NEJ | နယ်ခြားစောင့်တပ်အဖြစ် တပ်ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို မူအားဖြင့် သဘောတူသော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတက်လာမည့် အစိုးရလက်ထက်ကျမှသာ လက်တွေ့ အကောင်အထည် ဖော်လိုကြောင်း အန်ဒီအေ (ကချင်) တပ်ဖွဲ့က စစ်အစိုးရထံ တင်ပြမည်ဟု သိရသည်။
လာမည့်မေ (၁၈) ရက်တွင် နအဖစစ်ခေါင်းဆောင်များနှင့် ကချင်ပြည်နယ်အထူးဒေသ(၁) မှ အန်ဒီအေ (ကချင်) ခေါင်းဆောင်များ တွေ့ဆုံသည့်အခါ အဆိုပါကိစ္စကို တင်ပြရန်ရှိသည်ဟု အန်ဒီအေ (ကချင်) ခေါင်းဆောင်ပိုင်း နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “သူတို့မကြာသေးခင်ကပဲ အစည်းအဝေးလုပ်တယ်။ တပ်ဖွဲ့ဝင်တွေနဲ့ရော ဒေသခံပြည်သူလူထုနဲ့ပါ စစ်အစိုးရ က ညွှန်ကြားထားတဲ့ တပ်ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စချပြတယ်။ တပ်ကရော လူထုကပါ အဲဒီကိစ္စကို သဘောမတူကြ ဘူး။ ဒါကြောင့် နောင်အစိုးရသစ်ပေါ်လာတဲ့အထိ စောင့်ဆိုင်းစေချင်ပါတယ်ဆိုတဲ့ မယုတ်မလွန် သဘောထားကို တင်ပြလိမ့်မယ်” ဟု ပြောသည်။
နအဖစစ်အစိုးရ၏ ညွှန်ကြားချက်များအနက် ရွေးကောက်ပွဲဝင်ရန်ကိစ္စကိုမူ နဂိုဆုံးဖြတ်ချက်အတိုင်း တပ်ဖွဲ့ အနေဖြင့် ပါတီထောင်ပြီး ၀င်ပြိုင်မည်မဟုတ်ဘဲ ကေအိုင်အေ၊ အခြားကချင်ခေါင်းဆောင်များနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။
အန်ဒီအေ (ကချင်) တပ်ဖွဲ့သည် ၁၉၈၉ ခု ဒီဇင်ဘာတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ဒေသဖွံ့ဖြိုးရေး အတွက် သစ်ထုတ်လုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ အဖွဲ့၏ လက်ရှိ ဥက္ကဋ္ဌသည် ဆခုံတိန့်ယိန်းဖြစ်ပြီး ဌာနချုပ်ပန်ဝါနှင့် ဌာနခွဲ ကမ်ပိုင်တီတွင် စစ်အစိုးရတပ်ရင်းတရင်းစီ တပ်စွဲ ထားသည်။
အန်ဒီအေ (ကချင်) အဖွဲ့က မေ (၁၈) တွင် စစ်အစိုးရနှင့် ဆွေးနွေးတင်ပြမည့်အချက်များကို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ကလည်း လေ့လာနေပြီး ၎င်းတို့အဖွဲ့က မေ (၂၀) တွင် စစ်အစိုးရထံ တွေ့ဆုံ အကြောင်းပြန် မည်ဟု သိရသည်။
source by : ခေတ်ပြိုင်
တပ်ဖွဲ့စည်းပုံပြင်ဆင်ရေးကို အန်ဒီအေ(ကချင်) မူအရသဘောတူ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment