မင်းနိုင်သူ | ဗဟန်းနှင့်ရန်ကင်းမြို့နယ်တို့မှ အိမ်ထောင်စုများကို သက်ဆိုင်ရာ အာဏာပိုင်များက ရွှေပြည်သာ မြို့နယ်အတွင်းသို့ ရွှေ့ပြောင်းခိုင်းခဲ့ကြောင်း ရွှေ့ပြောင်းခံခဲ့ရသူတဦးက ပြောသည်။
“ပြီးခဲ့တဲ့အပတ်ထဲမှာ ပြောင်းရွှေ့ခဲ့ကြရတာ။ ကျူးကျော်တွေဆိုပြီး အကြောင်းပြတာပဲ။ အဲဒီမှာနေလာကြတာက ကြာပါပြီ” ဟု ၎င်းက ပြောသည်။
ဗဟန်းမြို့နယ်မှ အိမ်ထောင်စု (၇၂) စုနှင့် ရန်ကင်းမြို့နယ်မှ အိမ်ထောင်စု (၃၄) စုကို ရွှေပြည်သာမြို့နယ် (တ/၁၂) ရပ်ကွက်သို့ ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလအတွင်းကလည်း အင်းစိန်အမှတ် (၃) သံမဏိစက်ရုံသို့ ကုန်ပစ္စည်းများ သယ်ဆောင်ရေး ရထားသံလမ်း ဖောက်လုပ်ရန် ဟုဆိုကာ အင်းစိန်ဖော့ကန်ရပ်ကွက်ရှိ အိမ်ထောင်စု (၄၀၀) ကျော်ကို ရွှေပြည်သာမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သည်။
အင်းစိန်ဖော့ကန်မှ ပြောင်းရွှေ့ခဲ့ကြသူအချို့ ခြံဝင်းနှင့်အိမ်အစားပြန်ရခဲ့ကြသော်လည်း အချို့မှာ မရခဲ့ကြသဖြင့် ယခုတိုင် လမ်းဘေးတွင် နေထိုင်နေကြရဆဲဖြစ်သည်ဟု ရွှေ့ပြောင်းခံရသူတဦးက ပြောသည်။
“တချို့က လမ်းဘေး လယ်ကွင်းတွေထဲမှာ တဲထိုးနေနေကြရတုန်းပဲ။ ဖော့ကန်က ပြောင်းလာတဲ့ ဦးတင်ဦး ဆိုတာ မြေကြီးပေါ်မှာပဲ အိပ်စား နေရတော့ လေဖြတ်သွားပြီ။ ကလေးတွေ အတွက် ကျောင်းကလည်း အဝေးကြီး သွားတက် နေကြရတာ” ဟု ၎င်းက ပြောသည်။
ယခုရွှေ့ပြောင်းပေးခဲ့ကြရသော ဗဟန်းနှင့် ရန်ကင်းမြို့နယ်တို့မှ ရွှေ့ပြောင်းခံ အိမ်ထောင်စုများကိုမူ အိမ်လုံးဝ ဆောက်ပေးခြင်းမရှိဘဲ ပေ (၂၀)၊ ပေ (၆၀) မြေကွက်များသာ အစားပြန်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောင်းရွှေ့ခြင်းနှင့် စပ်လျဉ်း၍ ဗဟန်း မယကရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိပေ။
source by : ခေတ်ပြိုင်
ဗဟန်းနှင့်ရန်ကင်းမှ အိမ်ထောင်စုအချို့ ရွှေ့ပြောင်းခံရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment