အေးလဲ့ | ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ပိုမိုဖိအားပေးရန် ဗြိတိန်နိုင်ငံရောက် ကရင် တိုင်းရင်းသား ၂ဝ က ယနေ့ ဗြိတိသျှ ပါလီမန်သို့ သွားရောက် လေ့လာသည့် ခရီးစဉ်တွင် တိုက်တွန်းလိုက်သည်။
ထို့အပြင် ကရင် တိုင်းရင်းသားတို့၏ ဒေသရှိ မြန်မာ့ တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ချက်ချင်း ရပ်ဆိုင်းရေး အတွက် ပိုမို ဖိအားပေးရန်လည်း တိုက်တွန်းခဲ့သည်ဟု သိရသည်။
အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ဗြိတိသျှ ပါလီမန် ခရီးစဉ်အတွင်း ပါလီမန် အမတ်များကို ထိထိ ရောက်ရောက် စည်းရုံး လှုံ့ဆော်နိုင်မည့် နည်းနာများကို လေ့လာခဲ့ကြသည်ဟု Karen Community Association-UK ဟု ခေါ်သည့် ဗြိတိန်နိုင်ငံ ကရင် ကိုယ်စားပြု အဖွဲ့ မှ အတွင်းရေးမှူး ဖြစ်သူ ဇိုယာဖန်းက ပြောသည်။
“မနက် ၉ နာရီခွဲကနေ ၁၂ နာရီ အထိ လေ့လာခွင့် ရတယ်၊ ပါလီမန် အတွင်းမှာ ဒီနိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို ပါလီမန် အမတ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရတဲ့ အစီအစဉ်တွေ ဖြစ်တယ်” ဟု ဇိုယာဖန်းက ပြောသည်။
ဤခရီးစဉ်ကို ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK ဟု အမည်ရသည့် မြန်မာ့ အရေး ဆောင်ရွက် နေသော အဖွဲ့ အစည်းက စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ခရီးစဉ်အတွင်း ဗြိတိသျှ ပါလီမန် အမတ် Alan Beith နှင့် ဆွေးနွေးခွင့် ရခဲ့သည်ဟု သိရသည်။
အဆိုပါ ကရင် တိုင်းရင်းသားများသည် ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ သွားရောက် လေ့လာမည့် အစီအစဉ် ရှိသည်ဟု ဆိုသည်။
ထိုင်း- မြန်မာ နယ်စပ်မှ ကရင်ဒုက္ခသည် ၃ဝဝ ခန့်သည် ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေသည်ဟု သိရသည်။
source by : ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဗြိတိသျှ ပါလီမန်တွင် လှုံ့ဆော်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment