တပ်တွင်း ကြီးနိုင်ငယ်ညှဉ်းမှု၊ အရာရှိငယ်ကို ချုပ်နှောင်နှိပ်စက်နေ

Wednesday, May 13, 2009 ·

အာအက်ဖ်အေ | မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ခမရ (၄၁၉) မှာ တာဝန်ထမ်းဆောင်နေသူ အရာခံဗိုလ်တဦးကို ပြစ်မှုအတွက် တပ်ဥပဒေအရ အရေးမယူပဲ ညှဉ်းပန်း နှိပ်စက်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။


တော်လှန်ရေးနေ့ အခမ်းအနားတခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)
ခမရ ၄၁၉ တပ်ရင်းက ဗိုလ်စိုးမိုးဦးဟာ တပ်ရင်းကနေ မန္တလေး ချမ်းအေးသာစံရှိ သူ့မိသားစုအိမ်ကို ဧပြီလဆန်းပိုင်းက ခွင့်၁၄ရက်ယူပြီးတော့ အိမ်ပြန်သွားတာပါ၊ ဧပြီလ ၁၈ ရက်နေ့မှာ သူ့ရဲ့တပ်ရင်းကို ပြန်ရောက်လာတော့ ခွင့်ပြုရက်ထက် ၄ ရက် ကျော်လွန်သွားပါတယ်၊ နောက်တရက် ဧပြီလ ၁၉ ရက်နေ့မှာ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး စိုးနိုင်က သူ့ကို ဖမ်းဆီးထားလိုက်တာပါ။ ဖမ်းဆီးချုပ်နှောင်ထားချိန်မှာ ရိုက်နှက် နှိပ်စက်တာတွေကြောင့် ဗိုလ်စိုးမိုးဦးရဲ့ လက်ခလယ် ကျိုးသွားတယ်လို့ သိရပါတယ်။

အဲဒီလို ခွင့်ပြုရက်ထက် ကျော်သွားတာကို ဥပဒေအတိုင်း အရေးယူရမှာ ဖြစ်ပေမဲ့ အခုအချိန်အထိ ရိုက်နှက်ပြီးတော့ ဖမ်းဆီး ချုပ်နှောင်ထားတာကတော့ တရားနည်းလမ်း မကျဘူးလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်၊ အခုအခါ ဗိုလ်စိုးမိုးဦးကို မိသားစုအပါအဝင် တခြားဘယ်သူနဲ့မှ တွေ့ခွင့်မပေးဖို့ တပ်ရင်းမှူးက အမိန့်ထုတ်ထားတယ်လို့ မိသားစုဝင် တယောက်က ပြောပါတယ်။

မိသားစုဝင်။ ။ “သူ့အခြေအနေက လုံးဝ မိသားစုနဲ့ တွေ့ခွင့်မရဘူး ၊ တွေ့ခွင့်လည်း မရဘူး၊ လာတွေ့ရင်တောင်မှ လာတွေ့တဲ့သူကို ဖမ်းချုပ်ပစ်မယ်တို့ ဘာတို့ အဲဒါမျိုး ခြိမ်းခြောက်ပြီးတော့ လုပ်ထားတာ။ တပ်မှူးကိုယ်တိုင်ကိုက ဒီကလေးအပေါ်မှာ မတရား နှိပ်စက်ထားတာ၊ ခွင်မဲ့ ၁၄ ရက် ပျက်တာကို ထုချေလွှာတင်၊ ထုချေလွှာအပေါ်မှာ ဆုံးဖြတ်တာပဲဗျာ ၊ ဆုံးဖြတ်တာက နားလည်မှုနဲ့ ပြီးရင်ပြီးနိုင်တယ်၊ သို့မဟုတ် အချုပ်မှာ တပ်ထောင်မှာ အကျဉ်းချပြီးတော့ အရေးယူမယ်ဆိုရင်လည်း အရေးယူလို့ရတယ်၊ ဒီလိုမဟုတ်ပဲ အခုလို လုပ်တာကတော့ လူ့အခွင့်အရေး ချိုးဖောက်တာပဲလို့ ယူဆရတာပဲ”

ဗိုလ်စိုးမိုးဦးလို အရင်က ခွင့်ရက်ကျော် ပြန်သွားတဲ့ အရာရှိငယ်တွေကို တပ်ထဲ ပြန်ရောက်တဲ့အခါ တပ်တွင်းအချုပ်မှာ လေးငါး ရက်ချုပ်ထားပြီးတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အနှိပ်စက်ခံရလို့ လက်ခလယ် ကျိုးသွားတဲ့အကြောင်းကို တပ်ထဲက သူလိုပဲ အနှိပ်အစက်ခံရဘူးတဲ့ အရာရှိရဲဘော်တွေကနေတဆင့် မိသားစုက သိခွင့်ရခဲ့တာပါ၊ ဗိုလ်စိုးမိုးဦးကို တပ်ရင်းမှူးက ရန်ငြိုးနဲ့ အရေးယူတာ ဖြစ်မယ်လို့ မိသားစုဝင်က ယူဆနေပါတယ်၊

မိသားစုဝင်။ ။ “ဘာ့ကြောင့် အရေးယူတာလည်းဆိုရင် တလကို တပ်က တပ်မှူးကို သူ့ကို အနည်းဆုံး ၃ သိန်းလောက် ရှာခိုင်းတယ်၊ သူက အဲဒါကို ကောင်းကောင်းမွန်မွန် ရှာမပေးဘူး၊ ရှာမပေးတော့ အဲဒီအပေါ်မှာ အငြိုးအတေးထားတယ်လို့ ယူဆရတယ်ပေါ့ဗျာ။ ဒါကြောင့် သူ့ကို သိပ်ပြီးတော့ မကြည်တဲ့အတွက် ဖြစ်လာတဲ့အပေါ်မှာ ပုံကြီးချဲ့ပြီးတော့ လုပ်တယ်လို့ ကျွန်တော်တို့ကတော့ ယူဆတယ်ပေါ့”

ခမရ ၄၁၉ တပ်ရင်းမှူးက ဗိုလ်အဆင့်ရှိတဲ့ အရာရှိငယ်တွေကို တလ ၃ သိန်းရအောင်ငွေရှာခိုင်းရာမှာ တချို့အရာရှိငယ်တွေက တရုတ်မြန်မာနယ်စပ်ကနေ မြန်မာပြည်အတွင်း ဆိုင်ကယ် ကယ်ရီသယ်ပြီးတော့ ရှာကြတာတွေရှိသလို၊ ကားသမားတွေထံကနေ ငွေကောက်ခံတဲ့နည်းတွေနဲ့ ငွေရှာပေးကြပေမဲ့ ဗိုလ်စိုးမိုးဦးကတော့ အဲလိုမျိုး မရှာနိုင်ဘူးလို့ မိသားစုဝင်တယောက်က ပြောပါ တယ်။

အခုလို အရာရှိငယ်တယောက်က ခွင့်ရက်ကျော်သွားတာကို မှန်မှန်ကန်ကန် အရေးမယူပဲ လိုတာထက်ပိုပြီးတော့ အရေးယူ ထားပေမဲ့ တပ်တွင်းမှာ ဖွင့်ထားတဲ့ လောင်းကစားဝိုင်းတွေကိုတော့ လောင်းကစားဥပဒေအရ အရေးမယူတဲ့အပြင် သူတို့ ကိုယ်တိုင်ပါဝင် ပတ်သက်နေတာလို့ စောစောက သူက ဆက်ပြောပါတယ်။

မိသားစုဝင်။ ။ “တပ်ပိုင် ဧရိယာထဲမှာ သစ်ပင်တွေ တော်တော်များ ပေါက်နေတယ်။ တောပုံစံမျိုး ဧရိယာထဲမှာ သူက အဲဒီထဲမျာ ဂျင်ဝိုင်းထောင်တယ်။ ဂျင်ဝိုင်းထောင်တာကလည်း သာစည်မြို့နယ်တဝန်းကတော့ အကုန်လုံး သိပါတယ်၊ အဲဒီအပေါ်မှာလည်း သတင်းပေးပြီးတော့ တိုင်တယ်။ တိုင်တဲ့အခါလည်း အရေးမယူဘူး၊ အခုလက်ရှိအနေအထားအထိ လက်ရှိ ဂျင်ဝိုင်းဆိုတာကလည်း ပုံမှန် ကြိုးကြား၊ ကြိုးကြားကတော့ ဖြစ်နေတာပဲ ဒီမသမာနည်းနဲ့ ငွေရှာတဲ့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ အသိုင်းအဝိုင်းတွေက အဓိက လာကစားတာပေါ့ ။ အဲဒီမှာ တပ်ထဲက ရဲဘော်တယောက်ကို တာဝန်ခံထား အခွန်ကောက်ပြီးတော့ အရာရှိတွေက ခွင့်ပြုပြီးတော့ လုပ်စားနေတာပဲ”

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ RFAက ခမရ ၄၁၉ ကို ဆက်သွယ်ပေမဲ့ အဆက်အသွယ်မရပါဘူး။ လက်ရှိ မြန်မာ့တပ်မတော်ဟာ ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်နေတဲ့ တပ်မတော်ဖြစ်နေတယ်လို့ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်၊

ဦးအောင်ကျော်ဇော။ ။ “တပ်တွင်းစည်းလုံးညီညွတ်မှုဟာ အတော်ဆိုးတဲ့ အခြေအနေ ဖြစ်ပြီးတော့ လူတိုင်းက သူရဲမရဲ စီးပြီးတော့ ရအောင် ကိုယ့်ဟာကို ရှာနေကြတာ။ နီးစပ်ရာ ကိုယ့်ဟာကို လောင်းကစားဝိုင်းတွေ ထောင်တယ်၊ အထူးသဖြင့် အောက်ခြေရဲဘော်တွေရဲ့ မိန်းမတွေက ပြည့်တန်ဆာအလုပ်တွေ လုပ်တဲ့သူက လုပ်ရ၊ ဈေးထွက်ရောင်းသူက ရောင်းရနဲ့ ဖြစ်နေတဲ့အချိန်မှာ တပ်ရင်းမှူးတို့ ဒုရင်းမှူးတို့ အဲလို အရာရှိကြီးတွေက လုပ်နေကြတာ။ နောက် ကျောထောက်နောက်ခံ မရှိတဲ့ အရာရှိငယ်တွေ ပါဆိုရင် တော်တော်ကို အပြစ်မရှိအပြစ်ရှာ၊ အမျိုးစုံပေါ့ဗျာ။ တပည့်ခံရင်ခံ မခံရင်တော့ ပြဿနာပဲ ၊ တခါဘူးမျှ မရှိတဲ့ ဗမာ့စစ်တပ်က အင်အားအများဆုံးနဲ့ လက်နက်ကိုင်တပ် အမြင့်ဆုံးဖြစ်ပေမဲ့ တပ်တွင်း စည်းလုံးညီညွတ်မှု အမဲ့ဆုံးနဲ့ မျိုးချစ်စိတ် အကင်းဆုံးနဲ့ တိုက်ရည်ခိုက်ရည် အညံ့ဆုံးစစ်တပ် ဖြစ်နေပြီခင်ဗျ။”

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */