ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မှတ်ပုံတင်ရေး အဆင်မပြေ

Friday, May 29, 2009 ·

NEJ | ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမား (၂) သန်းကျော်သည် တရားဝင်အလုပ် လုပ်ကိုင် လိုပါက မြန်မာနိုင်ငံ သို့ အားလုံးပြန်လာ၍ နိုင်ငံသား ဟုတ်မဟုတ် စိစစ်ခံရမည်ဟု မြန်မာအစိုးရ၏ ပြောကြားချက်ကို မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသည့်အဖွဲ့များက ဖြစ်နိုင်ခြေမရှိသည့် လုပ်ငန်းစဉ် တရပ်ဟု ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ဆဌမ အကြိမ်မြောက် ထိုင်း-မြန်မာ အစည်းအဝေးကို မြန်မာနိုင်ငံ နေပြည်တော်တွင် ယခုလ (၁၉-၂၀) ရက်တို့တွင် ကျင်းပခဲ့သော်လည်း မြန်မာ အလုပ်သမားများ အတွက် တိုးတက် ကောင်းမွန်သည့် သဘောတူညီမှု မရရှိဘဲ ပြီးဆုံးသွားကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သူများသည် မြ၀တီ၊ ကော့သောင်း၊ တာချီလိတ် စသည့် နယ်စပ်ဂိတ်များမှတဆင့် သွားရောက်ရမည်ဖြစ်ပြီး နယ်စပ်ဂိတ်တခုလျင် လူ (၂၀၀) ခန့် သွားခွင့်ပြုမည်ဟု မြန်မာအစိုးရဘက်က ပြောသည်။

ယင်းကိစ္စကို ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံ ဦးမိုးဆွေက “မြန်မာဘက် အစီအစဉ်က လက်ရှိ ထိုင်းမှာရောက်နေတဲ့ အလုပ်သမား (၂) သန်းကျော်ဟာ မြန်မာပြည်ကိုပြန်ပြီး နိုင်ငံသား ဟုတ်မဟုတ် အစစ်ခံပြီးမှ ပြန်လာရမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အဓိက ပြဿနာက မြန်မာ အလုပ်သမား တွေက မြန်မာအစိုးရကို မယုံတဲ့ပြဿနာဘဲ။ နယ်စပ်ဂိတ်သုံးခုမှာ တနေ့ လူ (၆၀၀) ပဲ လွှတ်မယ် ဆိုတော့ လူ (၂) သန်းကျော် ဆိုရင် (၁၀) နှစ်ကျော်လောက် ကြာမယ့်သဘောရှိတယ်။ ဒါက ဘယ်လိုမှ အလုပ် မဖြစ်မယ့် ကိစ္စ” ဟု ပြောသည်။

လာမည့် ဇူလိုင်မှစတင်ကာ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား (၂) သန်းကို ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ အလုပ်သမား မှတ်ပုံတင်အသစ် ပြုလုပ်ပေးမည်ဟု သိရသော်လည်း အသစ်လုပ်ပေးမည့် အလုပ်သမား လက်မှတ် သည် အလုပ်ပြောင်းလုပ်ကိုင်ခွင့် မရှိသည့်အတွက် အလုပ်သမားများအတွက် နောက်ဆက်တွဲ ပြဿနာများ ရှိနိုင် ကြောင်း ဦးမိုးဆွေက ပြောသည်။

ထို့အပြင် အလုပ်ရှင်က အလုပ်သမားမူရင်းလက်မှတ်ကို သိမ်းဆည်းထားသဖြင့် ဖြစ်ပေါ်လာမည့် ပြဿနာ များလည်း ရှိသောကြောင့် ထိုင်းအစိုးရအနေဖြင့် အလုပ်သမားများ အခွင့်အရေးအပြည့်အ၀ရရှိရေး ကြီးကြပ်ခန့်ခွဲပေးရန် လိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။

နိုင်ငံခြားသားအလုပ်သမားအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသည် ၂၀၀၅ ခုနှစ်မှစတင်ကာ လာအို၊ ကမ္ဘောဒီယား စသည့်နိုင်ငံများနှင့် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး စာချွန်လွှာအရ ထိုင်းနိုင်ငံရောက် မိမိနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများက ထိုင်းနိုင်ငံအတွင်း လာရောက်၍ မိမိတို့ နိုင်ငံသားဟုတ်မဟုတ် စစ်ဆေး အတည်ပြုပေးခဲ့ကြသည်။ အဆိုပါ စာချွန်လွှာကို မြန်မာအစိုးရက လက်မှတ်ရေးထိုးခြင်းမရှိဘဲ ငြင်းပယ်ခဲ့သည်။

ထိုင်းနိုင်ငံဘက်မှ မြန်မာအစိုးရကို စမ်းသပ်ကာလအဖြစ် မြန်မာအလုပ်သမား (၁) သောင်းကို စေလွှတ်ရန် ယမန်နှစ်က ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်တို့ သဘောတူ ခဲ့ကြသည်။

မြန်မာအစိုးရဘက်မှ တင်းကြပ်သည့် လုပ်နည်းလုပ်ဟန်များကြောင့် ၂၀၀၅ ခုနှစ်မှ စခဲ့သည့်လုပ်ငန်းစဉ်မှာ မြန်မာအလုပ်သမားများ၏ ပူးပေါင်းလက်တွဲကူညီမှု မရရှိခဲ့သည့်အတွက် ယနေ့တိုင် အလုပ်သမားများအား စေလွှတ်နိုင်ခြင်းမရှိဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သူများအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီအဖွဲ့၏ တာဝန်ခံ ဦးမိုးကြိုးက ပြောသည်။

ဘားအံမြို့နယ်မှ အလုပ်သမားတဦးက “ဘန်ကောက်မှာ လွန်ခဲ့တဲ့ (၃) နှစ်က တရားဝင် အလုပ်လုပ် လုပ်ကိုင်ခွင့် ရမယ်ဆိုလို့ ရုံးသွားပြီး နေရပ်လိပ်စာနဲ့ ကိုယ်ရေးရာဇ၀င်သွားပေးတယ်။ လက်မှတ်မရတဲ့အပြင် ဘားအံ မှာရှိတဲ့ ကျနော်တို့ မိဘဆွေမျိုးတွေကို ခင်ဗျားတို့ သားသမီးတွေ ဘယ်လိုသွားသလဲ၊ ဘယ်လို အစီအစဉ်နဲ့ သွားတာလဲ၊ ဒီကိစ္စထောင်ကျနိုင်တယ်ဆိုတာ သိလား ဆိုပြီး အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေအတောင်း ခံရတာပဲ အဖတ်တင်တယ်။ ဒါကြောင့်မို့ ဘယ်သူမှ သွားမလုပ်တာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်၍ မှတ်ပုံတင် အစစ်ခံရမည့်ကိစ္စမှာ အခက်အခဲရှိသဖြင့် လာအို၊ ကမ္ဘောဒီယားအစိုးရများကဲ့သို့ မြန်မာ အလုပ်သမား အရေးကို ကူညီဖြေရှင်းစေလိုကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား (၂) သန်းကျော်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသူ (၇) သိန်းခန့်သာရှိကြောင်း မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */