ခေတ်ပြိုင် | ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ တိုးတက်လာပြီး စိုးရိမ်စရာ မရှိသော်လည်း ဆက်လက် စမ်းသပ်စစ်ဆေးရန် လိုအပ်ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။
“နောက်ဆုံးအခြေအနေကတော့ ဒေါ်စုဟာ သွေးပေါင်ပြန်တက်လာပြီ။ အစားလည်း နည်းနည်းပြန်စားနေပြီ၊ တိုးတက်တယ်ပေါ့လေ။ ဒါပေမယ့် သူက ကြွက်တက်တာ ခဏခဏဖြစ်နေတော့ အဲဒီကြွက်တက်တာဟာ ဘာကြောင့်လဲဆိုတာ အရင်းအမြစ် ကိုရှာပြီးတော့ ရေရှည်စမ်းသပ်စစ်ဆေးဖို့လိုတယ်လို့ ဆရာဝန်ကတော့ အဲလို မှတ်ချက်ပြုထားပါတယ်” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာပြုံးမိုအိက ဒုတိယအကြိမ်အဖြစ် တနင်္လာနေ့တွင် နေအိမ်သို့ သွားရောက် ဆေးကုသခွင့် ရရှိခဲ့ပြီးနောက် ဦးဉာဏ်ဝင်းက ထိုကဲ့သို့ ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်သည်။
လစဉ် ပထမပတ် ကြာသပတေးနေ့တိုင်း ဒေါ်အောင်ဆန်းစုကြည်အား ဆေးစစ်ပေးနေရသော ဒေါက်တာ တင်မျိုးဝင်း ကို အာဏာပိုင်များက ထိန်းသိမ်းခဲ့သည့်အတွက် တွဲဖက်ဆရာဝန်တဦးဖြစ်သူ ဒေါက်တာပြုံးမိုအိက ဆက်လက် တာဝန်ယူ ဆေးစစ်ဆေး ကုသပေးနေခြင်းဖြစ်သည်။
ဒေါက်တာပြုံးမိုအိက ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည့်သောကြာနေ့၌ သွားရောက်ဆေးစစ်ခွင့်ရခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် သွေးပေါင်ကျနေပြီး အားနည်းနေကြောင်း၊ ထို့ပြင် အရေပြားခန်းခြောက်သည့် လက္ခဏာရှိနေကြောင်း တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့ဆက်လက်၍ ကျန်းမာရေး စမ်းသပ်စစ်ဆေးရန် လိုအပ်နေသည့်အတွက် ဆေးကုသခွင့်ရရေးနှင့်ပတ်သက်၍ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မေ (၁၂) ရက် နေ့စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင်ထိန်းသိမ်းကြောင်း တားဆီးမိန့်ချစဉ်က ပထမအချက်အနေဖြင့် သံရုံးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများနှင့်ဆက်နွှယ်နေသူများနှင့် မဆက်သွယ်ရန်၊ ဒုတိယအချက်အနေဖြင့် နေအိမ်မှပြင်ပသို့ ထွက်ခွာခွင့် လုံးဝမပြုရန်နှင့် အခြားသို့ စာဖြင့်သော် လည်းကောင်း၊ စကားပြောကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်းမပြုရန်တို့ကိုသာ တားမြစ်ထား သည်ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဆေးကုသခွင့်ကို ကန့်သတ်ပိတ်ပင်ခြင်း အလျဉ်းမရှိကြောင်း၊ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားသည့် ဥပဒေ၏ ပုဒ်မ ၉ (စ) အရ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အပြည့်အ၀ ပေးရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၀၃ ခု မေ (၃၀) ညတွင် ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီး၌ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ် ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် အကြမ်းဖက်တိုက်ခိုက်ခံရသည့် ပါတီဒု- ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းထား သည်မှာ ယနေ့တိုင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ဆေးကုသ စမ်းသပ်စစ်ဆေးရန်အတွက် ဆရာဝန်က ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
၎င်းက “စမ်းသပ်စစ်ဆေးဖို့တော့ ဆရာဝန်က ဆက်လက် ကြိုးပမ်းသွားမှာပါ။ ကျနော်တို့က ဒါဟာခွင့်ပြုဖို့ တောင်းစရာတောင်မလိုဘူး။ ကန့်သတ်ထားတာမရှိဘူးလို့ ထောက်ပြနေတာပါ။ ဆရာဝန်ကတော့ အဲဒီနေ့ ကတည်းက ဒီလိုအခြေအနေ ဆက်လက် စမ်းသပ်စစ်ဆေးဖို့ လိုအပ်တဲ့အကြောင်း သေချာရေးတင်ခဲ့ပါတယ်” ဟု ပြောသည်။
source by : http://www.khitpyaing.org/news/May_09/13-5-09a.php
ဒေါ်အောင်ဆန်း စုကြည်ကျန်းမာရေး စစ်ဆေးရန် လိုအပ် ဆေးကုသ ခွင့်ရှိဟု အန်အယ်လ်ဒီပြော
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment