စစ်အစိုးရဝန်ကြီးချုပ် ညွန်ကြားတဲ့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအပေါ် AHRC အမြင်

Thursday, May 14, 2009 ·

အာအက်ဖ်အေ | ပြီးခဲတဲ့ မေလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မြန်မာနိုင်ငံက တရားသူကြီးချုပ် အပါဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက တရားသူကြီးတွေရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ပြီး တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ မှန်မှန်ကန်ကန် တရား စီရင်နိုင်ရေး ဆိုတာတွေ ဖြစ်ဖို့လိုကြောင်း ညွန်ကြားပြောဆိုခဲ့ပါတယ်။


စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းများ ငါးဆအထိ ရုတ်တရက် မြှင့်တင်လိုက်ခြင်းကြောင့် ဆန္ဒပြသူများကို ၂၀၀၇ခုနှစ် သြဂုတ်လ ၂၈ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ စွမ်းအားရှင်အဖွဲ့ စသော စစ်အစိုးရက ဖွဲ့စည်းပေးထားသည့် အသင်းအဖွဲ့များက အတင်းဝင်ရောက် ဖမ်းဆီးပြီး ကားများပေါ်သို့ ဆွဲတင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြီးခဲ့တဲ့နေ့က တရားသူကြီးတွေရဲ့ အစည်းအဝေးကို ဗိုလ်ချုပ်ကြီးသိန်းစိန်အပြင် စစ်အစိုးရဝန်ကြီး တချို့ အပါအဝင် တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင်တို့လည်း တက်ရောက်ခဲ့ပါတယ်။

ဒါ့ပြင် အခုရက်ပိုင်း မြန်မာပြည်တွင်းထုတ် စာစောင်တချို့မှာ ပြစ်မှုဆိုင်ရာကိစ္စမှာ နိုင်ငံအချင်းချင်း အကူအညီ ပေးရေး သဘော တူညီချက် ဥပဒေနဲ့ ပတ်သက်ပြီး ဖော်ပြလာတာတွေ ရှိနေပါတယ်။

ဒီ သဘောတူညီချက်ကို မြန်မာနိုင်ငံမှာ ၂ဝဝ၄ ခုနှစ်က ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ရာဇဝတ်မှု သို့မဟုတ် အခြားဥပဒေတခုကို ချိုးဖောက်သူတွေ ပြည်ပမှာ ခိုလှုံနေသည်ဖြစ်စေ၊ ပြည်ပနိုင်ငံ တခုခုက မြန်မာပြည်တွင်း လာရောက်ခိုလှုံသည်ဖြစ်စေ အပြန်အလှန် ကူညီနိုင်ရေး သဘော တူညီချက် ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေတဲ့ အတိုက်အခံ အင်အားစုတွေကို ချေမှုန်းတဲ့နေရာမှာ အသုံးပြုနိုင်တယ်လို့ ဦးမင်းလွင်ဦးက သုံးသပ်ပြောဆိုခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီး AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကို ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */