အာအက်ဖ်အေ | ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက်ဖြစ်သူ၊ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်မှူး ဇော်ဖြိုးဝင်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ မြန်မာ ကောင်စစ် ဝန်ချုပ်အဖြစ် မကြာခင်က ခန့်အပ်ခဲ့ပါတယ်။၊ ဗိုလ်မှူး ဇော်ဖြိုးဝင်းဟာ ကုန်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန် ထမ်းဆောင်ခဲ့စဉ်က ဒုတိယ ညွန်ကြားရေးမှူးအဆင့်သာ ရှိပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့သမီး ဒေါ်သန္တာရွှေနဲ့ လက်ထပ်ပြီး မကြာခင် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပထမအတွင်းဝန် ရာထူးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး ဒေါ်သန္တာရွှေ (ယာ)နှင့် ဗိုလ်မှူး ဇော်ဖြိုးဝင်း (ဝဲ)တို့၏ မင်္ဂလာဆောင်တွင် စိန်ရွှေရတနာများ ဖိတ်ဖိတ်တောက်ကာ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သဖြင့် ကမႝာကို အံ့သြတုန်လှုပ်စေခဲ့ပါသည်။ (Photo: AFP) |
နားဆင်ရန်
source by : အာအက်ဖ်အေ








0 comments:
Post a Comment