မဲပေါက်သည့် သတင်းသမား ၁၀ ဦးကို တရားခွင်သို့ ဝင်ခွင့်ပေးပြီ

Wednesday, May 20, 2009 ·

သန်းထိုက်ဦး | ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး သတင်းရယူရန် အတွက် နိုင်ငံခြား သတင်းထောက် ၅ ဦးနှင့် ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်း သတင်း ထောက် ၅ ဦးတို့ကို ယနေ့ တရားသို့ ၀င်ခွင့်ပြုလိုက်ကြောင်း နိုင်ငံခြားသတင်းထောက် တဦးက ဧရာဝတီသို့ ပြောကြားသည်။

“ထုံးစံအတိုင်း အကျဉ်းထောင်ထဲကိုဆိုတော့ ဘာပစ္စည်းမှတော့ ယူခွင့်မပြုဘူး၊ သတင်းထောက်တွေကို မဲနှိုက်ပြီး ပေါက်တဲ့သူ ဝင်ခွင့်ပြုတာ၊ အခုလို မီဒီယာတွေကို ခွင့်ပြုတာတော့ ကောင်းတဲ့ကိစ္စပဲ” ဟု သူကဆိုသည်။

ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံသား၏ အမှုကို ယခုလ ၁၈ ရက်နေ့မှစတင်၍ ၂ ရက်အကြာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် အာဏာပိုင်များက ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက ရုံးတင်စစ်ဆေးသည့် ကိစ္စအတွက် နိုင်ငံတကာက အများပြည်သူ ကြားနာခွင့်ရရှိသည့် တရားစီရင်ရေး ဖြစ်စေရန် တောင်းဆိုထားခဲ့ရာ ယနေ့တွင် မီဒီယာတချို့ကို ဝင်ရောက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

သတင်းထောက်များကို ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ ၀င်ခွင့်ပြုခဲ့ခြင်းမှာ နိုင်ငံတကာအသိုင်းအ၀န်းက စစ်အစိုးရကို ဖိအားပေးတောင်းဆိုမှုများကြောင့် ဖြစ်နိုင်သည်ဟု ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက သုံးသပ်သည်။

သတင်းယူရန်အတွက် Reuters, AFP နှင့် ဂျပန်သတင်းဌာနသုံးခုတို့ မဲပေါက်ကာ ဝင်ခွင့်ရခဲ့ပြီး ပြည်တွင်း သတင်းထောက်များ အဖြစ် Myanmar Times ဂျာနယ် အပါအဝင် သတင်းဌာန ၅ ခုမှ သတင်းထောက်များ ၀င်ခွင့်ရသည်ဟု ကြားသိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */