ဒေါ်အောင်ဆန်းစုကြည်အမှု လုပ်ကြံဖန်တီးခြင်း မဟုတ်ဟု စစ်အစိုးရ ငြင်းဆို

Friday, May 22, 2009 ·

မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စစ်အစိုးရက ဖန်တီးခဲ့ခြင်း မဟုတ်ကြောင်း နှင့် အတိုက်အခံ အဖွဲ့အစည်းများက အချိန်ကိုက် ဖန်တီးခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ပြောဆို လိုက်သည်။

“မိမိတို့အနေဖြင့် အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံမှုများ အပြုသဘော ဖြစ်ထွန်းစေရန် ကြိးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မိမိ ထင်မြင် ယူဆမှုများ ပြုလုပ်လျက်ရှိချိန်တွင် ၎င်းနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် သဘောထား ပြောင်းလဲမည်ကို မလိုလားသည့် ပြည်တွင်း ပြည်ပ ဆန့်ကျင်ဘက် အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများ တိုးမြင့် ပြုလုပ်စေရန်အတွက် အချိန်ကိုက် ဖန်တီးမှုတရပ် ဖြစ်နိုင်ပါကြောင်း” ဦးဥာဏ်ဝင်းက ဂျပန် နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

အတိုက်အခံခေါင်းဆောင်ကို ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိအောင် ဆက်လက် ချုပ်နှောင်နိုင်ရေး အတွက် အမှုဆင်သည် ဆိုသော ဝေဖန်ချက်များ ပေါ်ထွက်လာပြီးနောက် စစ်အစိုးရအနေဖြင့် ငြင်းချက်ထုတ် လိုက်ခြင်းကို ပထမဆုံးအကြိမ် လူသိရှင်ကြား ဖော်ပြခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင် ကြားနာမှု ပထမဆုံးနေ့ဖြစ်သော မေလ ၁၈ ရက်နေ့တွင် ဦးဥာဏ်ဝင်းနှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဟီရို ဖူမိနာကာဆိုနဲတို့ တယ်လီဖုန်းမှတဆင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သော်လည်း ယနေ့မှသာ သတင်းပါရှိလာသည်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည် ဟုလည်း ပါရှိသည်။

တရားစွဲဆိုမှုကြောင့် ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အပေါ်တွင် ထိခိုက်လာမည်ကို စိုးရိမ်ပြီး စစ်အစိုးရအပေါ် နိုင်ငံတကာ အမြင်အတွက်လည်း ပူပန်မိသည်ဟု ပါရှိသည်။

“မြန်မာနိုင်ငံ၏ ပြည်တွင်း တရားစီရင်ရေး လုပ်ငန်းစဉ်တရပ် ဖြစ်သော်လည်း နိုင်ငံတကာ အသိုင်းအဝန်း၏ သဘောထား အမြင်များ ကိုလည်း အလေးပေးစဉ်းစား၍ သင့်လျော်ကောင်းမွန်သည့် နည်းလမ်းဖြင့် ဆောင်ရွက် သွားပါရန် တိုက်တွန်းပါကြောင်း၊ ထို့အပြင် လက်ရှိကာလမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ် အတွက် အလွန်အရေးကြီးဆုံး အချိန်လည်း ဖြစ်နေသည့် အလျှောက် အဆိုပါ လုပ်ငန်းစဉ်မှာလည်း နိုင်ငံတကာ အသိုင်းအဝန်းက လေးစားလောက်သည့် အနေအထားပုံစံမျိုးဖြင့် တိုးတက် ဖြစ်ပေါ်လာလိမ့်မည်ဟု မျော်လင့်ပါကြောင်း ပြောကြားခဲ့သည်။” ဟု မစ္စတာ ဟီရို ဖူမိနာကာဆိုနဲက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

ဦးဥာဏ်ဝင်းက အမှုကို တရားဥပဒေအရသာ ဆောင်ရွက်သွားမည်ဟု ပြန်လည် ပြောကြားခဲ့သည်ဟုလည်း ပါရှိသည်။


source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */