ဒေါ်အောင်ဆန်းစုကြည်အမှု (၈) ရက်မြောက်ကြားနာ လုံခြုံရေးများ တိုးမြှင့်ချထား

Wednesday, May 27, 2009 ·

အောင်ထက် | ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား (၈) ရက်မြောက်နေ့အဖြစ် အင်းစိန်ထောင် အထူး တရားရုံးတွင် ယနေ့ဆက်လက် စစ်ဆေးကြားနာရာ စောင့်ကြည့်အကဲခတ်သည့်ပြည်သူများ များပြားနေသကဲ့သို့ လုံခြုံရေးလည်း အင်အားတိုး ချထားခဲ့သည်။

ယနေ့သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း (၆) နှစ်ပြည့်မြောက်သည့်အတွက် တစုံတရာ ထူးခြားမှုရှိနိုင်သည်ဟုယူဆ၍ စောင့်ကြည့်အကဲခတ်နေသည့် ပြည်သူတို့မှာ ယခင်နေ့များကထက် ပိုများသည်။

အင်းစိန်ခုံးကျော်တံတားအတက်တွင် လုံခြုံရေးကားငယ် (၃) စီးရပ်ထားပြီး ရန်ကုန်တိုင်းရဲ (၁၅) ဦးခန့်နှင့်အတူ သတင်းတပ်ဖွဲ့ဝင် ယာဉ်ငယ်တစီးနှင့် အင်းစိန်(အကစ) ရှေ့ လက်ယာဘက်အပေါက်တွင် လုံခြုံရေးယာဉ် (၃) စီး၊ အချုပ်ကား (၂) စီးတို့ ရပ်ထားသည်။

ပြည်သူအများစောင့်ကြည့်နေသည့် ကားလမ်းဘက်တွင် လုံထိန်းအင်အား (၁၀၀) ခန့်ပါဝင်သော လုံခြုံရေးယာဉ် (၅) စီးက နံနက် (၁၀) နာရီကတည်းက ပိတ်ကွယ်ရပ်ထားခဲ့သည်။

အဖွဲ့ချုပ်အမှုဆောင် ဦးဝင်းတင်နှင့် အန်အယ်လ်ဒီလူငယ်အချို့သည် အင်းစိန်ထောင်ဘူးဝရှေ့သို့ နံနက် (၁၀) နာရီကတည်းက ရောက်ရှိခဲ့သော်လည်း ရွေးကောက်ပွဲနှစ်ပတ်လည်အခမ်းအနား ရှိနေသည့် ဗဟန်းရွှေဂုံတိုင် ရုံးချုပ်သို့နေ့လယ် (၁၁) နာရီခန့်တွင် ပြန်သွားခဲ့ကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */