ဒေါက်တာ တင်မျိုးဝင်းအား ထိန်းသိမ်းထားသည့် နေရာ မသိရသေး

Monday, May 11, 2009 ·

မင်းနိုင်သူ | ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းအား မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်ကို ယခု အချိန်အထိ မသိရသေးကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါက်တာတင်မျိုးဝင်းသည် မေ (၇) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ရန် သွားရောက် ခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ ညနေပိုင်းအိမ်သို့ ပြန်အရောက် အာဏာပိုင်များက လာရောက်ခေါ်ဆောင် ထိန်းသိမ်းသွားခဲ့သည်။

ဒေါက်တာတင်မျိုးဝင်းကို ခေါ်ဆောင်သွားပြီးနောက် ၎င်းနေ့စဉ် သုံးစွဲသည့် ဆေးဝါးနှင့်အ၀တ်အစားများကို အာဏာပိုင်များက နှစ်ကြိမ်တိုင်တိုင် လာရောက် ယူဆောင် သွားကြောင်း သိရသည်။

“အခုထိကျနော်တို့ဘာမှရေရေရာရာမသိရသေးပါဘူး။ ဒေါက်တာဒေါ်ပြုံးမိုအိထပ်မံတွေ့ဆုံခွင့်တောင်းတာလည်း မရဘူးလို့ကြားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

လစဉ် ပထမပတ်ကြာသပတေးနေ့တိုင်း ဒေါ်အောင်ဆန်းစုကြည်အား ဆေးစစ်ပေးနေရသော ဒေါက်တာ တင်မျိုးဝင်း ကို အာဏာပိုင်များက ထိန်းသိမ်းလိုက်ပြီးနောက် တွဲဖက်ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ ဒေါ်ပြုံးမိုအိက ဒေါ်အောင်ဆန်း စုကြည်ကို ပြီးခဲ့သော သောကြာနေ့၌ ဆေးစစ်ပေးခဲ့ရသည်။

“ကျနော်တို့ ပြန်သိရတာကတော့ ဒေါ်အောင်ဆန်းစုကြည် သွေးပေါင်ကျတယ်။ အားနည်းနေတယ်။ နောက် အရေပြားခန်းခြောက်တဲ့ လက္ခဏာရှိတယ်လို့ ပြောတယ်။ အဲဒီနေ့မှာပဲ လိုအပ်တဲ့ ကုသမှုတွေလုပ်ပေးခဲ့တယ်။ ဒါပေမယ့် နောက်ရက်မှာ ရလဒ်ကို ပြန်ကြည့်ဖို့အတွက် ထပ်မံတွေ့ဆုံခွင့်တောင်းတာ မရခဲ့ဘူးလို့ သိရတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါက်တာတင်မျိုးဝင်းတို့ ဆေးစစ်ပေးမည့် ယခုလ (၇) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်းသို့ အမေရိကန် နိုင်ငံသားတဦး ၀င်ရောက်နေထိုင်ခဲ့ကြောင်း စစ်အစိုးရသတင်းစာများက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအခြေအနေနှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ သတင်းများ ထုတ်ပြန်ပေးရန် အန်အယ်လ်ဒီဘက်မှ တောင်းဆို ခဲ့သော်လည်း ယခုအချိန်ထိ တစုံတရာအကြောင်းကြားမှုများ မရှိသေးကြောင်းသိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */