ပရိုလိဂ် ဖွင့်ပွဲအတွက် ရဲအင်အား တသောင်းသုံး

Monday, May 18, 2009 ·

မျိုးသိဏ်း | ရန်ကုန် (မဇ္ဈိမ)။ ။ ဘောလုံး အားကစားကို ပရော်ဖက်ရှင်နယ်ပုံစံ ပြောင်းလဲပြီးနောက် စတင် ယှဉ်ပြိုင်သည့် National League Cup 2009 ဖွင့်ပွဲ အခမ်းအနားတွင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် တသောင်း အပြင် စစ်သားနှင့် စွမ်းအားရှင် အများအပြားကို အသုံးပြုခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားကို မေလ ၁၆ ရက်နေ့က ပြုလုပ်ရာ ရန်ကုန် ယူနိုက်တက် အက်ဖ်စီနှင့် ဇေယျာရွှေမြေ ယူနိုက်တက်တို့ ယှဉ်ပြိုင်ခဲ့ကြရာ ရန်ကုန် သုဝဏ္ဏ ကွင်းလုံးပြည့် ပရိသတ်များ လာရောက်အားပေး ကြည့်ရှု ခဲ့ကြသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် အခြားစစ်ဘက်ဆိုင်ရာ အရာရှိများ အများအပြား တက်ရောက်ခဲ့ကြသည်။

ကွင်းတွင်း ကွင်းပြင် လုံခြုံရေးကို များပြား ထူထပ်စွာချထားပြီး သုဝဏ္ဏကွင်းရှေ့ ဝေဇယန္တာ လမ်းမကြီးကို နေ့လည် ၁၂ နာရီခန့်မှ စ၍ ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားလိုက်သည်ကို တွေ့ရသည်။

သုဝဏ္ဏ အားကစား ပြိုင်ကွင်းအတွင်း ထူးခြားစွာဖြင့် ရေသန့်ဗူးများ ရောင်းချခွင့် ပေးထားသည်ကို တွေ့ရ သော်လည်း ပွဲချိန်အတွင်း ကွင်းအတွင်းသို့ ရေသန့်ဗူးနှင့် အခြားပုလင်းများဖြင့် ပစ်ပေါက်ခြင်းမျိုး အနည်းငယ်သာ ရှိကြောင်း တွေ့ရသည်။

ဖွင့်ပွဲအဖြစ် ယှဉ်ပြိုင် ကစားကြရာတွင် ရန်ကုန် ယူနိုက်တက်အသင်းက ဒုတိယပိုင်း သွင်းဂိုးများဖြင့် ဇေယျာ ရွှေမြေ အသင်းကို ၄ ဂိုး ဂိုးမရှိ အနိုင်ရခဲ့သည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */