ဝီရ | နယ်ခြားစောင့်တပ်အဖြစ် ပထမဦးဆုံး အသွင်ကူးပြောင်းမည့် စောသမူဟဲ ဦးဆောင်သည့် အင်အား (၅၀၀) နီးပါး ရှိသည့် ဟောင်သရောအဖွဲ့(ကေပီအက်ဖ်) အတွက် လိုအပ်သည့်တပ်အင်အား (၈၈၈) ပြည့်ရန် အခြားကရင်ငြိမ်း အဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းသွားရန် နအဖစစ်အစိုးရက စီစဉ်နေကြောင်း ယင်းအဖွဲ့မှ တပ်ခွဲမှူးတဦးက ပြောသည်။
“ဗိုလ်ထိန်မောင်နဲ့ ဒီကေဘီအေ အဖွဲ့လက်အောက်က တပ်သားတွေကိုလည်း ကျနော်တို့တပ်ရင်းတွေမှာ ဖြည့်သုံးဖို့ ရှိတယ်။ တပ်ရင်း (၃) ရင်းစာ ရာထားပြီး ဒီနယ်ခြားစောင့်တပ် နာမည်အောက်မှာပဲ အတူ အလုပ်လုပ် ကြမယ်ပေါ့။ ဒီပထမ (၆) လအချိန်ထဲမှာ တပ်ဆောက်ဖို့၊ စစ်သင်တန်းတွေ တက်ရောက်ဖို့ အဲဒါကို အရင် လုပ်နေပါတယ်။ အောက်တိုဘာလအထိပေါ့” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောသည်။
ဟောင်သရောအဖွဲ့ နယ်ခြားစောင့်တပ် တည်နေရာအတွက် ကြာအင်းဆိပ်ကြီးဒေသ အမှတ် (၁) တပ်ရင်း၊ ကျိုက်ဒုံဒေသ အမှတ် (၂) တပ်ရင်းနှင့် အမှတ် (၃) တပ်ရင်းကို ဘုရားသုံးဆူနယ်စပ်မြို့နှင့် ချောင်းဆုံရွာ သွားသည့် လမ်းမကြီးအကြား (၁၃) ကီလိုမီတာအကွာတွင် စစ်အစိုးရက စီစဉ်ပေးထားကြောင်း ၎င်းက ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် ဟောင်သရောအဖွဲ့သည် နအဖစစ်အစိုးရနှင့် ပြီးခဲ့သည့် ဧပြီ (၃၀) ရက်တွင် ထိပ်ပိုင်းအဆင့် သဘောတူညီမှုရရှိခဲ့ပြီး ယခုလလယ်ပိုင်းတွင် အောက်ခြေအဆင့် ညှိနှိုင်း ပြီးစီး ခဲ့ကြောင်း သိရသည်။
စစ်အစိုးရ ညွှန်ကြားချက်အရ ၂၀၀၉ အောက်တိုဘာလအထိ (၆) လအတွင်း အပြီးသတ် လုပ်ဆောင်ရမည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပထမခြေလှမ်းအဖြစ် ခွဲမှူးအဆင့် စစ်သင်တန်း (၄၅) ရက် တက်ရောက်ရန်၊ အခြေခံစစ်သင်တန်း ရက်ပေါင်း (၉၀) တက်ရောက်ရန်နှင့် တပ်တည်ဆောက်ရန်တို့ ပါဝင်သည်။
ဘုရားသုံးဆူဒေသဝန်းကျင်တွင် နအဖနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း (၆) ဖွဲ့ကျော် ရှိသည်။
ဟောင်သရောအဖွဲ့နှင့် စီးပွားရေးအရ ပူးပေါင်းလုပ်ကိုင်နေသူတဦးက “ဒီ ကေပီအက်ဖ် (ဟောင်သရော) အဖွဲ့မှာ ရှိတဲ့ခေါင်းဆောင်တွေက စီးပွားရေးအခွင့်အလမ်း ရချင်တဲ့သူတွေပဲ များတယ်။ နိုင်ငံရေးဘက်ကို စိတ်မဝင်စား ကြဘူးခင်ဗျ။ အောက်ခြေစစ်သားတွေက ဒီလိုပေါင်းနေမယ်ဆိုရင် ပေါင်းလို့ရနိုင်ပေမယ့် တပ်ကြပ်အဆင့်လောက် ရှိတဲ့သူတွေက တပ်တတပ်ထဲမှာ ရေရှည်ပေါင်းဖို့ လွယ်မှာ မဟုတ်ဘူး” ဟု ပြောသည်။
စောသမူဟဲ ဦးဆောင်သော ဟောင်သရောအဖွဲ့ ခေါ် ကေပီအက်ဖ်အဖွဲ့သည် ကေအန်ယူ တပ်မဟာ (၆) လက်အောက်တပ်ရင်းမှ ၁၉၉၇ ခုနှစ် အစပိုင်းတွင် နအဖထံ လက်နက်ချအလင်းဝင်ပြီး ပြန်လည် ဖွဲ့စည်းထားသည့် ကရင် ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ ဖြစ်သည်။
ကော့ကရိတ်၊ မြဝတီဒေသများနှင့် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားပိုင်းရှိ မရမ်းချောင်းဂိတ် လမ်းဆုံရွာတွင်လည်း ဒီကေဘီအေအတွက် နယ်ခြားစောင့်တပ် ထပ်တည်မည်ဟု နယ်စပ်ရှိ ငြိမ်းအဖွဲ့ အသိုင်းအဝိုင်းမှ သတင်းထွက်ပေါ်နေသည့်အတွက် အပစ်ရပ်အဖွဲ့အချင်းချင်း ပဋိပက္ခ ဖြစ်အောင် နအဖက ဖန်တီးနေခြင်းသာ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ ခရိုင်အုပ်ချုပ်ရေး တာဝန်ခံတဦးက ပြောသည်။
၎င်းက “ဒါ စစ်အစိုးရက အပစ်ရပ်အဖွဲ့တွေရဲ့ နယ်မြေအချင်းချင်း ထပ်သွားအောင် လုပ်နေတာပဲ။ ဥပမာ ဗိုလ်ချုပ်အောင်နိုင် (မွန်ပြည်သစ်ပါတီ ခွဲထွက်) အဖွဲ့ကို ဘားအံပြည်နယ်ထဲက ကော့ယက္ခနဲ့ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်လက်အောက်က တောင်ပေါက်နယ်တွေမှာ ရုံးအခြေစိုက်ခိုင်းထားတယ်။ ကရင်ငြိမ်း အဖွဲ့ တွေကိုလည်း မော်လမြိုင်မြို့ပေါ်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးထားတယ်။ အခု ဒီကေဘီအေ အဖွဲ့ကလည်း ကျနော်တို့နယ်မြေမှာ နယ်ခြားစောင့်တပ်ရင်းအဖြစ် တည်ခိုင်းထားတယ်။ ဒါတွေဟာ ဘဝတူ တိုင်းရင်းသား အချင်းချင်း ရန်သူတွေဖြစ်အောင် ဖန်တီးနေတာပဲ ဖြစ်တယ်” ဟု ပြောသည်။
နအဖတို့ အခြေစိုက်ခိုင်းသည့် ဒီကေဘီအေအတွက် နယ်ခြားစောင့်တပ်ရင်း တည်နေရာသည် ရေးချောင်းဖျားရှိ မွန်ပြည်သစ်ပါတီ၏ အမှတ် (၇) တပ်ရင်းနှင့် (၁၀) ကီလိုမီတာသာ ကွာဝေးသည်ဟု သိရသည်။
ဒီကေဘီအေအဖွဲ့ ခေါင်းဆောင်များနှင့် စစ်အစိုးရတို့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မူအရ သဘောတူမှု ရရှိခဲ့ပြီးနောက် အသေးစိတ်ညှိနှိုင်းရန် မြဝတီမြို့တွင် ဆွေးနွေးနေဆဲ ဖြစ်သည်။
source by : ခေတ်ပြိုင်
ဟောင်သရော အဖွဲ့နယ်ခြားတပ်ဖွဲ့ဖွဲ့စည်းရေး သဘောတူ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment