လက်နက် ရောင်းချမှု ပိတ်ပင်ရန် နိုဗဲလ်ဆုရှင်များ တောင်းဆို

Tuesday, May 19, 2009 ·

ဇာနည်ဝင်း | မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ လက်နက် ရောင်းချမှုများ ရပ်ဆိုင်းရေး၊ မတရား ချုပ်နှောင် ခံနေ ရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်ရန် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ၉ ဦးက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ယမန်နေ့က တိုက်တွန်းလိုက်သည်။


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်း တောင်းဆိုသူများထဲတွင် Peacejam ဖောင်ဒေးရှင်းမှ နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်များလည်း ပါဝင်သည်။
မစ္စတာ ဘန်ကီမွန်းသို့ ပေးပို့သည့် အိတ်ဖွင့် ပေးစာတွင် စစ်အစိုးရက မြန်မာနိုင်ငံ အတွင်း မငြိမ်မသက်မှုများ ဖြစ်ပေါ်စေရန် ဖန်တီးလျက် ရှိသည်ဟုလည်း ဖော်ပြထားသည်။ မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မကြာခဏ တောင်းဆို သော်လည်း စစ်အစိုးရက မကြားချင် ယောင်ဆောင် နေသည်ဟု နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်များက ဝေဖန် လိုက်သည်။

၎င်းတို့ ဖော်ပြသည့် စိုးရိမ်ချက်များကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေး ရန်လည်း တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံသို့ လက်နက် တင်ပို့ရောင်းချ နေသော နိုင်ငံများမှာ တရုတ်၊ ဆားဗီးယား၊ ရုရှား၊ ယူကရိန်း၊ အိန္ဒိယ စသည့် နိုင်ငံများ ဖြစ်သည်။

မြန်မာနိုင်ငံ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေသည့် နိုင်ငံများကို လက်နက် ရောင်းချခြင်း မပြုရန် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) ကလည်း လွန်ခဲ့သည့် ၂ နှစ်က တောင်းဆိုထားသည်။

မြန်မာပြည်သို့ လက်နက် အမြောက်အများ ရောင်းချနေကြခြင်းကြောင့် မြန်မာပြည်သူတို့ ဖိနှိပ် ခံနေရခြင်း ဖြစ်သည်ဟု AI အဖွဲ့က ဆိုသည်။ အခြား လူ့အခွင့်အရေးလှုပ်ရှားသူများကလည်း အလားတူ တောင်းဆို ထားသည်။

လက်နက် ရောင်းချမှု ရပ်ဆိုင်းရေး လှုံ့ဆော် ကြိုးပမ်းချက်များမှာ လောလောဆယ် အချိန်တွင် အလုပ် မဖြစ်သေးကြောင်း စစ်ဘက် အရပ်ဘက် သုတေတီ ကိုဝင်းမင်းက သုံးသပ်သည်။

“ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တခုလုံးက ဆုံးဖြတ်ချက် ချမယ် ဆိုရင်တောင် တရုတ်နဲ့ ရုရှား နိုင်ငံတို့က ဗီတိုအာဏာ ရှိနေတော့ လုပ်ရတော့ ခက်တာပေါ့။ ဒါပေမဲ့ အနည်းဆုံးတော့ တရုတ်နဲ့ ရုရှားနိုင်ငံတို့အပေါ် ဖိအားတခုတော့ ဖြစ်တာပေါ့” ဟု ကိုဝင်းမင်းက ဧရာဝတီကို ပြောသည်။

မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဥရောပ သမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု တို့က ၁၉၈၈ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံသို့ လက်နက် တင်ပို့ ရောင်းချခြင်းများကို ရပ်ဆိုင်းထားသည်။

မြန်မာပြည်သို့ လက်နက်ရောင်းချမှု ပိတ်ပင်ရေး လှုံ့ဆော်လိုက်သော နိုင်ငံတကာမှ နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်များသည် Peacejam အမည်ရှိ ဖောင်ဒေးရှင်းကို ဖွဲ့စည်းပြီး လှုပ်ရှားနေခြင်း ဖြစ်သည်။ ၁၉၉၆ တွင် ဖွဲ့စည်းထားသည့် အဆိုပါ အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ၁၂ ဦးဖြင့် စုစည်းထားခြင်း ဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */