အပစ်ရပ်တပ်များ အသွင်ပြောင်းလဲရေး ဆွေးနွေးနေကြဆဲ

Saturday, May 09, 2009 ·

အာအက်ဖ်အေ | အပစ်ရပ်အဖွဲ့တွေရဲ့ တပ်များ အသွင်ပြောင်းလွဲရေး စစ်အစိုးရ တင်ထားတဲ့အဆိုနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အဖွဲ့ကြီးများအနေနဲ့ ဗဟိုအဆင့်မှာ အကြိတ်အနယ် ဆွေးနွေးနေကြပေမယ့် အောက်ခြေ တပ်မှူးအဆင့်တွေကတော့ ဒီကိစ္စကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့ သတင်းရပ်ကွက်က ပြောဆိုပါတယ်။


နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ဝလက်နက်ကိုင် အဖွဲ့မှ တပ်သားတဦး (ယာ) နှင့် နအဖစစ်တပ်မှ စစ်သားများကို ရှမ်းပြည်နယ် မြောက်ပိုင်း ကျိုင်းတုံမြို့အနီး ပန်ဆန်းတွင် အတူတကွ တွေ့ရသော ယခင် မှတ်တမ်း ဓာတ်ပုံတခု ဖြစ်ပါသည်။
(Photo: AFP)
အပစ်ရပ်အဖွဲ့ တပ်မှူးတချို့ရဲ့ အဆိုအရ စစ်အစိုးရရဲ့ တပ်များပြုပြင်ပြောင်းလဲရေး အဆိုရဲ့ အဓိက ပစ်မှတ်ဟာ တပ်သားအင်အား သုံးသောင်းကျော်ရှိတဲ့ UWSA ဝတပ်ဖွဲ့ဖြစ်ပြီး ပန်ဆန်းမှာရှိတဲ့ ဝ ဗဟိုအနေနဲ့ စစ်အစိုးရရဲ့ အဆိုပြုချက်ကို အကြိတ်အနယ် ဆွေးနွေး နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဇွန်လ ၃ဝ ရက်နေ့မှာ နောက်ဆုံး အဖြေပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

အခုနောက်ဆုံး ကြားရတဲ့ သတင်းအရ ကလလတ အဖွဲ့ကတော့ စစ်အစိုးရရဲ့ အဆိုပြုချက်ကို လက်ခံလိုက်ပြီလို့ သိရပါတယ်။ အပစ်ရပ်အဖွဲ့ကြီးများရဲ့ တပ်မှူးတချို့ အဆိုအရ မြောက်ပိုင်းမှာရှိတဲ့ အပစ်ရပ်အဖွဲ့တွေမှာ ၂ဝဝ၆ ခုနှစ်ကတည်းက ကိုးကန့်၊ ဝ နဲ့ မိုင်းလားအဖွဲ့များအပြင် ကချင်လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ NDAK အဖွဲ့တို့ဟာ စစ်ရေးအရ မဟာမိတ် ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် စစ်အစိုးရရဲ့အဆိုကို တွန်းလှန်ပစ်နိုင်တယ်လို့ ပြောဆိုနေပါတယ်။

ဒါ့အပြင် အင်အားကြီးတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ KIO အဖွဲ့ဟာလည်း UWSA ဝခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က ပြုလုပ်တဲ့ UWSA နှစ်၂ဝ ပြည့် အခမ်းအနားမတိုင်ခင် ကြိုတင်ရောက်ရှိလာပြီး သုံးရက်တိုင်တိုင် တံခါးပိတ်ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် တပ်မှူးတချို့ အဆိုအရ ဗဟိုအဆင့် ခေါင်းဆောင်တချို့ဟာ စစ်အစိုးရရဲU ကမ်းလှမ်းချက်ကို လက်မခံချင်ပေမယ့် ငြင်းပယ်လိုစိတ် မရှိဖြစ်နေတာကြောင့် အားမလိုအားမရ ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */