံး သွားတော့ ဒေါ်သန်းသန်းနွယ်က ကိုယ်တခြမ်း လေဖြတ်သလို ဖြစ်သွားတာပေါ့။ ကြောက်ကလည်းကြောက် လန့်ကလည်းလန့် ကလေးလေး နှစ်ကောင်နဲ့ သူ့ခမြာ ဟိုမသွားတတ် ဒီမလာတတ်ပေါ့”

နောက်ထပ် ရစရာ တသိန်းကိုလည်း ရယက ဥက္ကဋ္ဌ အိမ်ကနေ အတင်း လက်မှတ်ထိုးခိုင်း နေသေးတယ်လို့ ပြောပါတယ်။ အခုလို ကြပ်တည်းနေချိန်မှာ ဒီလိုရေကွးရှင်တွေရဲ့ မညှာမတာ လုပ်ဆောင်ချက်တွေကြောင့် ဒုက္ခရောက်နေရတဲ့ ပဲခူးတိုင်းက တောင်သူ လယ်သမားတွေရဲ့ အခက်အခဲတွေကို ခုနက လယ်သမားကပဲ ဆက်ပြောပါတယ်။

လယ်သမားတဦး။ ။“ကျနော်တို့ တောင်သူလယ်သမားတွေမှာ မွန်းကြပ်နေတဲ့ ကြားထဲ ကြွေးမြေတွေက မပြေလည်၊ လယ်ထွက်စပါး ပဲသီးနှံတွေ အဆင်ကမပြေ၊ အခုလို ဖြစ်နေတော့ ကျနော်တို့မှာ တော်တော် ဒုက္ခရောက်နေကြပါတယ်။ တချို့ဆို ကျွဲမရှိ နွားမရှိ၊ လူဝမ်းစာ မရှိ၊ ကောက်စိုက်စရိတ်မရှိ၊ လယ်သမားတွေ တော်တော်ကို ငုတ်တုတ်မေ့ကုန်ပါပြီ။ လူတွေတော့ မြင်နေရတယ် စိတ်တွေက မကောင်းကြဘူးပေါ့နော်”

ဒိုက်ဦးမြို့နယ်က လယ်သမားတဦး ပြောသွားတာပါ။ အခုလို လယ်သမားတွ အဆင်မပြေလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ ဖြစ်ရပ်မျိုး ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ဒီနှစ်ထဲမှာတင် လေးဦးလောက် ရှိသွားပြီလို့ သိရပါတယ်။ ဒီဖြစ်ရပ်တွေကတော့ ပဲခူးတိုင်းက အရင်းရှင်နဲ့ အာဏာပိုင်တွေကြောင့် ဒုက္ခရောက်နေတဲ့ စနစ်ဆိုး ဒုက္ခပင်လယ်ထဲက လယ်သမားတွေရဲ့ ဒုက္ခအနည်းငယ်ကို ထုတ်နှုတ် တင်ပြ လိုက်တာ ဖြစ်ပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */