NEJ | မဲဆောက် ဒေသတွင်းရောက် မြန်မာ နိုင်ငံသား (၁၀၀) ခန့်သည် နအဖ၏ မတရား အမှုဆင် ဖမ်းဆီးခြင်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် မဲဆောက်မြို့တွင် ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများသည် မဲဆောက်မြို့ရှိ ယူအန်အိပ်ခ်ျစီအာရုံးရှေ့သို့ သွားရောက် ဆန္ဒပြခဲ့ကြပြီး မြန်မာပြည်အရေးနှင့် ပတ်သက်၍ ဆန္ဒပြအဖွဲ့ခေါင်းဆောင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံသို့ ပေးစာ တစောင်ကို ယူအန်အိပ်ခ်ျစီအာ တာဝန်ရှိသူ တဦးထံမှတဆင့် ပေးပို့ခဲ့သည်။
ဆန္ဒပြအဖွဲ့ ဦးဆောင်သူတဦးဖြစ်သည့် ပူးပေါင်းလှုပ်ရှားမှုကော်မီတီ (JAC) အဖွဲ့မှ ကိုအောင်ခိုင်က “ဒီနေ့ဟာ ပါတီစုံရွေးကောက်ပွဲ (၁၉) နှစ်မြောက်နေ့ဖြစ်တယ်။ ဘန်ကီမွန်းဆီကို ပေးပို့တဲ့စာမှာ အဓိကဘန်ကီမွန်း မြန်မာပြည်သွားမယ့်ကိစ္စကို ကျနော်တို့ထောက်ခံတယ်။ ဖြစ်နိုင်သမျှ အမြန်ဆုံးသွားဖို့ရယ်၊ မတရား ဖမ်းဆီး ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးဖို့ ကိစ္စရယ်၊ နောက်ပြီးတော့ ဗမာပြည်သွားမယ့် ဘန်ကီမွန်းအနေနဲ့ စစ်အုပ်စုပြောတာကို နားထောင်ပြီး ပြန်မလာဖို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကိစ္စနဲ့ ပတ်သက်ပြီး ရေရာသေချာတဲ့ ရလဒ်တခုကို ရရှိလာဖို့အတွက် အဓိက တောင်းဆိုထားတာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယနေ့ ဆန္ဒပြပွဲတွင် ဆန္ဒပြ မြန်မာနိုင်ငံသား (၁၀၀) ခန့်နှင့်အတူ နိုင်ငံခြားသားအချို့လည်း ၀န်းရံ အားပေး ခဲ့ကြသည်။ ဆန္ဒပြပွဲသို့ မဲဆောက်မြို့နယ် ရဲမှူးကြီးနှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိလာသော်လည်း တစုံတရာ အနှောင့် အယှက်ပေးခြင်း မရှိဘဲ ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာ ရုပ်သိမ်းနိုင်ခဲ့သည်။
ယနေ့ဆန္ဒပြသူများသည် လွန်ခဲ့သည့် တနင်္ဂနွေနေ့ကလည်း ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအောက် ထိုင်းဘက်ခြမ်းရှိ နယ်ခြား မျဉ်းဖြစ်သည့် သောင်ရင်း မြစ်ကမ်းနဖူးတွင် မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ မျက်နှာမူကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရန် ဆန္ဒပြ ကြွေးကြော်တောင်းဆို ခဲ့ကြသည်။
ရက်သတ္တ တပတ်အတွင်း မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများ နှစ်ကြိမ် ဆန္ဒပြခဲ့ရာ ဒေသခံ အာဏာပိုင်များ၏ တစုံတရာ အရေးယူမှု မရှိသည့် အပေါ် ဒေသတွင်းရောက်မြန်မာများက လက်ရှိထိုင်းအစိုးရ၏ လုပ်ရပ်ကို ကြိုဆိုခဲ့ကြသည်။ ယခင်က မဲဆောက်တွင် မြန်မာများ နိုင်ငံရေးနှင့် ပတ်သက်သည့် ဆန္ဒပြပွဲများ ကျင်းပ ခဲ့ရာတွင် ထိုင်းအဏာပိုင်များ၏ အရေးယူမှု ခံကြရသည်။
အလားတူပင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ မြန်မာသံရုံးရှေ့တွင်လည်း မြန်မာ့အရေးလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ ပူးပေါင်းကာ ကမ္ဘောဒီးယားတွင် ပထမဆုံး မြန်မာ့ အရေး ဆန္ဒပြပွဲ တရပ် ကျင်းပခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး အဓိကထား တောင်းဆိုခဲ့ကြသည်။
source by : ခေတ်ပြိုင်
မဲဆောက်ရောက် မြန်မာ နိုင်ငံသားများ ဒေါ်စု လွတ်မြောက်ရေး ဘန်ကီမွန်းထံ စာပို့
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment