ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအတွက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်း

Tuesday, May 19, 2009 ·

NEJ | မတရားဖမ်းဆီးအမှုဆင် တရားစွဲဆိုခြင်းခံနေရသည့် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဒေသတွင်းရောက် မြန်မာနိုင်ငံသားများ ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ တရပ် ကျင်းပသည်။

ဆုတောင်းပွဲတွင် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်က “အမျိုးသားပြန်လည်သင့်မြတ်ရေး၊ မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက လေးစားအားထားဂုဏ်ယူတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လွတ်မြောက်ရေးကို အမြဲတမ်းပဲ မျှော်လင့်နေပါတယ်။ ဒါကြောင့် ဒီဆုတောင်းပွဲကို ကျင်းပရတာဖြစ်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ချခံထားရစဉ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်း အမေရိကန် နိုင်ငံသားတဦး ရေကူးဝင်ရောက်ခဲ့ပြီးနောက် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် စည်းမျဉ်းစည်းကမ်းချိုးဖောက်သည်ဟုဆိုကာ နိုင်ငံတော်ကို နှောက်ယှက်ဖျက်စီးလိုသော ဘေးအန္တရာယ် ပုဒ်မ (၂၂) ဖြင့် တရားစွဲဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသည့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ဒေါ်ခင်ခင်ဝင်းနှင့် သမီးတို့သည်လည်း ယခုလ (၁၄) ရက်က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်မှ အင်းစိန်ထောင်ရှိ အထူးတရားရုံးသို့ ခေါ်ဆောင်သွား ခံရပြီးနောက် အဆိုပါပုဒ်မဖြင့် တရားစွဲဆိုပြီး နေအိမ်ပြန်ခွင့်မပြုပဲ အင်းစိန်ထောင်တွင် တရားရင်ဆိုင်နေရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ် ဇူလိုင်လမှ ၁၉၉၅ ထိတကြိမ်၊ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာမှ ၂၀၀၂ ခုနှစ် မေလအထိတကြိမ်၊ ၂၀၀၃ ခုနှစ် မေလမှ ယခုအချိန်ထိ နအဖစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားခွင့် ကုန်ဆုံးရန် (၂၁) ရက် အလိုတွင် ယခုကဲ့သို့ ဖမ်းဆီးတရားစွဲဆို ခြင်းဖြစ်သည်။

ဆုတောင်းပွဲတက်ရောက်လာသည့် CDC အလယ်တန်းကျောင်းမှကျောင်းသားမောင်အောင်က “ကျနော်တို့ နိုင်ငံမှာ ဒီလိုအာဏာရှင်တွေရှိနေသရွေ့ အများပြည်သူ တိုးတက်ကောင်းမွန်မယ့် အခြေအနေကို ဘယ်လိုမှ မရောက်နိုင်ဘူး။ တိုင်းပြည်ကောင်းအောင်လုပ်တဲ့လူကို နှိပ်ကွပ်၊ အကြောင်းအမျိုးမျိုးပြပြီး ထောင်ထဲ ထည့်ထား တယ်” ဟု ပြောသည်။

ဆာသူးလေအထက်တန်းကျောင်းမှ မမော်မော်ကလည်း “မြန်မာ့ရုပ်မြင်သံကြားမှာ ဘုရားတည် ကျောင်းဆောက် နေ့တိုင်း လုပ်နေတဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေ ဘုရားကိုလိမ်ညာပြီး ဘာလို့ ခုတုံးလုပ် နေရတာလဲ။ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို ကြည့်တာနဲ့ သူတို့မရိုးသားဘူးဆိုတာ သိသာတယ်။ မြန်မာပြည် ဒီမိုကရေစီ ရစေချင်တယ်။ ဒါမှ သမီးတို့နိုင်ငံ မှာ မတရားမှုတွေပပျောက်ပြီး နိုင်ငံတိုးတက်ကြီးပွားမှ လူအများ ကောင်းစားမယ်” ဟု ပြောသည်။

ဆုတောင်းပွဲတက်ရောက်လာသူများက နအဖသည်နိုင်ငံရေးပြဿနာများကိုမဖြေရှင်းဘဲ ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးတရားစွဲဆိုခြင်းမှာ လုံးဝမလုပ်သင့်သည့်ကိစ္စဖြစ်သောကြောင့် ပြင်းထန်စွာ ကန့်ကွက်ပြောဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ရာနှင့်ချီ၍ တက်ရောက်လာကြသူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာအလိုက် ဖရောင်းတိုင်မီးထွန်းကာ ၀တ်ပြု ဆုတောင်းခဲ့ကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */