အကျဉ်းသား(၂) ဦး ထောင်ဖောက် လွတ်မြောက်

Friday, May 15, 2009 ·

NEJ | ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးသည် ယခုလ (၈) ရက်နေ့ညက ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားပြီး ယခုအချိန်ထိ ဖမ်းမမိသေးကြောင်း ထောင်ဝန်ထမ်း မိသားစုဝင်တဦးက ပြောသည်။

၎င်းက “စပြီးတော့ ကြိုးစားတာက (၃) ယောက်။ သူတို့ ထောင်ကျအခန်းထဲက မျက်နှာကြက်သံပြားကို ဖောက်ပြီး အဆောင် အပြင်ကိုထွက်တယ်။ အပြင်ကိုရောက်တော့ ထောင်အုတ်ရိုးနဲ့ သံဆူးကြိုးကို စောင်၊ လုံချည်တွေနဲ့ ပစ်ချိတ်ပြီး ကျော်တက်တယ်။ နောက် ထောင်ပြင်က တပ်ရင်းစခန်းကို ဖြတ်ပြီး လွတ်မြောက် သွားတယ်။ ထောင်ဒဏ် အနှစ် (၃ဝ) ကျော်ကျခံနေရတဲ့ နှစ်ကြီးအကျဉ်းသား တယောက်နဲ့ အခြားတယောက် လွတ်သွားတယ်။ ကျန်တယောက်ကတော့ ပြန်ဖမ်းမိတယ်။ ခုတော့ ထောင်ပိုင် ဦးလှရွှေ အပါအဝင် ဝန်ထမ်း အားလုံး ဌာနတွင်းစစ်ဆေး ခံနေကြရတယ်။ ဘယ်သူတွေ အလုပ်ပြုတ်ဦးမလဲ မသိဘူး” ဟု ပြောသည်။

ထောင်အနီးနေထိုင်သည့် မြစ်ကြီးနားမြို့ခံတဦးကလည်း နှစ်ကြီး အကျဉ်းသားတဦး ထောင်ဖောက် ထွက်ပြေး သွားသည့် အကြောင်း ကြားရကြောင်း၊ အကျဉ်းသား ဘယ်နှယောက် လွတ်မြောက်သွားသည်ကိုမူ အတိအကျ မသိကြောင်း၊ ယင်းသတင်းကြားရသည့်နေ့က စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မြစ်ကြီးနားမြို့ကို ရောက်ရှိနေချိန်နှင့်တိုက်ဆိုင်နေပြီး လုံခြုံရေးများ အကြီးအကျယ်ချထားကြောင်း၊ တရားခံဖမ်းမိရေး သက်ဆိုင်ရာ က ကြိုးစားနေဆဲဖြစ်ကြောင်း ပြောသည်။

မြစ်ကြီးနားအကျဉ်းထောင်သည် မြစ်ကြီးနားမြို့ အလယ်ကုန်းရပ်ကွက်တွင် တည်ရှိပြီး အကျဉ်းထောင် အုတ်ရိုး အပြင်ဘက်၌ ခလရ (၂၉) တပ်ရင်းကို ချထားကာ မြစ်ကြီးနားထောင်တွင် ကိုသူရ ခေါ် လူရွှင်တော် ဇာဂနာ တို့ကဲ့သို့ နိုင်ငံရေးအကျဉ်းသမားများလည်း ရှိနေပြီး အကျဉ်းသားအားလုံးကို လုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။

ယခုကဲ့သို ထောင်ဖောက်ပြေး လွတ်မြောက်မှုသည် ဖြစ်တောင့်ဖြစ်ခဲကိစ္စ ဖြစ်သည့်အတွက် ကြားသိရသည့် မြစ်ကြီးနားမြို့ခံများကလည်း စိတ်ဝင်စားနေကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */