အဖွဲ့ချုပ်ရုံတွင် ရွေးကောက်ပွဲ အောင်ပွဲနေ့ ကျင်းပ

Wednesday, May 27, 2009 ·

NEJ | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ယနေ့ကျင်းပသည့် (၁၉) နှစ်မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်း စုကြည်က ၎င်းအား စွဲဆိုထားသည့် အမှုနှင့် ပတ်သက်၍ တရားရုံးသို့ ရေးသားတင်ပြချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ပါ ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားတင်ပြချက် တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုအမှုဖြစ်ပွားရသည့် အရင်းခံ အကြောင်းရင်းမှာ လုံခြုံရေး လစ်ဟင်းမှု သို့မဟုတ် လုံခြုံရေးဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့်စပ်လျဉ်းပြီး အရေးယူခြင်းမရှိဘဲ ၎င်းကိုသာ အရေးယူတရားစွဲခြင်းမှာ ဘက်လိုက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၀၃ ခု မေ (၃၀) ရက်တွင် ဒီပဲယင်းမြို့ အနီးတွင် တိုက်ခိုက် ခံခဲ့ရပြီးနောက် နအဖစစ် အစိုးရက ၎င်းတို့အား နေအိမ် အကျယ်ချုပ် ဖြင့် ထိန်းသိမ်းထားခဲ့သည်။

ထိုသို့ထိန်းသိမ်းထားစဉ်အတွင်း ယခုနှစ်မေလတွင် ဒေါ်အောင်ဆန်းစုကြည်ခြံထဲသို့ အမေရိကန်နိုင်ငံသား မစ္စတာယက်တောက တိတ်တဆိတ်ရေကူးဝင်ရောက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ခေတ္တနေခွင့်ပြုခဲ့သဖြင့် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုကာ အမှု စစ်ဆေးလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က ယင်းအမှုကို မကျူးလွန်ကြောင်း ယမန်နေ့က တရားရုံးတွင် စာရေးသားထွက်ဆိုခဲ့ပြီး ယင်းထွက်ဆိုချက်ကို ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာတွင် ဒေါ်အောင်ဆန်းစုကြည့်က ယမန်နှစ် နိုဝင်ဘာ (၃၀) ရက်တွင် ပထမအကြိမ် မစ္စတာယက်တော ၎င်း၏ နေအိမ်ခြံ အတွင်းရောက်ရှိခဲ့စဉ်က ဒေါက်တာတင်မျိုးဝင်းမှတဆင့် ယင်းအဖြစ်အပျက်အား အာဏာပိုင်များ သတင်းပေးပို့ခဲ့သော်လည်း အာဏာပိုင်များက စုံစမ်းမေးမြန်းခြင်းမလုပ်ခဲ့ဟုလည်း ဖော်ပြ ထားသည်။

ယခုနှစ် မေလ (၄) ရက် ဒုတိယအကြိမ် မစ္စတာယက်တော ၎င်း၏နေအိမ်ခြံဝင်းအတွင်း ရေကူး ၀င်ရောက် ခဲ့မှုတွင် ၎င်းအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီးအချုပ်အနှောင်ခံရစေရန် တွန်းမပို့နိုင်ဟူသော နိုင်ငံရေး ခံယူချက် အရ ခေတ္တခိုလှုံခွင့်ပေးခဲ့ကြောင်း တင်ပြထားသည်။

ယင်းကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ လစဉ်ဆေးစစ်ဆေးရန်လာသည့် ဒေါက်တာတင်မျိုးဝင်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ် ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များသာရောက်လာပြီး ဒေါက်တာ တင်မျိုးဝင်း ၀င်ခွင့် မရခဲ့ကြောင်းလည်း ဖော်ပြ ထားသည်။



Large Viewအကြီးကြည့်ရန်Large Viewအကြီးကြည့်ရန်

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */