နယ်စပ်ခြံစည်းရိုးကိစ္စ ဘင်္ဂလားဒေ့ရှ်နဲ့ ပြဿနာတက်နိုင

Saturday, May 09, 2009 ·

အာအက်ဖ်အေ | ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်က ခြံစည်းရိုး ကာနေတာဟာ နိုင်ငံတကာ နယ်နိမိတ်ဆိုင်ရာ စည်းမျဉ်းဥပဒေကို ချိုးဖောက်နေတာကြောင့် ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က တခုခု အရေးယူ ဆောင်ရွက်ရလိမ့်မယ်လို့ BDR ခေါ် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ် တာဝန်ရှိ ဗိုလ်မှူးချုပ် တဦးက မေလ ၄ ရက်နေ့ နယ်ခြားအစည်းဝေးတခုမှာ ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောနဲ့ နတ်မြစ်တလျှောက် နယ်ခြားဒေသကို ပြီးခဲ့တဲ့လတွေကတည်းက ခြံစည်းရိုး ကာနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ခြံစည်းရိုးကာချိန်မှာ နိုင်ငံတကာ သတ်မှတ်မျဉ်းရဲ့ ကိုက် ၁၂၀ အတွင်းပိုင်းက ကာရမယ့် အစား၊ ကိုက် ၈ဝ အကွာကသာ ကာနေတာကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်က အခုလို ကန့်ကွက်နေတာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ မြန်မာ နှစ်နိုင်ငံနယ်စပ်အရေး လေ့လာနေတဲ့ ရခိုင်အမျိုးသားတဦးက RFA ကို ပြောပါတယ်။

ရခိုင်အမျိုးသား။ ။ ဗမာဘက်ကတော့ ဆက်ပြီးကာနေတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ကိုက် ၈ဝ အတွင်းမှာ ဆိုရင် နိုင်ငံတကာ တရားဥပဒေကို ချိုးဖောက်တယ်ဆိုပြီး BDR အဖွဲ့က မေလ ၄ ရက်နေ့ နယ်စပ် အစည်းအဝေးမှာ ပြောတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က အဆင့်မြင့် BDR ဗိုလ်ချုပ်တယောက်က အဲဒီနေ့မှာပဲ စစ်ဆေးရေး လုပ်ပြီး မြန်မာဘက်က နိုင်ငံတကာတရားဥပဒေဘောင်ထဲမှာပဲ မကာဘူးဆိုရင် လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူးဆိုပြီး သတိပေးတာ ရှိတယ်

ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းမှာရော မြန်မာနိုင်ငံနယ်စပ် ရခိုင်ဘက်အခြမ်းမှာပါ နယ်စပ်စည်းဝေးပွဲတွေ သီးခြားစီ လုပ်ခဲ့ချိန်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ရဲ့ ကန့်ကွက်မှုနဲ့ ပတ်သက်လို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သောင်းအေးက ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေက သတိပေးပြောဆိုမှုနဲ့ ပတ်သက်လို့ နယ်စပ်မှာ ဘယ်လို တင်းမာမှုတွေ ရှိလာနိုင်သလဲ ဆိုတာကိုတော့ နယ်စပ်အရေးလေ့လာသူ ရခိုင်အမျိုးသားက အခုလို သုံးသပ် ပါတယ်။

ရခိုင်အမျိုးသား။ ။ ကျနော့်အထင်တော့ တင်းမာမယ့် အနေအထား မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း ရေရှည် မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ မျှော်ကိုးတော့ စစ်ဖြစ်နိုင်လောက်အောင် တင်းမာတဲ့ အခြေအနေမျိုး မရှိနိုင်ဘူး

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်ဒေသဟာ ရိုဟင်ဂျာလူမျိုးတွေ အများစုနေထိုင်ရာဖြစ်ပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ဖမ်းဆီးကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ပြန်မောင်းထုတ်လေ့ ရှိတယ်လို့ သိရပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */