အောင်ထက် | ရောဂါ၏ နောက်ဆုံးအခြေအနေဖြင့် ဆေးရုံသို့ ရောက်ရှိ လာသော အိပ်ခ်ျအိုင်ဗွီ/ အေအိုင် ဒီအက်စ် ဝေဒနာရှင်တို့တွင် ဆေးမြီးတို ဗီးစပ်ရွက်အလွန်အကျွံသောက်သုံးထားသည့် လက္ခဏာများကို တွေ့ရှိရကြောင်း အိပ်ခ်ျအိုင်ဗွီ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) မှ ဆရာဝန်တဦးက ပြောကြားသည်။
“ပြီးခဲ့တဲ့လက ဝေဒနာရှင်တဦး ဆေးရုံရောက်လာတယ်။ အိပ်ခ်ျအိုင်ဗွီပိုးတွေ့ရှိ သက်တမ်းထက် ဝေဒနာ ဆိုးဝါးနေပြီး အသားအရေတွေ ကွဲအက်လန်ထွက်နေတာကို တွေ့ရတယ်။ ဗီးစပ်ရွက်ကို လအတန်ကြာ သောက်သုံး ခဲ့တာ ကြောင့် အိပ်ခ်ျအိုင်ဗွီရဲ့ ဆက်စပ်ရောဂါတခု ဖြစ်တဲ့ အရေပြားပျက်စီးမှု ဒီလောက် မြန်ဆန် သွားရတာဖြစ်တယ်” ဟု ၎င်းကပြောသည်။
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိပြီး ဗီးစပ်ရွက် သတ္တုရည်သောက်သုံးသူ ဝေဒနာရှင် အများစုမှာ နယ်မှဖြစ်ကြကြောင်း၊ အချို့မှာ ARV ဆေးစားသုံးသည့် အဆင့်မရောက်မီပင် သေဆုံးနေကြကြောင်း အဆိုပါဆရာဝန်က ပြောသည်။
မင်္ဂလာဒုံအထူးကုဆေးရုံကြီး၌ တက်ရောက်ကုသနေသော ဗီးစပ်ရွက် သောက်သုံးလာသူ ပုပ္ပားဘက်မှ ဝေဒနာရှင် တဦးသည် ARV ဆေးသောက်သုံးသဖြင့် အသက်ရှင်ခွင့်ရလိုက်သော်လည်း အဆက်မပြတ် သွေးသွင်းနေရကြောင်း၊ သွေးသွင်းရသည့် အကြောင်းရင်း ရောဂါဇစ်မြစ်ကို ဆရာဝန်ကြီးများ ရှာမရ ဖြစ်နေကြောင်း သိရသည်။
မင်္ဂလာဒုံ အထူးကုဆေးရုံကြီး၌ ဗီးစပ်ရွက်ဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့် ဗီးစပ်ရွက် သောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများကို ကျန်းမာရေးဦးစီးဌာနမှ ရုပ်ပုံကားချပ်ကြီးများဖြင့် ပုံနှိပ်ဖော်ပြထားသည်ကို တွေ့ရသည်။
ဗီးစပ်ရွက်သည် အသည်းကို အဓိကထား ဖျက်ဆီးခြင်းကြောင့် တနေကုန် အဖျားတက်ခြင်း၊ မျက်စိ အမြဲဝါ နေသော အသည်း ပျက်စီးသည့် လက္ခဏာ များကို ဖြစ်ပေါ် စေကြောင်း သိရသည်။
“အေအိုင်ဒီအက်စ်ရောဂါကို ဗီးစပ်ရွက်သောက်ရင် ပျောက်တယ်ဆိုပြီး ကယား ပြည်နယ်က မအေးအေးယဉ် အကြောင်း ပေါ်ပြူလာ ဂျာနယ်မှာ ဖတ်လိုက်ရတယ်။ ဖုန်းနံပါတ်လည်း ပါလို့ ဖုန်းဆက်လှမ်းမေးကြည့်မှ မအေးအေးယဉ် ကွယ်လွန်တာ (၃) နှစ်လောက် ရှိပြီဆိုတာ သိရတယ်” ဟု ဝေဘာဂီဆေးရုံရောက် အေအိုင်ဒီအက်စ် ဝေဒနာရှင် တဦးက ပြောသည်။
အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ ပညာပေးမှု ဆောင်ရွက်နေသူတဦးကမူ “မြန်မာပြည်မှာ အစိုးရရဲ့ တာဝန်မဲ့ မှုကြောင့် သေရတာတွေရယ်၊ ခပ်ကြောင်ကြောင် ဆေးမြီးတိုတွေကြောင့် သေရတာတွေရယ်နဲ့ ခုလို သေဆုံးနှုန်း မြင့်နေရတာ” ဟု ပြောသည်။
source by : ခေတ်ပြိုင်
ဗီးစပ်ရွက်သောက်သုံးသည့် အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အသက်အန္တရာယ် ကြီးမား
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment