မေကျော် | ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ရမည်းသင်းမြို့ ဈေးအတွင်းရှိ ဒေါ်အေးကြည်နှင့် တူမများ ရွှေဆိုင်မှ ရွှေများကို လုယက်ရာတွင် တပ်မတော်သားဟောင်း တဦး ပါဝင်ကြောင်း သိရသည်။
ယခုလ ၆ ရက်နေ့က ရွှေဆိုင်အတွင်းသို့ လုယက်သူ ၃ ဦးက လက်နက်ဖြင့် ဝင်ရောက်ကာ ရွှေပိဿာချိန် ၇ ပိဿာခန့် လုယူရာတွင် ပါဝင်ခဲ့သည့် ပျော်ဘွယ် ဇာတိဖြစ်ပြီး၊ အသက် ၃၂ နှစ် အရွယ် တပ်ထွက် ကိုညီညီနိုင် အား ယခုလ ၁၃ ရက်နေ့ နေ့လယ်က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ မော်ဟစ်ကျေးရွာတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။
“ညီညီနိုင်ကတော့ ပျော်ဘွယ်မြို့နယ်ကပါ။ သူက အရင်တုန်းက စစ်သားခင်ဗျ၊ တပ်ထွက်တဲ့ဗျ” ဟု ရွှေဆိုင် မိသားစုဝင် တဦးက မဇ္ဈိမကို ပြောပြသည်။
ညီညီနိုင်သည် ရွှေဆိုင်ကို လုယက်ပြီးနောက် မန္တလေးမြို့တွင် ရွှေ ၄၉ ကျပ်သား၊ လားရှိုးတွင် ရွှေ ၂ ပိဿာ ရောင်းချခဲ့သလို၊ ကွတ်ခိုင်မြို့သို့ သွားရောက်ရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ အသိမိတ်ဆွေများကိုလည်း ရွှေအချို့ ခွဲဝေပေးခဲ့သေးသည်။
လုယက်သူ ၃ ဦးအနက် ရမည်းသင်း ဒေသခံ ၂ ဦးကို အခင်းဖြစ်ပြီး နောက်တရက်တွင် ရဲက ဖမ်းဆီးနိုင်ခဲ့သည်။
အဖမ်းအဆီးများ ပြုလုပ်ရာ၌ ရေစကြိုမြို့ စစ်တပ် လက်နက်တိုက်မှ ဖောက်ထွင်းခိုးယူခဲ့သော သေနတ် အချို့လည်း ပြန်လည်သိမ်းဆည်း ရမိခဲ့ကာ၊ စစ်တပ် လက်နက်တိုက် ဖောက်ထွင်းမှုတွင် ပါဝင်သည့် ခိုင်ဇော်ဝင်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့ခံ လုယက်သူ ၂ ဦး၏ အဖိုးအဖွားအိမ်မှ ၂ လက်၊ တောထဲတွင် ဝှက်ထားသည့် တလက်နှင့် အခြား၂ လက်ကိုပါ သိမ်းဆည်းရမိပြီဖြစ်ကြောင်း ရမည်းသင်း ရွှေဆိုင်မိသားစုဝင်က ပြောသည်။
မေလ ၇ ရက်နေ့က ယင်းမာပင်ကျေးရွာအနီးတွင် တရားခံ ကိုလေး(ခ) မိုးဝင်းနှင့် ခင်မောင်ထွေး (ခ) ဂျပု၊ မေလ ၁၃ ရက်နေ့ ကွတ်ခိုင်မြို့တွင် တရားခံ ညီညီနိုင်ကို ဖမ်းဆီးရမိခဲ့ရာ သူတို့ ၃ ဦးစလုံးအား ရမည်းသင်းအချုပ်တွင် ချုပ်နှောင်ထားပြီ ဖြစ်သည်။
ယခုလ ၆ ရက်နေ့တွင် လုယက်မှုဖြစ်ပွားပြီး ၁၁ ရက်နေ့တွင် ရမည်းသင်း ခရိုင်ကောင်စီ - ခယက က ပိုင်ရှင် များသို့ ရွှေ တပိဿာနှင့် ၂၃ ကျပ်သား ပြန်လည်ပေးအပ်ပြီး ဖြစ်သည်။
အဆိုပါ လုယက်မှုကြောင့် တဦး သေဆုံးကာ ၂ ဦးဒဏ်ရာ ရရှိခဲ့သည်။
source by : မဇ္ဈိမ
ရမည်းသင်းရွှေဆိုင် လုယက်မှု တပ်ထွက်တဦး ပါဝင်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment