ဒေါ်အောင်ဆန်းစုကြည်အမှုကို ဒုတိယနေ့ ဆက်လက်ကြားနာ

Tuesday, May 19, 2009 ·

ကိုစိုး | ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ယနေ့တွင် ဆက်လက် စစ်ဆေးကြားနာကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။


အများပြည်သူ ကြားနာခွင့်မရှိသော အင်းစိန်ထောင်တွင်း တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရသည်ကို စိတ်ကူးဖြင့် သရုပ်ဖော်ထားပုံ (ပန်းချီ - ဟန်လေး)
အင်းစိန်ထောင်တွင်း တရားရုံး၌ အမှုကြားနာ သည့် ဒုတိယနေ့ဖြစ်သော ယနေ့တွင် တရားလိုပြ သက်သေ မှုခင်း တပ်ဖွဲ့မှ ဒု ရဲမှူးကြီး မောင်မောင်ခင် အပါအ၀င် အစိုးရ သက်သေ ၅ ဦးကို ကြားနာ စစ်ဆေး၍ မနက်ဖြန် သို့ ရုံးချိန်း ပြန်ချိန်းလိုက်သည်ဟု ဦးကြည်ဝင်း က ဧရာဝတီသို့ ပြောဆိုသည်။

“တရားလို သက်သေတွေ ဒီနေ့ ထွက်ဆို သွားတာ ကတော့၊ ဂျွန် ဝီလျံ ယက်ထောကို ဘယ်လို ဖမ်းဆီး မိတယ် ဆိုတာကို သက်သေပြ ထွက်ဆိုသွားကြတာပါ”ဟု ၎င်းက ပြောသည်။

ယနေ့တွင် မှုခင်းတပ်ဖွဲ့ ဒု ရဲမှူးကြီး မောင်မောင်ခင် ၊ ရဲတပ်ရင်းအမှတ်(၇) မှ ရဲအုပ်သန်းနိုင်နှင့် ဒု တပ်ကြပ် မျိုးလွင်၊ မရမ်းကုန်း မြို့နယ် အမှတ် (၄) ရပ်ကွက် ရယက ဥက္ကဌ ဦးသာစိန် နှင့် ဒု ရဲမှူး မောင်မောင်မြင့် တို့ကို စစ်ဆေး ကြောင်း သိရသည်။

ယမန်နေ့တွင် တရားလို သက်သေ တဦးဖြစ်သူ ဒု ရဲမှူးကြီး ဇော်မင်းအောင်က ၂၀၀၃ ခုနှစ် ကန့်သတ်မိန့် အရ ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိကြောင်း ထွက်ဆိုခဲ့သည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့မှ ဒု ရဲမှူးကြီး ဇော်မင်းအောင် က တရားလိုပြုလုပ်၍ ကန့်သတ်မိန့်နှင့် တားဆီးမိန့်အား လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်သူ ဒေါ်အောင် ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့် ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ အရ လည်း ကောင်း၊ ထိုသို့ ဖောက်ဖျက် ကျူးလွန်သူကို အားပေးကူညီကြသည့် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ နှင့် တို့ ၃ ဦးအား ယင်း ဥပဒေ ပုဒ်မ ၂၂ / ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၉ အရ လည်းကောင်း စွဲဆိုထား သည်ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့် ရှောက်သည့် ဥပဒေ ပုဒ်မ ၇ အရ ၎င်း၏ မူလအခွင့်အရေးများကို ကန့်သတ်မိန့် ထုတ်ပြန်၍ ပုဒ်မ ၁၀(က) အရ ဖမ်းဆီးချုပ်နှောင်မိန့်၊ ပုဒ်မ ၁၀(ခ)/၁၁ တို့အရ တားဆီးမိန့်နှင့် ပုဒ်မ ၁၃/၁၄ တို့အရ ဆက်လက်၍တားဆီး မိန့် များ ထုတ်ပြန်ပြီး ကန့်သတ် တားဆီးထားခဲ့သည်ဟုလည်း သတင်းစာတွင်ပါရှိသည်။

ထို့အပြင် သတင်းစာ၌ ဂျွန် ၀ီလျံ ယက်ထော သည် မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ပြည်ဝင် ဗီဇာ ဖြစ်သော ကမ္ဘာလှည့် ဗီဇာဖြင့် လာရောက် ခဲ့သော်လည်း ဥပဒေအရ ကန့်သတ် တားမြစ်ထားသော စည်းကမ်းသတ်မှတ် ချက်ကို ဖောက် ဖျက်ခဲ့သည့်အတွက် ၎င်းအား လူဝင်မှု ကြီးကြပ် ရေး (အရေးပေါ်ပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ အမှုဖွင့်အရေးယူပေးပါရန် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ (ပ) ၃၀၁/၂၀၀၉ နှင့် (ပ) ၃၀၂/၂၀၀၉ တို့အရ တိုင်ကြားခဲ့သည်ဟု ရေးသားထားသည်။

မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထူးကလည်း ရေပေးရေးနှင့် သန့်ရှင်းမှု လုပ်ငန်းဆိုင်ရာ နည်းဥပဒေများ (၄၀) အရ ခွင့်ပြုချက်မရှိဘဲ အင်းလျားကန်တွင် ရေကူးခဲ့သူ ဂျွန် ၀ီလျံ ယက်ထော အား စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၂၈ အရ အရေးယူပေးရန် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး သို့ တိုင်ကြားကြောင်းလည်း သတင်းစာတွင် ပါရှိသည်။

၎င်း ဂျွန် ၀ီလျံ ယက်ထော သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ခြံအနောက်ဘက် အင်းလျားကန် အတွင်းမှ ရေကူးပြီးသွားရောက်ကာ ခြံဝ၌ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့နှင့်တွေ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှု ရန် Book of Mormon အမည်ရှိစာအုပ်ကို ခြံဝင်းအတွင်း ချထားပေးခဲ့ကြောင်း သတင်းစာက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဂျွန် ၀ီလျံ ယက်ထော ပထမ အကြိမ် သွားရောက်ခဲ့စဉ်က လုံခြုံ ရေး တပ်ဖွဲ့ ဝင်များကို လာဘ် ငွေပေးပြီး ဝင်ရောက်ရန်ကြိုးစားခဲ့သဖြင့် မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက အာဏာ ပိုင်များထံ တိုင်ကြား ခဲ့ဖူးကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာအာဏာပိုင်များက မည်သို့မျှ အရေးမယူခဲ့ ကြောင်း သိရှိရသည်။

၎င်း၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး ယမန်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယခု အမှုစစ်ဆေးခြင်းအား အများပြည်သူ ကြားနာခွင့်ပြုသည့် တရားခွင်ဖြစ်စေရန် ၎င်းတို့၏ တင်ပြ တောင်းဆို ချက်ကို သက်ဆိုင်ရာ အာဏာပိုင်များက ယမန်နေ့တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ပယ်ချခဲ့သည်ဟု ဦးကြည်ဝင်းက ပြောဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */