ရန်ကုန်တွင် မီးပျက်ရက်များလာ

Friday, May 22, 2009 ·

NEJ | ရန်ကုန်တွင် မီးပေးချိန်ကို အပိုင်းလိုက်သတ်မှတ်ထားသော်လည်း ယခုရက်ပိုင်းအတွင်း သတ်မှတ်ချိန် အတိုင်း မီးမလာ၍ မြို့ခံများ အဆင်မပြေဖြစ်ကြရသည်။

မီးပေးချိန်ကို တရက်လျှင် (၁၂) နာရီနှုန်းဖြင့် အုပ်စု (၃) စုခွဲကာ ပေးနေရာမှာ ယခုအခါ (၆) နာရီခန့်သာ ရရှိပြီး (၃) ရက်ခြားခန့်တွင်မှ (၁၂) နာရီနှုန်း ရရှိကြောင်း တာမွေမြို့နယ် သတိပဌာန်လမ်းတွင် နေထိုင်သူတဦးက ပြောသည်။

“ကျနော်က မီးလာရင် မီးပျက်၊ မီးလာတဲ့အချိန်၊ ပျက်တဲ့အချိန် စသဖြင့် စာရင်း လုပ်ထားပါတယ်။ သူတို့ ပြောသလို အလှည့်ကျခွဲတမ်းနဲ့ ပေးတာကို ကျနော်တို့ကလည်း စာရင်းလုပ်ပြီး ထားရတာပေါ့ဗျာ။ မဟုတ်ရင် ဘယ်အချိန်ပျက် မလဲ၊ ဘယ်အချိန်လာမလဲ မသိရဘူး။ ကိုယ်က စာရင်းလုပ်ထားတော့ အိမ်မှာ လျှပ်စစ်နဲ့ လုပ်မယ့် အရာတွေကို အစီအစဉ်ဆွဲလို့ ရတယ်လေ။ အခုတော့ စာရင်း မနိုင်တော့ ဘူးဗျာ” ဟု ၎င်းက ပြောသည်။

ယခင်လက မီးလာချိန်မှာ နံနက်ပိုင်း မွန်းမတည့်ခင်၊ နေ့ခင်းပိုင်းမှ ညသန်းခေါင်မတိုင်ခင်၊ ညနေပိုင်းမှ ည သန်းခေါင်မတိုင်ခင်နှင့် ညနေပိုင်းမှ နောက်တနေ့ နံနက်ပိုင်းအထိ စသဖြင့် အချိန်အတိအကျ မရှိဟု စာရင်း ပြုစုထားသူ အဆိုပါတာမွေမြို့နယ်တွင် နေသူက ပြောသည်။

ယခုမီးလာချိန်မှာ ညနေ (၅) နာရီမှ ည (၁၁) နာရီထိတကြိမ်ဖြစ်ပြီး ယင်းသို့မီးလာချိန်တွင် (၁၀) ကြိမ်ထက် မနည်း ပြတ်တောက်မှု ဖြစ်ကြောင်း၊ နောက်နေ့ (၁၁) နာရီမှ ညနေ (၅) နာရီထိ လာရမည့်အချိန်တွင် မလာဘဲ ညနေ (၅) နာရီမှလာကြောင်း၊ မီးလာချိန်ကို တွက်ချက်၍ မရနိုင်တော့ကြောင်း၊ ထို့ကြောင့် လျှပ်စစ်အား အသုံးပြုရမည့် လုပ်ငန်းများ အချိန်မှန် လုပ်မရကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မဂ္ဂါဝပ်မှာ တနာရီလျှင် (၉,၆၀၀) ရှိသော်လည်း လက်ရှိတွင် (၆,၀၀၀) ကျော်သာ ဖြန့်ဖြူး နေကြောင်း လျှပ်စစ်ပေးဝေရေးဌာနမှ အရာထမ်းတဦးက ပြောသည်။

ရန်ကုန်အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ပမာဏ အပြည့်အ၀ မရရှိသည့်အတွက် ယင်းသို့ မီးပြတ် ရခြင်း ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာန လက်အောက် အရာရှိတဦးက ပြောသည်။

၎င်းက “တနေ့ကို ဓာတ်ငွေ့ကုဗပေ သန်းပေါင်း (၁၀၀) ကျော်လောက်သုံးမှ မီးပေးချိန် အပြည့်အ၀မရတောင် တနေ့ကို (၁၈) နာရီ လောက်တော့ ပေးနိုင်တယ်။ အခုက ဓာတ်ငွေ့ရတာ ကမ်းလွန်နဲ့ ကုန်းတွင်း ကုဗပေ သန်း (၇၀) ကျော်ပဲ ရှိတာလေ” ဟု ပြောသည်။

မည်သည့်အတွက် ဓာတ်ငွေ့ရရှိခြင်းပမာဏ လျော့နည်းရသည်ကိုမူ အဆိုပါအရာရှိက ပြောကြားနိုင်ခြင်းမရှိဟု ငြင်းဆိုသည်။

ကမ်းလွန်ဂတ်စ်ထုတ်လုပ်ရေးမှ တနေ့လျှင် ကုဗပေ သန်း (၁၁၀) နှင့် ကုန်းတွင်းဂက်စ်ထုတ်လုပ်ရေးမှ တနေ့လျှင် ကုဗပေ သန်း (၆၀) ကျော် နေ့စဉ် ထုတ်လုပ်လျက်ရှိပြီး ကမ်းလွန်မှ ထုတ်သော ဂက်စ်အနက် ကုဗပေ (၅၆) သန်းကို ရန်ကုန်ရှိ လျှပ်စစ်တာဘိုင်များအတွက် အသုံးပြုကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စာရင်းများ အရ သိရသည်။

ရန်ကုန်ရှိ လျှပ်စစ်တာဘိုင်များမှာ သာကေတ၊ အင်းစိန် (ရွာမ)၊ အလုံ၊ လှော်ကားတို့ဖြစ်ပြီး ကုန်းတွင်းနှင့် ကမ်းလွန်ဂက်စ်တို့ကို ရန်ကုန်ရှိ လျှပ်စစ်ပေးဝေမှုနှင့် မော်တော်ယာဉ်များတွင် အသုံးပြုလျက်ရှိသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */