အတိုးအလျှော့ လုပ်နေသည့် အောင်ဘာလေထီ ရောင်းအား မကောင်း၍ အက္ခရာ ထပ်လျှော့ရ

Wednesday, May 27, 2009 ·

NEJ | လာမည့် ဇွန်လ (၁) ရက်နေ့တွင် ရောင်းချသွားမည့် (၂၄၆) ကြိမ်မြောက် အောင်ဘာလေ ထီလက်မှတ် များကို အက္ခရာ (၂၃) လုံး လျှော့ချ၍ ရောင်းသွားမည်ဟု ရန်ကုန်မြို့ ထီဈေးကွက်က သိရသည်။

ထီလုပ်ငန်းရှင်ကြီးများက ထီလုပ်ငန်းမကောင်း၍ အက္ခရာကို လျှော့ချပေးရန် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆု ဌာနခွဲသို့ တင်ပြကြသည့်အတွက် အက္ခရာတလုံး လျှော့ချပေးခြင်းဖြစ်သည်ဟု ထီလုပ်ငန်းရှင်တဦးက ပြောသည်။

“ရောင်းလို့မကုန်ဘူး။ ရောင်းလို့ မကုန်ဘူးဆိုတာ ထီရုံးကလူတွေ သိတယ်။ ပြောတော့သာ အောင်ဘာလေက ထီလက်မှတ်တွေ လက်ကျန်မရှိ ကုန်စင်အောင် ရောင်းချရတယ်လို့ ဆိုတာပါ။ ဒီက လူတွေ ဘယ်လိုလုပ်နေရ တယ်ဆိုတာ ထည့်မတွက်ဘူး” ဟု ရန်ကုန်မြို့မှ နာမည်ကြီး ထီလုပ်ငန်းပိုင်ရှင်တဦးက ပြောသည်။

ဧပြီလက ရောင်းချခဲ့သော ထီစောင်ရေထက် အက္ခရာ နှစ်လုံးတိုး၍ အက္ခရာ (၂၄) လုံးထိ မေလတွင် ရောင်းချလျက် ရှိသော်လည်း ရောင်းအားကျဆင်းနေကြောင်း ထီလက်ပွေ့ရောင်းသူများထံမှ သိရသည်။

“ထီတစောင်ကို အစိုးရဈေး (၂၀၀) ကျပ် ဖြစ်ပြီးတဲ့နောက် ကျနော်တို့လက်ပွေ့အရောင်းသမားတွေ လုံးဝ မကိုက်ဘူး။ အမြတ်ငွေနည်းတယ်။ အရောင်းမသွက်ဘူး။ ဒါကြောင့် အက္ခရာတွေကို ထပ်ပြီး လျှော့ဖို့လိုတယ်။ အက္ခရာလျှော့မှ ထီပေါက်ဖို့ နီးစပ်နိုင်မယ်လေ” ဟု ရန်ကုန် ပန်းဆိုးတန်းလမ်းအနီး ထီလက်ပွေ့ ရောင်းသူ တဦးက ပြောသည်။

အောင်ဘာလေထီလုပ်ငန်းရှင်ကြီးများက ထီအက္ခရာ လျှော့စေလိုသော်လည်း အစိုးရအနေဖြင့် အခွန်ငွေ လျော့ကျသွားမည်ကို တွက်၍ ထီရောင်းအား မကောင်းခြင်းကို သိလျက်နှင့် မျက်ကွယ်ပြုထားသည်ဟု ထီလုပ်ငန်းရှင်များက ဝေဖန်ကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */