အောင်ထက် | မြန်မာနိုင်ငံ၌ အေအိုင်ဒီအက်စ် ဖြစ်ပွားမှုနှုန်း တိုးတက်လျက်ရှိရာ ယခုအခါ အိပ်ခ်ျအိုင်ဗွီ ကူးစက်နေသူ (၅) သိန်းခွဲခန့် ရှိပြီး ဝေဒနာခံစားနေရသူ ဆင်းရဲလူနာများအတွက် နိုင်ငံတော်၏ ARV ဆေးဝါး ထောက်ပံ့မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အနိမ့်ဆုံးအခြေအနေရောက်နေကြောင်း လေ့လာ ဆန်းစစ် သူများက ပြောသည်။
UNAIDS/ WHO တို့မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကျင်းပသည့် ၂၀၀၅ စက်တင်ဘာ အလုပ်ရုံဆွေးနွေးပွဲ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်နေသူ (၃၃၈,၉၁၁) ဦးရှိကြောင်း၊ ARV ဆေးဝါး ရရှိသူ (၁၁,၁၇၁) ဦးရှိပြီး ၎င်းတို့အနက် အမျိုးသား (၅၈) ရာခိုင်နှုန်း၊ အမျိုးသမီး (၄၂) ရာခိုင်နှုန်းနှင့် (၁၃) နှစ်အောက် ကလေး (၈) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ARV ဆေးထောက်ပံ့မှု၏ (၁၄) ရာခိုင်နှုန်းမှာ နိုင်ငံတော်မှ ဖြစ်ကြောင်း သိရသည်။
ARV ဆေးဝါး ၀ယ်ယူမသောက်သုံးနိုင်သူ လူနာများအတွက် အများဆုံးပံ့ပိုးနေသော အဖွဲ့အစည်းမှာ ဟော်လန် အခြေစိုက် အန်ဂျီအိုတခု၏ အထောက်အပံ့ခံ သဇင်ဆေးခန်း (AZC) ဖြစ်ပြီး လူနာဟောင်း (၆,၀၀၀) ကျော်ကို လစဉ်ဆေးဝါးပံ့ပိုးနေသော်လည်း ၂၀၀၆ ခုနှစ်ကတည်းက လူနာသစ်လက်မခံတော့ဘဲ အိပ်ခ်ျအိုင်ဗွီ သွေး စစ်ဆေး ပေးမှုကိုသာ ပြုလုပ်နိုင်တော့ကြောင်း သိရသည်။
ပြည်တွင်း၌ ARV ဆေးဝါးဖြန့်ဖြူးဝေငှနေသူ အန်ဂျီအို (၁၀၀) ခန့်ရှိပြီး ထိထိရောက်ရောက် ဆောင်ရွက်နေသူ လေးငါးဦးခန့်သာ ရှိကြောင်း၊ ယခုအခါ အဆိုပါ အန်ဂျီအိုတို့သည် ဆေးဝါးပြတ်လပ်မှု အခက်အခဲ ကြုံတွေ့နေရပြီး ရန်ကုန်မြို့ရှိ ဆေးရုံကြီးနှစ်ရုံ၌ လူနာ (၂၀၀) ခန့်ကိုသာ လစဉ်ဆေးဝါးပံ့ပိုးပေးနိုင်ကြောင်း၊ ယနေ့ အခြေအနေသည် ဝေဒနာရှင်တို့အတွက် အလွန်ဆိုးဝါးသော အနေအထားရောက်ရှိနေကြောင်း အန်ဂျီအိုတခုက ပြောသည်။
ARV ဆေးတိုက်ကျွေးမှုကို ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကြီးနှင့် မင်္ဂလာဒုံဆေးရုံကြီးတို့တွင် ဆောင်ရွက် ပေးလျက် ရှိပြီး ဆေးရုံတက်လူနာများမှာ မင်္ဂလာဒုံဆေးရုံသွားပါက ဝေဘာဂီသို့လွှဲလိုက်၊ ဝေဘာဂီ ဆေးရုံ သွားပါက မင်္ဂလာဒုံလွှဲလိုက် နှင့် ယောက်ယက်ခတ်နေကြကြောင်း၊ ဆေးရယူလိုမှုနှင့် ဆေးရုံရက်ချိန်းတိုင်း လာစောင့်နေသူဝေဒနာရှင် နေ့စဉ်များပြားလျက်ရှိကာ အချို့မှာ ရက်ချိန်းစောင့်ရင်း အသက်ဆုံးရှုံးသူ များနေကြောင်း ဝေဒနာရှင်တဦးက ပြောသည်။
နယ်မှ ARV ဆေးလာထုတ်သူများကို နယ်ဆေးရုံကြီးများသို့ ညွှန်ကြားလွှဲပြောင်းပေးလျက်ရှိရာ ဆေးဝါး ရောက်ရှိချိန် နှင့် တိုက်ဆိုင်သူ လူနာ ဆယ်ဂဏန်းခန့်သာ ARV ရရှိကြောင်း၊ ကျန်လူနာများမှာ အပြင်မှ ၀ယ်ယူသုံးစွဲနေရကြောင်း မန္တလေးဆေးရုံကြီး၌ ARV လစဉ်ထုတ်ယူနေသူ လူနာတဦးက ပြောသည်။
“ကျမတို့ အခုစုနေကြတဲ့ တောင်ဒဂုံ (၁၈) ရပ်ကွက် တဲဝိုင်းလေးတွေမှာ အိပ်ခ်ျအိုင်ဗွီလူ (၄၀) လောက်ရှိတယ် မဖြူဖြူသင်းက ဆေးဝါး၊ စားဝတ်နေရေး အကုန်တာဝန်ယူထားတယ်။ မဖြူဖြူသင်းတယောက်တည်းနဲ့ ကျမတို့ လူနာ (၁၀၀) ကျော်ကို လစဉ်ဆေးပေးနေတယ်။ အခု မဖြူဖြူသင်းကိုယ်တိုင် ဆေးဝါးတွေ ပြတ်နေတဲ့အခက်အခဲ ကြုံနေတယ်။ လူနာအချင်းချင်း ဆေးမျှသောက်နေရတာ (၃) နှစ်ကျော်နေပြီ။ ဒါပေမယ့် လူနာတွေ တကြိမ်မှ ဆေးသောက်မပြတ်သေးဘူး” ဟုလည်း လူနာများက ပြောကြားသည်။
အဆိုပါ ARV ဆေးတွဲတန်ဖိုးသည် တလစာ ရောဂါပထမအဆင့် (၂၅,၀၀၀၊ ၃၀,၀၀၀) ကျပ်၊ ဒုတိယအဆင့် (၅၀,၀၀၀) ကျပ်ခန့်ရှိပြီး ပြည်တွင်းကုမ္ပဏီ လေးငါးခုအပြင် ဆေးဆိုင်တိုင်း၌ လိုသမျှ ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။
source by : ခေတ်ပြိုင်
ဆင်းရဲသည့် အေအိုင်ဒီအက်စ်ဝေဒနာရှင်များ ARV ဆေး မလောက်င
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment