ဝီရ | စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေများအနက် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မွန်တိုင်းရင်းသားများကို စစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိများက နိုင်ငံသားကတ်များ ကွင်းဆင်း ပြုလုပ် ပေးနေကြောင်း ဒေသခံများက ပြောသည်။
လူထုဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ယမန်နှစ် ဖေဖော်ဝါရီလက အသက် (၁၈) နှစ် ပြည့်ပြီး သူများအား ပြုလုပ် ပေးထားသော ယာယီ မှတ်ပုံတင် ကတ်ပြားရှိသူများကို နိုင်ငံသားကတ်များဖြင့် ယမန်နေ့က တရက်တည်း ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်သည်။ ယခုပြုလုပ်ကြသူများအနက် မွန်ပြည်သစ်ပါတီမှ ပါတီ ဝင်များလည်း ပါဝင်သည်။
မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက “ကျနော်တို့ ပါတီဝင်တွေက ခရီးသွားလာရေးမှာ အခက်အခဲ ရှိကြတော့ ဒီမှတ်ပုံတင် လုပ်ချင်ရင်လည်း ပါတီအနေနဲ့ တားမြစ်မှာ မဟုတ်ဘူး။ သွားလုပ်တဲ့ သူတွေလည်း ရှိပါတယ်” ဟု ပြောသည်။
သို့သော် ယင်းသို့သွားရောက်လုပ်ကိုင်ကြသူများမှာ ၂၀၁၀ ရွေးကောက်ပွဲ မဲဆန္ဒထည့်ရန်အတွက် မဟုတ်ကြ ကြောင်းနှင့် ခရီးသွားလာ ရာတွင် လွယ်ကူချောမွေ့စေရန်အတွက်သာ ပြုလုပ်ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ခရီးသွားလာရာတွင် အသုံးဝင်သဖြင့် ဤနိုင်ငံသားမှတ်ပုံတင်များကို ပြုလုပ်လိုကြသော်လည်း ဘတ်ငွေ (၁၀၀) ကုန်ကျမည်ဖြစ်သဖြင့် မတတ်နိုင်သူ အများအပြားလည်း ရှိကြောင်း ရွာသားများက ပြောသည်။
(၁) ရက်တည်းသာ လာရောက်ပြုလုပ်ပေးသည့် ယမန်နေ့၌ ခလောက်ဟနီနှင့် ပလက်ဒုန်ဖိုက် ရွာ (၂) ရွာမှ အယောက် (၇၀၀) ခန့်သာ ပြုလုပ်ခဲ့ကြသည်။ မှတ်ပုံတင်ထုတ်သည့် နေ့တွင်လည်း တဦးလျှင် ဘတ်ငွေ (၅၀) စီ ထပ်မံပေးရမည်ဖြစ်သည်။
ပထမပိုင်းတွင် လူတဦးအတွက် ဘတ်ငွေ (၃၀၀) ပေးဆောင်ရမည်ဟု ကြေညာထားသော်လည်း ပြုလုပ်သူ အရေအတွက် နည်းပါးနေ၍ ဘတ်ငွေ (၁၀၀) ဖြင့် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံရွာသားများက ပြောသည်။
source by : ခေတ်ပြိုင်
နယ်စပ်ရှိ မွန်ပြည်သစ် ပါတီ နယ်မြေတွင် နိုင်ငံသား ကတ်ပြား စတင် ထုတ်ပေး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment