အာဆီယံ တုပ်ကွေး ဆွေးနွေးပွဲ မြန်မာပျက်ကွက်

Thursday, May 07, 2009 ·

ဧရာဝတီ | အာဆီယံ အသင်း ကျန်းမာရေး ဝန်ကြီးများ အထူး အစည်း အဝေးကို ဘန်ကောက်မြို့တွင် ယနေ့ စတင် ပြုလုပ်ရာ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီး တက်ရောက်ခြင်း မရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။


အာဆီယံ ဆွေးနွေးပွဲတွင် သတင်းထောက်များကို မျက်နှာဖုံးအသုံးပြုနည်း ပြသနေသော ထိုင်းနိုငိငံ ရောဂါထိန်းချုပ်ရေးဌာန ဝန်ထမ်းတဦး (ဓာတ်ပုံ - AP)
ပြီးခဲ့သည့်လက အစပြုပြီး ကမ္ဘာတဝန်းသို့ ပျံ့နှံ့နေသော A/H1N1 တုပ်ကွေးရောဂါကို ကာကွယ် ဖြေရှင်းနိုင်မည့် အစီအမံများ ဖော်ထုတ်ရန် ရည်ရွယ်သည့် အဆိုပါ အစည်းအဝေးကို ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် တက်ရောက်နိုင်ခြင်း မရှိသည့် အကြောင်းရင်း နှင့် ပတ်သက်ပြီး မသိရသေးဟု ဆိုသည်။

၂ ရက် ကြာမည့် အဆိုပါ ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာဝန်ကြီးတဦးသာ တက်ရောက်ရန် ပျက်ကွက်ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ်တွင် ရေးထားသည်။ အစည်းဝေးသို့ အာဆီယံ နိုင်ငံများအပြင် ဒေသတွင်းမှ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဘန်ကောက်ရှိ မြန်မာ သံအမတ် ဦးအောင်သိန်းက အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားစာကို လက်ခံ ခဲ့ကြောင်း ထိုင်းနိုင်ငံ လူထု ကျန်းမာရေး ဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဒေါက်တာ ဆီရီပွန် ကန်ချနာ၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ဒေါက်တာ ဆီရီပွန်က ဒေသတွင်း နိုင်ငံများ အနေဖြင့် တုပ်ကွေးရောဂါသစ် တားဆီး ကာကွယ်ရေး အတွက် ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောသည်။

“အာဆီယံ နိုင်ငံတွေထဲမှာ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေ အရေးတကြီး အရှိန်မြှင့် လုပ်ဆောင်ဖို့အတွက် တုပ်ကွေး ရောဂါသစ်နဲ့ ပတ်သက်ပြီး စူးစမ်း အဖြေရှာကြရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဆီရီပွန်က ပြောသည်။

ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ကျန်းမာရေး ဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာကျော်မြင့်သည် မေ လ ၁ ရက်နေ့မှ စတင်ပြီး မန္တလေးတိုင်း အတွင်း ဆေးရုံများ၊ ကျန်းမာရေး ဌာနများကို နေ့စဉ် သွားရောက် စစ်ဆေးနေကြောင်း ဖော်ပြထားသည်။

မက္ကဆီကို နိုင်ငံမှ အစပြုခဲ့သော A/H1N1 တုပ်ကွေး ရောဂါကြောင့် မက္ကဆီကိုတွင် ၄၂ ဦး၊ အမေရိကန် ပြည်ထောင်စုတွင် ၂ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ယခုအခါ နိုင်ငံ စုစုပေါင်း ၂၃ နိုင်ငံတွင် အဆိုပါ တုပ်ကွေး ကူးစက် ပျံ့နှံ့နေပြီ ဖြစ်သည်။ နိုင်ငံတကာတွင် ရောဂါပိုး ကူးစက် ခံရသူပေါင်း ၂၀၉၉ ဦး ရှိနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ ယနေ့ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ယနေ့ထုတ် မြန်မာ နိုင်ငံ သတင်းစာများတွင် A/H1N1 တုပ်ကွေးရောဂါ မြန်မာ နိုင်ငံသို့ ကူးစက်မှု မရှိစေရန် ကျန်းမာရေး ဌာနက ကြိုတင် ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ရေးသားထားသည်။ လေဆိပ်၊ သင်္ဘောဆိပ်၊ နယ်စပ်ဂိတ်များမှ ၀င်ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးနေသည်ဟု ဆိုသည်။

“မြန်မာ နိုင်ငံသို့ အဆိုပါရောဂါ ကူးစက် ဖြစ်ပွားမှု လုံးဝ မရှိသေးကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်” ဟု သတင်းစာများတွင် ရေးသားထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */