ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန်ရုံးချိန်း

Tuesday, May 19, 2009 ·

မင်းနိုင်သူ | ဒေါ်အောင်ဆန်းစုကြည်အမှုကို မနက်ဖြန်သို့ ထပ်မံရုံးချိန်း လိုက်ပြန်ပြီး ယနေ့တရားလိုပြသက်သေ (၅) ဦးကို စစ်မေးခဲ့ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

“ဒီနေ့တော့ ဦးဉာဏ်ဝင်းက စစ်မေးမှုတွေ လုပ်တယ်ဗျ။ အင်းစိန်စီအိုင်ဒီက ဒုရဲမှူးကြီး မောင်မောင်သန်းကိုလည်း မေးခွန်းတွေမေးတယ်။ သူက မစ္စတာယက်တောရဲ့ကင်မရာသိမ်းတာတို့ ဘာတို့ လုပ်ခဲ့ရတဲ့လူပေါ့ဗျာ။ မစ္စတာ ရက်တောရေကူးနေတုန်း တွေ့ရှိဖမ်းဆီးတယ်ဆိုတဲ့ ရဲတပ်ရင်း (၇) က ရဲသားနှစ်ယောက်ကိုလည်း စစ်မေးတယ်။ ကျနော်တို့က သူတို့လုံခြုံရေးယူထားတဲ့ ဧရိယာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပါသလား။ အင်းလျားကန် ဧရိယာတင်လားဆိုတာ မေးတော့ သူတို့က သူတို့နယ်နိမိတ်ဟာ ဘယ်အထိအောင်ဆိုတာကို တိတိကျကျ မပြောနိုင်ဘူးလို့ ပြောတယ်ဗျ။ ယက်တောကို ဖမ်းတဲ့နေရာ ဒီနားတ၀ိုက်ပဲလို့ပဲပြောတယ်။ နောက်တယောက် ကတော့ ရ၀တလူကြီးတယောက်ပါတယ်။ ကျန်တာတွေ ကတော့ အနည်းအကျဉ်းပဲ မေးဖြစ်တယ်။ အကြာဆုံး မေးခဲ့တာက စီအိုင်ဒီက ရဲမှူးကြီးကိုပဲ မေးတယ်” ဟု ဦးကြည်ဝင်းက ပြောသည်။

တရားလိုပြ သက်သေများကို တဦးအား စစ်မေးနေစဉ် အခြား သက်သေများ ကြားနာ ခွင့်မပြုရသည့် ထုံးစံရှိ သော်လည်း ယနေ့စစ်မေးနေစဉ် အခြားသက်သေများက ကြားနိုင်သည့်နေရာတွင် ရှိနေကြောင်း သိရသည်။

“တခြားရုံးတွေမှာတော့ မသက်ဆိုင်တဲ့သက်သေတွေ တခြားနေရာသွားနေပါဆိုပြီး ရုံးလုလင်က မောင်းထုတ် ပေးရတယ်ဗျ။ အခုတော့ ရုံးလုလင်လည်း ပါမလာဘူး။ ရဲတွေရော၊ ဘာတွေရော ရှုပ်ယှက်ခတ်နေတာပဲ။ သိပ်ကြီးလည်း နီးကပ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကြားတော့ကြားနိုင်တယ်” ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အစိုးရက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၂၂) ဖြင့် တရားစွဲဆိုထားပြီး တရားလိုပြသက်သေအဖြစ် (၂၂) ဦး ထည့်သွင်းထားသည်။

ယင်းအမှုကို အင်းစိန်ထောင်အထူးတရားရုံးတွင် ယမန်နေ့က စတင်စစ်ဆေးနေခြင်းဖြစ်ကာ တရားလိုအဖြစ် အထူးသတင်းတပ်ဖွဲ့ ဒုရဲမှူးကြီး ဇော်မင်းအောင်က တရားစွဲဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်မှ အများပြည်သူ ကြည့်ရှုကြားနာခွင့်ပြုရန် ယမန်နေ့က တရားရုံးသို့ တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

သို့ရာတွင် ယနေ့ တရားစစ်ဆေး နေချိန်တွင်လည်း လုံခြုံရေးများ တင်းကျပ်ထားသည့်အကြားမှ သွားရောက် စောင့်ဆိုင်း နေခဲ့ကြသည့် အန်အယ်လ်ဒီ ပါတီဝင်များနှင့် လူထုတို့ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */