NEJ | အင်းစိန်ထောင် အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏အမှုကို (၉) ရက်မြောက် ဆက်လက် ကြားနာ စစ်ဆေးသည့် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူတဦးက တကိုယ်တော် ဆန္ဒပြ ခဲ့သဖြင့် ဖမ်းဆီးခံ လိုက်ရသည်။
ယနေ့တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုခွင့်ရသော တဦးတည်းသော သက်သေ ဦးကြည်ဝင်း (လပွတ္တာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) သည် နှစ်နာရီခန့် ထွက်ဆိုချက် ပေးခဲ့ ရပြီးနောက် တနင်္လာနေ့သို့ ရုံးချိန်းလိုက်ကြောင်း ပါတီပြောခွင့်ရသူ ဦးအုံးကြိုင်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိပါတဲ့ အမှုတွဲကို တနင်္လာနေ့မှာ အပြီးသတ် လျှောက်လဲချက် ပေးဖို့ ချိန်းဆို ပါတယ်။ ဒီနေ့ ညနေပိုင်းတရားခွင်မှာတော့ မစ္စတာယက်တောအမှုကို ဆက်စစ်မယ် လို့တော့ ကြားတယ်။ ဒီဘက်က ရှေ့နေတွေ ကတော့ သူတို့နဲ့မဆိုင်လို့ ပြန်လာကြတယ်” ဟု ၎င်းက ပြောသည်။
အင်းစိန်ထောင်အတွင်းတရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်အမှု ဆက်လက် စစ်ဆေးနေသည့် ယနေ့တွင်ပင် အင်းစိန်ဈေးရှေ့၌ တကိုယ်တော်ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အဆိုပါဆန္ဒပြသူကို လုံခြုံရေးများက ဖမ်းဆီးသွားကြောင်း ဈေးရှေ့မှ မျက်မြင်တဦးက ပြောသည်။
ယနေ့ နေ့လယ် (၁) နာရီ ခွဲခန့်တွင် အဆိုပါဆန္ဒပြသူက အသင့်လိပ်ယူဆောင်လာသော ပိုစတာကို အင်းစိန်ဈေး အေရုံရှေ့၌ ဖွင့်ကိုင် လမ်းလျှောက်လာစဉ် အရပ်ဝတ်လုံခြုံရေးများက ထိုးကြိတ်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
လုံခြုံရေး (၁၅) ဦးခန့်က ၀ိုင်းထိုးကြိတ် ဖမ်းဆီးခေါ်ဆောင်သွားစဉ်တွင် အဆိုပါ ဆန္ဒပြသူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ပါစေဟု သုံးကြိမ် အော်သွားခဲ့သည် ဟုလည်း မျက်မြင်ဖြစ်သူက ပြောသည်။
၎င်းက “အဖြစ်အပျက်က မြန်ဆန်လွန်းလို့ ဆိုင်းဘုတ်ပါ SAVING......ဆိုတဲ့စာတန်းကိုပဲ မြင်လိုက်ရပြီး လုံခြုံရေးတွေက အဲဒီ ဆန္ဒပြတဲ့သူကို အင်းစိန်ဈေး အေရုံ အပေါ်ထပ်ကို ပွေ့ချီ ခေါ်ဆောင်သွားတယ်” ဟု ပြောသည်။
ထိုသို့ ရုတ်ရုတ်သဲသဲ ဖြစ်မှုကြောင့် အင်းစိန်ဈေး မြေညီထပ်ဆိုင်ခန်းများ ပိတ်လိုက်ကြပြီး စောင့်ကြည့် အကဲခတ်နေသော ပရိသတ်များ ပိုမိုများပြားလာပြီး အင်းစိန်အကျဉ်းဦးစီးဌာနရှေ့ သံဆူးကြိုးဝင်းအတွင်းတွင် လုံခြုံရေး (၁၀၀) ခန့်က လေးဘက်လေးတန် အသင့် နေရာယူ လိုက်ကြသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ဆေးရာ အင်းစိန်ထောင်ရှေ့သို့ အမှုစစ်ဆေးသည့်နေ့မှစ၍ ဆန္ဒထုတ်ဖော် လာရောက်စုဝေးနေကြသည့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများတွင် ပါဝင်သူ အန်အယ်လ်ဒီ လူငယ်များသည် နေ့လယ် (၂) နာရီတွင် လူစုခွဲသွား ခဲ့ကြသည်ဟု သိရသည်။
ယနေ့ ဆန္ဒပြသူသည် ဦးဇော်ညွန့် ဆိုသူဖြစ်ပြီး ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြခဲ့သူ ကိုထင်ကျော်တို့ အဖွဲ့နှင့် ပတ်သက်သူ တဦး ဖြစ်ကြောင်း ပြည်တွင်းမှ နိုင်ငံရေး သမားတဦးက ပြောသည်။
source by : ခေတ်ပြိုင်
ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ်လျှောက်လဲရန် ရက်သတ်မှတ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment