မိုးမခ အထောက်တော် | ရန်ကုန်မြို့ အင်းစိန်ထောင်သို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုဝင်များကို ပြောင်းရွှေ့ ချုပ်နှောင် ထားပြီး နောက်ပိုင်း ရပ်နီး ရပ်ဝေးရှိ အကျဉ်းထောင်အသီးသီး၏ လုံခြုံရေးကို အထူးတင်းကြပ်လိုက်ကြောင်း ရန်ကုန်ရှိ သတင်းရပ်ကွက်က ပြောကြားသည်။
“ယခင်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို သာမန်ပြစ်ဒဏ်ကျတွေနဲ့ ရင်းနှီးမှုတွေ၊ ဆက်သွယ်မှုတွေ မပြုလုပ်နိုင်အောင် တားမြစ်တယ်။ နည်းအမျိုးမျိုးနဲ့ ကြပ်တည်းဆင်းရဲအောင် လုပ်ထားတယ်။ ထောင်ဝင်စာ တွေ့မယ့် မိသားစုတွေကို ခြိမ်းခြောက် အနိုင်ကျင့်တာတွေ လုပ်တယ်။ ဒါက ထုံးစံပါ။ အခု ရန်ကုန်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အင်ယားကန် အရေးအခင်း ဖြစ်လာတော့ ပိုပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို လှုပ်ရှားမှုတွေ မပြုလုပ်လာအောင်၊ သတင်းတွေ ပြန့်နှံ့မလာအောင် စသည်ဖြင့် တိုးပြီး ဆောင်ရွက်လာတဲ့ သဘောပဲ”
ဟု မိုးမခသို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးက ပြောကြားသည်။
လွန်ခဲ့သည့် တလခန့်က မြစ်ကြီးနားထောင်သို့ ဖောက်ထွင်းဝိဇ္ဇာတဦးကို ပြောင်းရွှေ့ ချုပ်နှောင်ထားကြောင်း၊ ၎င်းနှင့်အတူ ပြစ်မှုကြီး ခံထားရသူတို့ ပူးပေါင်းပြီး လွန်ခဲ့သည့် ၁ ပတ်က ထောင်ဖောက်ပြေးခဲ့ကြကြောင်း၊ အဆိုပါလူ ထွက်ပြေး လွတ်မြောက်သွားပြီး ကျန်သူတို့ကို အာဏာပိုင်တို့က ဖမ်းမိလိုက်ကြောင်း ကိုလည်း မြစ်ကြီးနား ရပ်ကွက် သတင်းများက တဆင့် ကြားသိရသည်။
“အခုလိုအချိန်မျိုးမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေက နိုင်ငံရေးအခြေအနေကိုရော၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ မိသားစုဝင်တွေ အတွက်ရော ကိုယ်ချင်း စာနာစိတ်တွေနဲ့ အလွန် စိုးရိမ် ပူပန်နေကြပါတယ်။ ထောင်ထဲက မျက်စိပိတ်၊ နားပိတ်နေကြရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိုယ်တိုင်ကလည်း ဒီလိုမျိုး မတရား အနိုင်ထက် ကျင့်တဲ့ စစ်အစိုးရရဲ့ လုပ်ရပ်မျိုးကို ဘယ်လိုနည်းနဲ့မှ ကျေနပ်ကြမယ် မဟုတ်ဘူးဆိုတာ ထင်ရှား ပါတယ်”
ဟု နိုင်ငံရေးအကျဉ်သားတဦး၏ ဇနီးဖြစ်သူက မိုးမခသို့ ပြောကြားခဲ့သည်။
source by : မိုးမခ
မြန်မာ ပြည်တွင်းရှိ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသားများကို ပိုမိုတင်းကြပ် မြစ်ကြီးနား ထောင်က ဖောက်ထွင်း ၀ိဇ္ဇာတဦး ထောင်ဖောက်ပြေး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment