မဲဆောက်ကို သွားခဲ့သည့် ယက်ထော

Tuesday, May 19, 2009 ·

သန်းထိုက်ဦး | ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထောသည် ထိုင်း - မြန်မာနယ်စပ် မဲဆောက် မြို့၌ရှိသော ဟိုတယ် တခုတွင် တလခန့် နေသွားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက ဂျွန် ၀ီလျံ ယက်ထော Maesot Highland Hotel ၌ နေထိုင် သွားခဲ့သည်ဟု ဟိုတယ် ပိုင်ရှင်က အတည်ပြုပြောသည်။

ဟိုတယ်ပိုင်ရှင် Chaijalane က “သူနေတဲ့ အချိန်တွေမှာ ကျောင်းတွေကို လျှောက်လည်တယ်၊ ကလေးတွေကို ဓာတ်ပုံရိုက်တယ်၊ ဟိုတယ်ကို ပြန်ရောက်တဲ့အခါ မှတ်တမ်းစာအုပ်မှာ စာရေးတယ်၊ သူ့မှာ ပိုက်ဆံရှိပုံ မရဘူး၊ ထိုင်းအမျိုးသမီး တစ်ဦးနဲ့တော့ နေထိုင်ခဲ့တယ်”ဟု ဆိုသည်။

ထို့အပြင် ဂျွန် ၀ီလျံ ယက်ထောသည် Highland Hotel ဟိုတယ်မှ တဆင့် မြန်မာ နိုင်ငံသို့ ၂ ပတ်ခန့် သွားရောက် ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ပြန်လာပြီး ယင်းဟိုတယ်၌ပင် တည်းခိုခဲ့ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးညိုအုန်းမြင့်က ဂျွန် ၀ီလျံ ယက်ထောသည် မြန်မာနိုင်ငံမှ ပြန်လာပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် ခဲ့သည်ကို Highland Hotel ဟိုတယ် အလုပ်သမားများအား ပြောပြခဲ့ရာ အလုပ်သမားများက ၎င်းအား ပြန်လည် ပြောပြ ခဲ့သည်ဟု ပြောသည်။

“သူဒီဇင်ဘာ ၀န်းကျင်လောက်မှာ မြန်မာပြည်ကို သွားတယ်။ ဒီမှာ တလ ကျော်ကျော်လောက် နေပြီးတော့ သူပြန်လာတယ်။ သူဒေါ်အောင်ဆန်း စုကြည်အိမ်ကို သွားတယ် ပြောပေမယ့် အဲဒီ ဟိုတယ်မှာရှိတဲ့ အလုပ်သမား တွေကတော့ သူ့အပေါ်မှာ အလေးမထားဘူး။ အဲဒီအလုပ်သမား တွေကလည်း နိုင်ငံရေးအထဲက မဟုတ်ဘူး၊ အဲဒီ ဟိုတယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေက သူဒေါ်အောင်ဆန်း စုကြည်အိမ်ကို သွားတဲ့ အကြောင်းပြောပြခဲ့တယ်” ဟု ဆိုသည်။

ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ဂျွန် ၀ီလျံ ယက်ထော သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ကလည်း ခြံအနောက်ဘက် အင်းလျားကန် အတွင်းမှ ရေကူးပြီး သွားရောက်ကာ ခြံဝ၌ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့နှင့်တွေ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုရန် Book of Mormon အမည်ရှိ စာအုပ်ကို ခြံဝင်းအတွင်း ချထား ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ဂျွန် ၀ီလျံ ယက်ထောသည် အမေရိကန်နိုင်ငံ မစ်ဇိုရီ အခြေစိုက် Mormon ဘာသာရေးဂိုဏ်း အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ယင်းဘာသာရေးဂိုဏ်းဝင် လူဦးရေ စုစုပေါင်း ၆ သန်းခန့် အမေရိကန်တွင်ရှိနေပြီး ၎င်းတို့ကိုယ်ကိုယ် ခရစ်ယာန် ဘာသာဝင်များဟု ယုံကြည်ထားကြသည်။ ၎င်းဘာသာရေးဂိုဏ်း ဘုရားကျောင်း ဗဟိုစိုက်သည့် နေရာသည် အမေရိကန် ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့ဖြစ်သည်။

ဂျွန် ၀ီလျံ ယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ပထမ သွားရောက်ခဲ့စဉ်က လုံခြုံ ရေး တပ်ဖွဲ့ ဝင်များကို လာဘ် ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက အာဏာပိုင် များထံ တိုင်ကြားခဲ့ ဖူးကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာ အာဏာပိုင်များက မည်သို့မျှ အရေး မယူခဲ့ကြောင်း သိရှိရသည်။

ဂျွန် ၀ီလျံ ယက်ထော (Mr. John William Yettaw) သည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေ အိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက်နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ ကြောင်းနှင့် တရားစွဲဆို၍ အမှုစစ်ဆေး နေကြောင်းလည်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

၎င်း ဂျွန်ဝီလျံ ယက်ထောသည် ပန်းနာရင်ကြပ်နှင့် ဆီးချိုရောဂါ ရှိနေပြီး လက်ရှိတွင် ကျန်းမာရေး မကောင်းသူ တစ်ဦး ဖြစ်သည့်အတွက် စိုးရိမ်ကြောင်း၊ ၎င်းသည် နိုင်ငံရေး စိတ်ဝင်စားသူ တစ်ဦး မဟုတ်သည်ကို သိရှိထားကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် ကိုလည်း အနှောင့်အယှက်ပြု ဒုက္ခဖြစ်စေလိုသူ မဟုတ်ကြောင်း ဂျွန်ဝီလျံယက် ထော၏ ဇနီးဘက်မှ ပါလာသော သားတစ်ဦး ဖြစ်သူ Paul Nedrow က AP သတင်းဌာနသို့ အီးမေးလ်ဖြင့် ပေးပို့ အကြောင်းကြားထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */