ရန်ကုန်မြို့ခံများ ဒေါ်အောင်ဆန်းစုကြည် သတင်းကြောင့် အံ့သြ ဒေါသထွက်

Thursday, May 14, 2009 ·

ဇာနည်ဝင်း | ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန်ထောင်သို့ ပို့ပြီး ထောင်တွင်း တရားရုံးတွင် တရားစွဲဆို လိုက်သည် ဟူသော သတင်းကြောင့် ရန်ကုန်မြို့ခံများ အံ့အားသင့်နေကြသည်။

“အစိုးရက ဒေါ်စုအပေါ် ဘယ်လို သဘောထားတယ် ဆိုတာတော့ ကျမတို့ သိပြီးသားပါ။ သိပေမယ့် ဒီမနက် ဖြစ်သွားတာကတော့ ဘယ်လိုမှကို ထင်မထားတဲ့ဟာပဲ။ အရမ်း အံ့သြသွားတယ်။ စိတ်မကောင်းဘူး” ဟု ဗဟန်းမြို့နယ်မှ အိမ်ရှင်မတဦးက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက မြန်မာ့နိုင်ငံရေးတွင် အပြောင်း အလဲ ဖြစ်လာ နိုင်သည်ကို စစ်အစိုးရ နားလည်သဖြင့် လွှတ်ပေးမည်မဟုတ်ဟု ရန်ကုန်မှ သံဃာတပါးက ခန့်မှန်းသည်။

“ဒီလ ၃ဝ ရက်နေ့အထိ မလွတ်ဘူးဆိုရင် အထွေထွေ သပိတ်ကြီး ခေါ်နိုင်ရင် ပိုကောင်းမယ်။ ဝီလျံယက်တော လာတယ်ဆိုတာ သူ့ဟာသူ လာတာပဲ။ တကယ်တမ်း မသွားအောင် ကာကွယ်ရမှာက သူတို့မှာ တာဝန်ရှိတယ်။ အခု ဒေါ်စုအပေါ် အပြစ်ပုံချတယ်ဆိုတာ သက်သက် အကောက်ကြံတာပဲ။ ယုတ်မာလွန်း အားကြီးတယ်” ဟု ဘွဲ့အမည် မဖော်လိုသူ အဆိုပါ သံဃာက ပြောသည်။

ကမာရွတ်မြို့နယ်မှ ကျူရှင်ဆရာတဦးက ပြည်ပရောက် မိတ်ဆွေများ ပေးပို့သည့် အီးမေးဖတ်ပြီးမှ ထိန်းသိမ်း ခံထားရသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆက်တွဲ သတင်းကို သိရသည်ဟု ဆိုသည်။

“ကျနော်က တော်တော်လေး ဒေါသထွက်တယ်။ ကိုယ်လည်း ဘာမှလည်း မလုပ်တတ်ဘူး။ ပြီးတော့ ရန်ကုန်မှာ ဖြစ်တာကို ရန်ကုန်မှာ နေတဲ့ ကျနော်တို့က ဘာသတင်း အချက်အလက်မှ မသိရဘူး ဆိုတော့လည်း ပိုပြီး ဒေါသ ထွက်ရတယ်” ဟု ကျူရှင်ဆရာတဦးက ပြောသည်။

ကွန်ပျူတာ အင်တာနက် အသုံးပြုသူမှာ လူနည်းစုသာ ဖြစ်သည်။ အများစုမှာ နိုင်ငံရေး သတင်းအချက်အလက် ရရှိရန် အတွက် မနက်စောစောပိုင်း နှင့် ညပိုင်းတွင် ဖမ်းယူ နားဆင်နိုင်သည့် ပြည်ပ အခြေစိုက် အသံလွှင့် ဌာနများကို အားကိုးကြသည်။ ရေဒီယို၊ စာနယ်ဇင်းများနှင့် ကင်းကွာသူများမှာ လက်ရှိ အခြေ အနေများကို လက်လှမ်း မီခြင်း မရှိကြပေ။

“ဘေးအိမ်က ရေဒီယို ဖွင့်ထားတော့ မနက်တုန်းက ဒီသတင်း ကြားလိုက်တယ်။ စိတ်မကောင်းဘူး၊ ဝမ်းနည်းတယ်။ ဒေါ်စုကို ပြန်လွှတ်ပေးမှာ မဟုတ်ဘူး။ ကျမတို့လည်း ဘာမှ မတတ်နိုင်ဘူး” ဟု တောင်ဥက္ကလာပ မြို့နယ်မှ ကျောင်းဆရာမ တဦးက ပြောသည်။

စာရေးဆရာကြီး သိန်းဖေမြင့်၏သား ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးဟံသာမြင့်ကလည်း အာဏာပိုင်တို့၏ လုပ်ရပ်ကို ကျေနပ်မှု မရှိကြောင်း ပြောပြသည်။

“ကျနော့် တယောက်တည်း အမြင်အရ ပြောရမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာ မေလထဲမှာ ၆ နှစ်ပြည့်ပေမယ့် လွှတ်မှာ မဟုတ်ပါဘူးလို့ မျှော်မှန်းပြီးသား။ ဒီလို ဘာကြောင့် လုပ်သလဲ မသိဘူးပေါ့ဗျာ။ လူတွေကလည်း ဒါပဲ မေးနေကြ၊ သိချင်နေကြတယ်။ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်သွားတာလားပေါ့ဗျာ။ အင်းစိန် ထောင်ကို ပို့မယ် ဆိုတာကိုတော့ ဘယ်သူကမှ မတွက်ထားခဲ့ကြဘူးဗျ။ ကျနော်တို့ နေ့တိုင်း တွေ့နေတဲ့ သူတွေက ဒီကိစ္စအပေါ် မကျေနပ်ဘူး” ဟု ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ တရားရုံးတွင် ယခင် ဥပဒေ အတိုင်း တရားစွဲခံရသည်ဟု ရန်ကုန်မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

“အရင် ဥပဒေပဲဗျ၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူ ဘေးအန္တရာယ် ကာကွယ်တဲ့ ဥပဒေ ပုဒ်မ ၂၂ တဲ့။ အဲဒါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သက်သက်၊ ဒဏ်ငွေ ၅ဝဝဝ ချလို့ ရပါတယ်” ဟု ဦးအောင်သိန်းက ရှင်းပြသည်။

လွန်ခဲ့သည့် ၆ နှစ်က ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရစဉ်မှ စပြီး အိမ်တွင် နေထိုင်သူ ဒေါ်ခင်ခင်ဝင်း နှင့် သမီးဖြစ်သူ မဝင်းပပတို့သည်လည်း တရားစွဲခံနေရသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ကျူးကျော် ဝင်ရောက်သူကိုလည်း ကန့်သတ်ထားသည့် နယ်မြေ အတွင်း ဝင်ရောက်ခြင်း၊ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းတို့ဖြင့် တရားစွဲမည်ဟု သိရသည်။ ပြစ်မှုထင်ရှားပါက အဆိုပါ ကျူးကျော် ဝင်ရောက် သူသည် ထောင်ဒဏ် စုစုပေါင်း ၆ နှစ်အထိ ကျခံရနိုင်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */