မြန်မာ့အရေး လုံခြုံရေး ကောင်စီတွင် အလွတ်သဘော ဆွေးနွေး

Wednesday, May 20, 2009 ·

ဧရာဝတီ | ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရသည့် အရေးနှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်နိုင်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ အလွတ်သဘော ဆွေးနွေး နေကြသည်။ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့၏ အစီအစဉ်ဖြင့် ထိုသို့ ဆွေးနွေးနေခြင်း ဖြစ်သည်။


ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆွေးနွေးပွဲတခု
(ဓာတ်ပုံ - Getty Images)
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင်နေမှုအပေါ် အရေးယူပေးရန် ပြီးခဲ့သည့် အပတ်အတွင်း လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများ နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တို့ကို ဝိုင်းဝန်း ဖိအားပေးလျက် ရှိသည်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများသာမက နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ၉ ဦး၊ နိုင်ငံတကာ ခေါင်းဆောင် ဟောင်း ၇၂ဦး တို့၏ ထုတ်ပြန် ချက်များ နှင့် ကမ္ဘာကျော်ပုဂ္ဂိုလ် ၄ဝ ကျော်၏ တောင်းဆိုချက်များတွင်လည်း အမြန်ဆုံး ကြားဝင် ဖြေရှင်းပေးရန် လုံခြုံရေး ကောင်စီကို တိုက်တွန်းထားသည်။

သို့သော်လည်း လုံခြုံရေး ကောင်စီတွင် ဗီတို အာဏာ သုံးနိုင်သော တရုတ် နှင့် ရုရှား နိုင်ငံတို့၏ တင်းခံ နေမှုကြောင့် အဆိုပါ တောင်းဆို ချက်များမှာ ခရီးမရောက်နိုင်သေးပေ။

နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ် သတင်းရပ်ကွက်များ၏ အဆိုအရ လုံခြုံရေး ကောင်စီဥက္ကဌ ၏ ကြေညာချက် သို့မဟုတ် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ချက် ထွက်ရှိနိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စု၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့က ကြိုးပမ်းနေသည်ဟု သိရသည်။

လုံခြုံရေး ကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံ၏ သဘောတူညီချက် ရရှိပါက မြန်မာပြည်အရေးကို ဆွေးနွေးနိုင်မည် ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံက ထိုသို့ ဆွေးနွေးရန် လက်ခံခြင်း မရှိပေ။ နိုင်ငံတခု၏ ပြည်တွင်းရေး ကိစ္စကို ဝင်ရောက် စွက်ဖက်ရာ ရောက်သည်ဟု တရုတ်နိုင်ငံက ပြောလေ့ရှိသည်။ ရုရှား နှင့် ဂျပန်နိုင်ငံတို့ကလည်း ထိုသို့ ဆွေးနွေးရန် ကြိုးပမ်းချက်များကို သတိကြီးစွာဖြင့် ရှောင်ရှားလိမ့်မည်ဟု အများက ယူဆထားသည်။

အခြားတဘက်တွင်လည်း အမေရိကန် ပြည်ထောင်စု၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့က မြန်မာပြည်၏ လက်ရှိအခြေအနေ နှင့် ဒေါ်အောင်ဆန်းစုကြည်အား မတရား အမှုဆင်နေခြင်းတို့မှာ လုံခြုံရေး ကောင်စီတွင် ဆွေးနွေးသင့်သည့် အကြောင်းအရာများ ဖြစ်သည်ဟု ယူဆထားသည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်း လုံခြုံရေး ကောင်စီတွင် မြန်မာပြည်အရေးကို ဆွေးနွေးခဲ့မှုများ ရှိသဖြင့် နိုင်ငံတခု၏ ပြည်တွင်းရေး ကိစ္စများသာ ဖြစ်သည်ဟု မယူဆသင့်ကြောင်း အဆိုပါ နိုင်ငံကြီး ၃ ခုက ထောက်ပြကြသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်သည့် လုံခြုံရေး ကောင်စီဥက္ကဌ ၏ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တနင်္လာနေ့က နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ၉ ဦး၏ လှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်ကြောင်း နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ၂ဦး ဖြစ်သည့် ဒလိုင်းလားမား နှင့် ဟိုဆေးရာမို့ဟော်တာတို့က ကြေညာလိုက်သည်။

နိုဗဲလ်ဆုရှင် ၉ ဦးက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသို့ တနင်္လာနေ့က ပေးပို့သည့် စာတွင် မြန်မာပြည်အခြေအနေများကို ကြားဝင် ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးရန် တိုက်တွန်းထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */