ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အားနည်း

Friday, May 29, 2009 ·

ကြည်ဝေ | အင်းစိန်ထောင်တွင်း တရားရုံးတွင် အမှုရင်ဆိုင်နေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အားနည်းနေကြောင်း အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေ အနေ သိပ် မကောင်းဘူး၊ ကြွက်တက်တဲ့ ရောဂါ သူ့မှာ ရှိနေတယ်၊ ဒါကြောင့် သူ အိပ်ရေးတွေ ပျက်တယ်၊ သို့သော်လည်းပဲ ရုံးချိန်မှာ တချိန်လုံး သူ စိတ်ဝင်စားစွာနဲ့ ဆောင်ရွက်နိုင်တာကို ကျနော် သတိထားမိတယ်” ဟု ဦးဉာဏ်ဝင်းက ယနေ့ တရားခွင်မှ အပြန်တွင် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေ့စဉ်ရက်ဆက် တရားရုံးတင် စစ်ဆေးခံနေရစဉ် အိပ်ရေးပျက်၊ ပင်ပန်းပြီး ကြွက်တက်သည့် ဝေဒနာ ပြန်လည် ခံစားနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

အာဏာပိုင်တို့က ၆ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ယခု လလယ် ပိုင်းတွင် အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး မကောင်းသည့် ကြားက တရားခွင်တွင် စိတ်ပါ ဝင်စားစွာ ရင်ဆိုင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အဖွဲ့ချုပ်မှ ရှေ့နေတဦးက ပြောသည်။

သူ့အား ထောက်ခံသူများကို စိတ်ပူ စိုးရိမ်ခြင်း မရှိကြရန် မှာကြားခဲ့သည်ဟု ဆိုသည်။

“သူ့အတွက် ဘာမှ စိတ်ပူစရာ မလိုဘူး၊ သူ အဆုံး အစွန်ထိ တွက်ပြီးသား၊ ထောင်ကျမှာ ကြောက်ရင် နိုင်ငံရေး မလုပ်ဘူး လို့ ပြောတယ်” ဟု အဆိုပါ ရှေ့နေက ပြောပြသည်။

တရားစွဲခံနေရသည့် အမေရိကန် နိုင်ငံသား မစ္စတာ ယက်ထော၏ ဘာသာရေး ယုံကြည်ချက်နှင့် ပတ်သက်ပြီး ပြက်ရယ်ပြုခြင်း မလုပ်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်ဟု ဆိုသည်။

“မစ္စတာ ယတ်ထော စစ်ဆေးခံရတဲ့ အချိန်မှာ သူက သူရဲ့ ဘာသာရေး ယုံကြည်ချက် အရ ဘုရားသခင်က ခိုင်းတာ စသဖြင့် ဒီလို ဟာတွေ သူပြောပါတယ်၊ ဒါဟာ သူ့ယုံကြည်ချက်ပဲ အဲဒီလို ပြောတဲ့ အခါမှာ တချို့က သရော်ကြတယ်လို့ ဆိုတယ်၊ ဒေါ်အောင်ဆန်းစုကြည်က အဲဒါကို လုံးဝ မကြိုက်ပါဘူး။ မိမိ ဘယ် ဘာသာပဲ ကိုးကွယ် ကိုးကွယ်၊ တခြားသူရဲ့ ယုံကြည်မှုကို ကိုယ် မယုံကြည်တောင်မှ ဒီလို စော်ကားတဲ့ အပြုအမူမျိုးဟာ မရှိသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သေသေချာချာ ပြောပါတယ်” ဟု အဆိုပါ ရှေ့နေက ရှင်းပြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */