NEJ | မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်အမှုစစ်ဆေးနေသည့်အပေါ် အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံက အထူးစိုးရိမ်မိကြောင်း ယနေ့ တရားဝင် ထုတ်ဖော် ပြောကြားလိုက်သည်။
အာဆီယံ၏ လက်ရှိဥက္ကဋ္ဌ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွှတ်ပေးရန်လည်း ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။
“မြန်မာအစိုးရဟာ အာဆီယံရဲ့ တာဝန်ရှိအဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့ တာဝန်ရှိပါတယ်” ဟုလည်း ဖော်ပြပါရှိသည်။
နိုင်ငံတကာအသိုင်းအ၀န်း၏ မြန်မာနိုင်ငံအပေါ် လက်ရှိအမြင်အရ မြန်မာအစိုးရ၏ ဂုဏ်သိက္ခာသည် စိုးရိမ် ရသည့် အခြေအနေတွင် ရှိနေသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်မှုများ ချမှတ်ခဲ့သော်လည်း မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ပြောဆိုမှုများ မရှိခဲ့သည့်အတွက် အာဆီယံကို ပြစ်တင်ဝေဖန်မှုများ ရှိခဲ့သည်။
ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးတွင် တရုတ်၊ အိန္ဒိယနှင့် အခြားအာဆီယံနိုင်ငံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုသင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
source by : ခေတ်ပြိုင်
ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အာဆီယံ တောင်းဆို
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment