ဒေါ်အောင်ဆန်းစုကြည်ကို “သီးသန့်ဧည့်ဂေဟာ” တွင် ထိန်းသိမ်းထား

Thursday, May 14, 2009 ·

သန်းထိုက်ဦး | စစ်အစိုးရက ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်၍ တရားစွဲဆိုခဲ့ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန် ထောင်ပရိဝုဏ် အတွင်းရှိ သီးသန့် ဧည့်ဂေဟာတွင် ထိန်းသိမ်းထား ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။


ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တခုတွင် ဒေသခံရေလှူနေသူတဦးထံမှ ရေအတွက် တန်းစီနေကြသည့်ဒုက္ခသည် ကလေးများ (ဓာတ်ပုံ - အေပီ)
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယခုလဆန်းပိုင်း၌ တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့် ပတ်သက်ပြီး အာဏာပိုင် များက ယနေ့နံနက်ပိုင်းတွင် အကျယ် ချုပ်ထားရာ နေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တရားစွဲဆိုခဲ့ပြီးနောက် ယခုကဲ့ သို့ ထိန်းသိမ်း ထားခြင်းဖြစ်သည်။

ရှေ့နေကြီးဦးကြည်ဝင်းက“ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ပရိဝုဏ်အတွင်းမှာရှိတဲ့ ထောင်အာဏာပိုင် တွေ ညီလာခံတို့ အစည်းအဝေးတို့လာတက်ရင်နေတဲ့ အဆောက်အဦးမှာထားတယ်”ဟု ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားရင်ဆိုင်ရန် မေလ ၁၈ ရက်နေ့သို့ ရက်ချိန်း သတ်မှတ်ထားကြောင်းသိရ သည်။

အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အပါဝင် အတူနေသော အမျိုးသမီးတို့ကိုလည်း ပုဒ်မ ၂၂ /၁၀၉ ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။ အဆိုပါ စွဲဆိုထားသည့် ပုဒ်မများသည် ပြစ်မှုထင်ရှားပါက ၃ နှစ်မှ ၅ အထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ကျပ် ၅၀၀၀ ကျခံနိုင်ဖွယ် ရှိကြောင်း ရှေ့နေများ ပြောပြချက်အရ သိရ သည်။

စစ် အာဏာပိုင်များ စွဲဆိုထားသည့် ဥပဒေပုဒ်မနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိတွင်အပြစ်မရှိဟု ယုံကြည်ထားကြောင်း ဦးကြည်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး နှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ကြောင်း သိရသည်။

ဦးကြည်ဝင်းက“ကျနော်က သူ့ကိုအားပေးရမှာ သူက ကျနော်ကိုပြန်ပြီးအားပေးနေတယ်”ဟု ဆိုသည်။

ရန်ကုန် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍သွားရောက်ခဲ့သူ ဂျွန် ၀ီလျံ ယက် ထော(Mr. John William Yettaw) ကိုလည်း ယနေ့အတူ ရုံးထုတ်ခဲ့ကြောင်းသိရှိရသည်။

ယမန်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီးဝင်ရောက်ရန်ကြိုးစားခဲ့သဖြင့် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်များထံတိုင် ကြားခဲ့ဖူးကြောင်း ၊ သို့ရာတွင် သက်ဆိုင်ရာအာဏာပိုင်များက မည်သို့မျှအရေးမယူခဲ့ကြောင်းသိရှိရသည်။

NLD အဖွဲ့ဝင်များအဆိုအရ ရေကူးဝင်ရောက်လာသော ဂျွန် ၀ီလျံ ယက်ထောကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ နှင်လွှတ်ခဲ့ကြောင်း၊ သို့ရာတွင် ၎င်းကအလွန်ပင်ပန်းနေသဖြင့် ခေတ္တနားခိုခွင့်တောင်းပြီး တစ်ည တည်းခိုသွားခဲ့ကြောင်း သိရသည်။

ဂျွန် ၀ီလျံ ယက်ထောနှင့်ပတ်သက်ပြီး အာဏာပိုင်များက လေ့လာသိရှိထားပြီးဖြစ်ရာ လုံခြုံရေးတင်းကျပ်ထား သည့် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံဝင်းအတွင်းသို့ ယခုလိုရေကူးဝင်ရောက်သွားနိုင်သည့်အပေါ် လေ့လာ သူများ အနေဖြင့် မေးခွန်းထုတ်စရာဖြစ်နေသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် ၎င်း ဂျွန် ၀ီလျံ ယက်ထောအား အမေရိကန် သံရုံးမှ ဒုတိယ အတွင်းဝန် (ကောင်စစ်ဝန်) Mr. Colin P. Furst နှင့် အဖွဲ့က ရန်ကုန်မြို့ရှိ အောင်သပြေ ရိပ်သာ၌ ကောင်စစ်ဆိုင်ရာတွေ့ ဆုံမှု ပြုလုပ်ခဲ့ကြောင်းနှင့် ဂျွန် ၀ီလျံ ယက်ထော၏ ကိုယ်ရေး အကျဉ်းတို့ကို ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါသတင်းကို စိတ်ဝင်စားသူ ပြည်တွင်းသတင်းထောက်များအနေဖြင့် အခက်အခဲများစွာ ကြုံနေရ ကြောင်းသိရသည်။

အင်းစိန်ထောင်အနီး သတင်းလိုက်ယူသော သတင်းထောက်များအား ကိုယ်ရေးအကျဉ်း တောင်းဆိုခြင်း ဓာတ်ပုံ ရိုက်ယူခြင်းများ ခံရကြောင်း၊ ထို့အပြင် ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာများကလည်း မိမိတိုက်ရှိ သတင်း ထောက်များကို သတင်းမလိုက်ရန်နှင့် အကယ်၍ ပြသနာ ပေါ်ပါက မိမိပြဿနာ မိမိဖြေရှင်းရန် ညွန်ကြားထား သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေ အိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ရှိပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်းခဲ့ရာ ယခုလ ၁ ရက်နေ့က ယင်း အယူခံလွှာကို စစ်အာဏာပိုင်များက ပယ်ချခဲ့သည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀ (ခ) အရ အရေးယူထားသည်မှာ ဥပဒေနှင့် ညီမညီ၊ အရေးယူထားသည့် ကာလမှာ ဥပဒေနှင့် ညီ မညီ၊အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိအနေနှင့်တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစုဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေဦးကြည်ဝင်း အတွက်လက် ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ NLD က ယနေ့ထုတ်ပြန်သည့် ကြေညာချက်ရယူရန်

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ယနေ့ထုတ်ပြန်သည့် ကြေညာချက်ရယူရန်

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */