စစ်အစိုးရ ပြည်တွင်းပြည်ပ ဥပဒေများကို ချိုးဖောက်နေကြောင်း အန်အယ်လ်ဒီပါတီ ထုတ်ပြန်ကြေငြာ

Friday, May 29, 2009 ·

NEJ | နအဖစစ်အစိုးရ၏ တရားစီရင်ရေးစနစ်သည် ပြည်တွင်းပြည်ပ ဥပဒေများအား ချိုးဖောက်နေသည်ကို တွေ့ရှိရကြောင်း အန်အယ်လ်ဒီ ပါတီက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်တို့အား မစစ်ဆေးမီ ရှေ့နေများနှင့် ညှိနှိုင်းဆွေးနွေးရန် လုံလောက်သော အချိန်ကို အစိုးရဘက်က မပေးခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၁၅/၀၅/၀၉ ပထမအပိုဒ်တွင် ဖော်ပြသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးသို့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မိုးမိုးတို့ကို ၎င်းတို့၏ သက်သေများအဖြစ် စာရင်းတင်ခဲ့သော်လည်း ကျန်(၃) ဦးကို ပယ်ချလိုက်ပြီး ဦးကြည်ဝင်းတဦးတည်းသာ သက်သေထွက်ခွင့်ရခြင်းမှာ ခုခံချေပခွင့် အပြည့်အ၀မရခြင်း ဖြစ်သည်ဟုလည်း ထောက်ပြထားသည်။

တရားရုံးက တရားစွဲဆိုသူ တရားလိုအတွက် တရားလိုပြသက်သေ (၁၅) ဦးကို စစ်မေးခွင့်ပြုခဲ့သည်။

အမှုကိစ္စတရပ်တွင် စွပ်စွဲခံရသူအနေဖြင့် ၎င်း၏ ရှေ့နေနှင့် ညှိနိုင်းဆွေးနွေးရန် အချိန်အလုံအလောက် ပေးရကြောင်း၊ စွပ်စွဲခံရသူ ဘက်က ပြသသော သက်သေများကိုလည်း စစ်မေးခွင့်ပြုရကြောင်း၊ သို့မှသာ ခုခံချေပခွင့် ပေးသည်ဟု ဆိုနိုင်ကြောင်း ပါတီ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအချက်များကို မပေးအပ်ခဲ့ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၁ (၁) ပါ အချက်များနှင့် နအဖ၏ ဥပဒေအမှတ် - ၅/၂၀၀၀ ဖြစ်သည့် “၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ” ၏ တရားစီရင်ရေးဆိုင်ရာမူ ပုဒ်မ ၂ (စ) ပါ အမှုတွင် ခုခံချေပခွင့်ပေးခြင်းဆိုသည့် အချက်များကို ချိုးဖောက်နေကြောင်း အန်အယ်လ်ဒီပါတီက ထုတ်ပြန်ကြေညာသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */