ပြည်တွင်းဆားလုပ်ငန်း နာလန်မထူနိုင် ထိုင်းဆားများ နေ့စဉ်နယ်စပ်မှ တင်သွင်းနေရ

Monday, May 11, 2009 ·

NEJ | ပြည်တွင်းဆားထုတ်လုပ်မှုကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှဆားများကို မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် နေ့စဉ် ဆားတန်ချိန် (၅၀၀) ခန့် တင်သွင်းနေရသည်။

မြန်မာနိုင်ငံ၏ ဆားထွက်ရာဒေသဖြစ်သည့် လပွတ္တာ၊ ဘိုကလေး၊ ငပုတော စသည့် ဒေသများရှိ ဆားကွင်းများမှာ ယမန်နှစ်က တိုက်ခိုက်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရာ ယနေ့ထိ နာလန်မထူနိုင်သေးဘဲ ယခင်ထုတ်ကုန်၏ (၂၅) ရာခိုင်းနှုန်းသာ ထွက်ရှိသောကြောင့် ပြည်ပမှဆားများ တင်သွင်းရခြင်းဖြစ်သည်ဟု မြန်မာကုန်သည်များက ပြောသည်။

မြန်မာဆားကုန်သည်တဦးက “ကျနော်တို့ ထိုင်းဘက်က တင်သွင်းတဲ့ ကီလို (၅၀) ၀င် ဆားတအိတ်ကို ဘတ် (၁၉၀) ကျတယ်။ မြ၀တီအရောက်ဆိုရင် တအိတ် (၂၀၀) ကျတယ်။ ထိုင်းဆားတွေကို အခုလို အလုံးအရင်းနဲ့ နေ့တိုင်းသွင်းတာ (၃) လ လောက်ရှိသွားပြီ။ ဧရာဝတီတိုင်းက ဆားထွက်များတဲ့ ဒေသတွေမှာ နာဂစ်ကြောင့် ဆားကျင်းတွေပျက်ပြီး ဒီနေ့ထိ နာလန်ပြန်မထူနိုင်သေးဘူး။ ဒါကြောင့် ပြည်တွင်းဝယ်လိုအားကြောင့် ဆားသွင်းရတာဖြစ်တယ်” ဟု ပြောသည်။

နာဂစ်ပြီးချိန်မှစ၍ တနှစ်တာကာလအတွင်း ထိုင်းဆားများ ပုံမှန်တင်သွင်းနေရသော်လည်း ယခု (၃) လ အတွင်း တင်သွင်းသည့်ဆား ပမာဏမှာ ယခင်လများထက် ထက်ဝက်ခန့် များလာသည်ဟု သိရသည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားအပါအ၀င် တံတား၏တောင်ဘက်ရှိ တရားမ၀င် ဂိတ်များဖြစ်သည့် သုံည ဂိတ်၊ နှစ်ဂိတ်၊ (၉၉၉) ဂိတ်သစ်၊ တစ်ဂိတ်၊ ဆယ့်ခြောက်ဂိတ်၊ ဆယ့်ခုနှစ်ဂိတ်တို့မှ ဆားအိတ်ရေ (၁) သောင်း ခန့်ကို မြန်မာနိုင်ငံဘက်သို့ ထိုင်းဘက်မှ နေ့စဉ် တင်ပို့ရသည်ဟု ဆားတင်သွင်းသည့် ထိုင်းကုန်သည်တဦးက ပြောသည်။

နာဂစ်မတိုင်မီက မြန်မာနိုင်ငံတွင် ဆားတပိဿာ ကျပ် (၃၀၀) ၀န်းကျင်သာရှိခဲ့ရာမှ ယခုလက်ရှိပေါက်ဈေးမှာ ဆားတပိဿာလျှင် ကျပ် (၆၀၀) အနည်းဆုံးရှိသည်ဟု သထုံမြို့မှ အိမ်ရှင်မတဦးက ပြောသည်။

အထူးသဖြင့် လပွတ္တာတွင် လွန်ခဲ့သည့် မတ်လနှင့် မေလအတွင်း ရွာသွန်းဆဲ မိုးများကြောင့် ဆားကျင်းများ၊ ထပ်မံပျက်စီးသဖြင့် ဆားထွက်ရှိမှုနှုန်းမှာ ယခုအခါ (၂၅) ရာခိုင်နှုန်းခန့်သာ ရှိတော့သည်ဟု ဆားကုန်သည်များက ပြောသည်။

လပွတ္တာမြို့နယ်သည် အဏ္ဏ၀ါဗေဒမှ သတ်မှတ်ထားသည့် တဧကလျှင် ဆားပိဿာ (၆,၀၀၀) ထွက်ရှိရေး သတ်မှတ်ချက်မှာ ယခုအခါ ပိဿာ (၁,၅၀၀) ခန့်သာ ထွက်ရှိနိုင်တော့မည်ဟု ဆားလုပ်ငန်းရှင်များအဖွဲ့က ခန့်မှန်းသည်။

လပွတ္တာမြို့နယ်သည် ဆားဧကပေါင်း (၂၇,၀၀၀) ကျော်ရှိကာ ဆားလုပ်ငန်းရှင် (၆၀၀) ကျော်ဖြင့် လုပ်ကိုင်လျက် ရှိသော်လည်း ယခုအခါ ဆားထွက်နှုန်းကျဆင်းမှုများကြောင့် အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်သူများ ရာနှင့်ချီရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံမှ ဆားများ တင်သွင်းမှုကို မြန်မာအာဏာပိုင်များက တရားဝင် ခွင့်ပြုထားသော်လည်း လက်ရှိတင်သွင်း သည့် ဆားများကို ကုန်သည်များက ပိုမိုတွက်ခြေကိုက်ရန်အတွက် နယ်စပ်ကုန်သွယ်ရေး ၀န်ထမ်းများ အာဏာပိုင်များနှင့် နားလည်မှုယူကာ ကုန်ပမာဏ၏ တ၀က်ကို ဂျူတီဆောင်သော်လည်း ကျန်တ၀က်ကို နားလည်မှုဖြင့် မြ၀တီမှ ရန်ကုန်အပါအ၀င် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ကြသည်ဟု မြန်မာကုန်သည်များက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */