NEJ | ကျောက်စိမ်းဈေးကွက်ရှိရာ မန္တလေးမြို့ ကျောက်စိမ်းဈေးအတွင်း ကျောက်များဝယ်ယူနေသည့် တရုတ် နိုင်ငံသားများကို အာဏာပိုင်များက ယခုရက်ပိုင်း ဖမ်းဆီးနေသကဲ့သို့ မန္တလေးမှ တရုတ်နယ်စပ်သို့ မှောင်ခို ခိုးထုတ်လာသည့် ကျောက်စိမ်းများကိုလည်း ဖမ်းဆီးနေသည်။
တရုတ်နိုင်ငံသားများသည် မြန်မာပြည်အတွင်းသို့ အလည်အပတ် ဗီဇာဖြင့်လည်းကောင်း၊ တရားမဝင်နည်းဖြင့် လည်းကောင်း ဝင်ရောက်ပြီး ကျောက်စိမ်းများ ဝယ်ယူနေသည်မှာ (၃) နှစ်ကျော် ရှိနေပြီဖြစ်သော်လည်း ယခုမှ စတင်အရေးယူခြင်းဖြစ်သည်ဟု မန္တလေးကျောက်ကုန်သည်တဦးက ပြောသည်။
“နိုင်ငံခြားသားတွေအနေနဲ့ အင်ပိုရီယမ်မှာပဲ တရားဝင်ဝယ်လို့ရတယ်။ လေကြောင်းနဲ့ကော၊ ဒီနယ်စပ် ခရီးသွား ဌာနတွေနဲ့ကော ဝင်နေတဲ့တရုတ်တွေက အလည်အပတ်အနေနဲ့သွားရတာ၊ ကျောက်ဝယ်ခွင့်မရှိဘူး။ ဒါပေမယ့် ဒီနယ်စပ်မှာ ဝယ်နေတဲ့ တရုတ်တွေက အထဲဝင်ပြီး ကျောက်ဝယ်နေတာကြာပြီ။ ဒီနယ်စပ် ကျောက်ဈေးကွက် ပျက်နေတာလည်း သူတို့ကြောင့်ပဲ။ အခုမှ ဖမ်းဆီးလာတာ။ ဒါတောင် ထိရောက်အောင် မလုပ်သေးဘူး။ သိတဲ့အတိုင်းပဲ သူတို့အခေါ် ဒဏ်ရိုက်တာပေါ့။ ငွေညှစ်ပြီး ပြန်လွှတ်တာမျိုးလည်းရှိတယ်။ ဟူနန် နယ်သား တကောင် ကျောက်စိမ်းတုံးနဲ့အတူ ဝိုင်းထိပ်မှာမိသွားတာ (၃) သိန်း ဒဏ်ရိုက်လိုက်တယ် ပြောတယ်၊ ကျောက်ကတော့ ပြန်ပေး မပေး မသိဘူး” ဟု ၎င်းကပြောသည်။
ရန်ကုန်တွင် ပြုလုပ်နေသည့် ကျောက်မျက်ပြပွဲများတွင် ကျောက်စိမ်းများကို အများဆုံးဝယ်နေကြသည့် တရုတ်နိုင်ငံသားများမှာ တဖြည်းဖြည်းလျော့နည်းလာပြီး ပြင်ပကျောက်ဈေးကွက်တွင် ပိုမိုဝယ်ယူနေသည်ကို အစိုးရက တားဆီးလိုသည့်အတွက် တရားမဝင်ကျောက်ဝယ်နေသည့် တရုတ်နိုင်ငံသားများကို ထိန်းချုပ်တားဆီး ခြင်းဖြစ်နိုင်ကြောင်း ကျောက်မျက်ပြပွဲများတွင် ကျောက်ရောင်းချနေသည့် မန္တလေးကျောက်ကုန်သည်တဦးက သုံးသပ်သည်။
တရုတ်နိုင်ငံသားများသည် မန္တလေး (၃၇-၃၈) လမ်းကြားနှင့် (၈၆) လမ်းတွင်ရှိသည့် ကျောက်ဈေးကွက်ရှိရာ တွင်လည်းကောင်း၊ ဖားကန့်၊ လုံးခင်းကျောက်စိမ်းတွင်းသို့ လည်းကောင်း သွားရောက်ဝယ်ယူကာ ကျောက် ကယ်ရီ သမားများထံ အပ်နှံပြီး တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်နှင့် ရွှေလီမြို့များတွင် လာရောက် ထုတ်ယူ နေကြသည်ဟု ကျယ်ဂေါင်ကျောက်ကုန်သည်တဦးက ပြောသည်။
၎င်းက “တရုတ်ကျောက်တွေက နယ်စပ်ဘက်ထွက်တဲ့လမ်းကြောင်းတွေကနေ သယ်နေတာဆိုတော့ အဲဒါတွေကိုလည်း ဖမ်းနေတယ်။ ပြီးခဲ့တဲ့ အပတ်ထဲမှာ (၁ဝ၅) မိုင်ဘက်မှာမိတဲ့ ကား(၅) စီးမှာ တရုတ်ဟာတွေ များတယ်။ တန်ဖိုးအနေနဲ့ သိန်းထောင်ကြီးပိုင်း ရှိနိုင်တယ်။ တရုတ်တွေက အဆင့်မြင့် ကျောက်ရည် ကျောက်သွေး ကောင်းတာတွေပဲ သယ်တယ်။ လူကတော့ ပစ္စည်းနဲ့အတူမပါလာလို့ အဖမ်းမခံရဘူး။ လေယာဉ်နဲ့ ဖြစ်ဖြစ် ကားနဲ့ဖြစ်ဖြစ် သူတို့တွေက ပြန်ကြတာ” ဟု ပြောသည်။
source by : ခေတ်ပြိုင်
ကျောက်စိမ်းဝယ်တရုတ်များနှင့် ကျောက်များကို ဖမ်းဆီး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment