ဒေါ်အောင်ဆန်းစုကြည်အမှု သံတမန်များ မေးခွင့်ရ လုံခြုံရေးများ လျှော့ချထား

Wednesday, May 20, 2009 ·

အောင်ထက် | နိုင်ငံတော်လုံခြုံရေးအတွက် တားမြစ်ထားသော နေရာကို ကျူးကျော်ဝင်ရောက်လာသော နိုင်ငံခြားသားတဦးနှင့် ပတ်သက်၍ အစွပ်စွဲခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏အမှုအား တတိယမြောက်နေ့ အဖြစ် ယနေ့ ဆက်လက် ကြားနာသည်။

အင်းစိန်ထောင်ဘူးဝရှေ့၌ အန်အယ်လ်ဒီပါတီဝင်များနှင့် စောင့်ကြည့်အကဲခတ်နေသူ ပြည်သူများ ရှိနေဆဲ ဖြစ်သော်လည်း လုံခြုံရေးအင်အားများကိုမူ လျှော့ချထားကြောင်း သိရသည်။

“အင်းစိန်ခုံးတံတားအတက်မှာလည်း ရဲလုံခြုံရေးတွေကို လုံးဝမတွေ့ရဘဲ ယာဉ်ထိန်းရဲ (၄) ဦးကိုပဲ တွေ့ရတယ်။ ဒီနေ့ မနက် (၁၀) နာရီလောက်က သံတမန်ကား (၅) စီးဝင်ရောက်သွားပြီး နေ့လယ် (၁၂) နာရီနောက်ပိုင်းမှာ အမေရိကန်သံရုံးကားအပါအ၀င် သံ ၂/.....၊၁၂/.....၊၁၀/.....ကား (၂၈) စီး ၀င်သွားတာ တွေ့ရတယ်” ဟု မျက်မြင်တဦးက ပြောသည်။

လျှပ်တစ်ပြက်၊ ပေါ်ပြူလာ၊ မြန်မာတိုင်းမ်၊ ၀ီကလီးအလဲဗင်း၊ ရန်ကုန်မီဒီယာဂရု စသည့် ပြည်တွင်းဂျာနယ် (၅) စောင်မှ သတင်းထောက်များ တရားခွင်သို့ တက်ရောက်ခွင့်ရပြီး လျှပ်တစ်ပြက်ဂျာနယ်မှ မြတ်ခိုင်၏ကား၊ PROCOTAL တံဆိပ်တပ် ကားတစီးနှင့် မည်သည့်အဖွဲ့အစည်းကဟု မပြောနိုင်သော ဆင်စွယ်ရောင်တိုက်ပုံ၊ အစိမ်းရောင် ရင်ထိုးတံဆိပ်တပ်ဆင်ထားသူများ အပြည့်ပါသည့် ကားတစီးတို့ ၀င်ရောက်သွားသည်ကိုလည်း တွေ့ရကြောင်း မျက်မြင်များက ပြောသည်။

နေ့လယ် (၁၂) နာရီ (၃၀) မိနစ်ခန့်က အဆိုပါသံတမန်ကားများ ၀င်ရောက်စဉ် ဓာတ်ပုံရိုက်သူ နိုင်ငံခြား သတင်းထောက် (၂) ဦးဖြစ်သည့် ကိုဂျင်မီ(အဆာဟိရှင်ဘွန်း)နှင့် ကိုသီဟ (NHK) တို့အား လုံခြုံရေး တာဝန်ရှိသူတို့က ထိန်းသိမ်းလိုက်ပြီး နာရီဝက်ခန့်အကြာ ပြန်လွှတ်ပေးလိုက်ကြောင်း နိုင်ငံခြား ဓာတ်ပုံ သတင်းထောက်တဦးက ပြောသည်။

ပြည်တွင်း ဓာတ်ပုံသတင်းထောက် (၂) ဦးအား ထိန်းသိမ်းလိုက်သည်ဟူသော သတင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တရားခွင်၌ စင်ကာပူ၊ ရုရှား၊ တရုတ်သံတမန်များ စကားပြောခွင့်၊ မေးခွန်းထုတ်ခွင့်ရှိသည်ဟု သိရပြီး ကျန်သူများမှာ နားထောင်ရုံသက်သက်သာ အခွင့်အရေးရကြောင်း သံတမန်နှင့်နီးစပ်သူ အသိုင်းအ၀န်းမှ
သိရသည်။

နေ့လယ် (၂) နာရီ (၄၅) မိနစ်အချိန်အထိ အင်းစိန်ထောင်ဘူးဝ အခြေအနေသည် ငြိမ်သက်နေပြီး ထောင်ပတ်ဝန်းကျင် လုံခြုံရေးအင်အား လျှော့ချထားသည်မှာ ပြည်ပမီဒီယာများ၊သံတမန်များ အမြင် ကောင်းအောင် လုပ်ခြင်းသာ ဖြစ်ကြောင်း ပြည်သူများက ယူဆကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */