နအဖ သတင်းစာ ရေးသားချက် စာနယ်ဇင်းအသိုင်းအ၀ိုင်း ဒေါသထွက်

Tuesday, May 19, 2009 ·

မင်းနိုင်သူ | ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်စပ်လျဉ်းသည့် သတင်းကို နအဖစစ်အစိုးရသတင်းစာများက ယနေ့ထည့်သွင်း ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို တရားခံဟု သုံးနှုန်း ရေးသားထားသည့် အတွက် ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းက စိတ်ဆိုးဒေါသထွက်နေကြကြောင်း သိရသည်။

ပြည်တွင်းအမျိုးသမီးသတင်းထောက်တဦးက “ဒေါသဖြစ်နေကြတယ်လေ။ သတင်းစာဝယ်ဖတ်ပြီး ပြောဆိုနေကြ တာပေါ့။ အမှုမစစ်ရသေးခင် တရားခံလို့ သုံးနှုန်းထားတာကို မကျေနပ်ကြဘူး။ စာနယ်ဇင်း ကျင့်ဝတ် အရကလည်း ဒါမျိုး မရေးရဘူးဆိုတာ ကျမတို့လို သတင်းထောက်ငယ်တွေတောင် သိပါတယ်” ဟု ပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာများ၏ နောက်ကျောဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်အမှုသတင်းကို ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တရားခံဟု ခေါ်ဝေါ်သုံးစွဲထားသည်။

ယင်းကဲ့သို့ သုံးစွဲရေးသားမှုနှင့်စပ်လျဉ်း၍ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက “တရားရုံးက ပြစ်ဒဏ်စီရင်ခြင်း မပြုသေးမီမှာ မည်သည့်လူတဦးတယောက်ကိုမျှ တရားခံလို့ သုံးစွဲရေးသားလို့မရပါဘူး။ တရားရုံးကို မထီမဲ့မြင် ပြုရာ လည်း ရောက်တယ်။ စာနယ်ဇင်းကျင့်ဝတ်နဲ့လည်း မညီပါဘူး။ ရေးရင် စွပ်စွဲသူ စွပ်စွဲခံရသူ ဒီလိုပဲရေးရမှာ ဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စွပ်စွဲခံရသူလို့ပဲ သုံးနှုန်းရမှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန်နိုင်ငံသားတဦး ရေကူးဝင်ရောက်ခဲ့ကြောင်း သတင်းကို နအဖစစ်အစိုးရသတင်းစာများက မေ (၇) ရက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

“အဲဒီရေကူးဝင်ရောက်တဲ့ သတင်းတုန်းကတော့ ဖော်ပြလို့ရတယ်။ တခြားဒီအမှုနဲ့ ပတ်သက်ပြီး သိထား ရတာတွေ တော့ ရေးလို့မရဘူး။ စိစစ်ရေးက ပယ်တယ်။ အခုဒီနေ့ သူတို့သတင်းစာမှာ ရေးလာပြီဆိုတော့ ဒီသတင်းကို စိစစ်ရေး တင်ကြည့်ရမှာပဲ။ တင်လို့ လွတ်လည်း သတင်းစာမှာပါသလောက်ပဲ ပြန်ရေးလို့ရမှာပဲ။ ခက်တာက သတင်းစာကို ကိုးကားရေးနေကြရတော့ အခုသတင်း ပြန်ကိုးကားကြရင် ဘယ်ဂျာနယ်က စာနယ်ဇင်း ကျင့်ဝတ် ဖောက်မိကြဦးမလဲ မသိဘူး။ သတင်းစာမှာက ဒေါ်စုကိုတရားခံလို့ သုံးထားတော့ အဲဒီ အတိုင်း ကိုးကားမိတဲ့ ဂျာနယ်တွေတော့ သွားမှာပဲ” ဟု ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အမှုစွဲဆိုချက်ကို ပြည်သူလူထုအား ကြားနာခွင့်မပြုသည့်အပြင် နအဖစစ် အစိုးရ သတင်းစာများက တရားစီရင်ရေးလမ်းကြောင်းကို ကြိုချပြနေသည့် အရေးအသားများကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက် ပိုမိုစိုးရိမ်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */