NEJ | မြန်မာနိုင်ငံတွင် မုတ်သုန်ရာသီကျရောက်တော့မည်ဖြစ်သည့်အတွက် နာဂစ် မုန်တိုင်းသင့် ဒေသမှ ဒုက္ခသည်များ နောက်ထပ်အသေအပျောက်မဖြစ်စေရန် နိုင်ငံတကာမှ အကူအညီများ တိုးမြှင့်ပေးအပ်ရန် လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။
“မကြာမီကျရောက်တော့မယ့် မုတ်သုန်ရာသီနဲ့အတူ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာကို ထပ်မံ ရင်ဆိုင် ရပါတော့ မယ်” ဟု ကုလသမဂ္ဂပြန်လည်ထူထောင်ရေးဆိုင်ရာ ညှိနှိုင်းရေးအရာရှိ မာရီကို ဆာတိုက ယမန် နေ့က ဂျာနီဗာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယခုအချိန်တွင် ဒုက္ခသည်များ အမိုးအဖြစ်အသုံးပြုနေကြသည့် တာပေါ်လင်စများ၊ သက်ကယ်အမိုးများသည် ဆွေးမြည့်ပျက်စီးကုန်သဖြင့် မိုးရာသီမကျမီ အမြန်ဆုံး အမိုးအကာသစ်များ လဲပေးရန် အရေးပေါ် လိုအပ်နေသည် ဟုလည်း ၎င်းကပြောသည်။
ယမန်နှစ်မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် အိမ်ပေါင်း (၄) သိန်းခွဲခန့် လုံးဝပျက်စီးခဲ့ပြီး အိမ်ပေါင်း (၃) သိန်းခွဲခန့် ထိခိုက်ပျက်စီးခဲ့သည်။
လုံးဝပျက်စီးသွားသည့် အိမ်ခြေပေါင်း (၂) သောင်းခွဲခန့်ကိုသာ လာမည့်ဇွန်လတွင် ပြန်လည်တည်ဆောက်ပြီး နိုင်မည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) က ပြောသည်။
အိုးအိမ်တည်ဆောက်မှု လိုအပ်ချက် အလွန်ကြီးမားသော်လည်း အနည်းအကျဉ်းခန့်သာ ဆောက်လုပ် ပြီးစီး ခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် ဘစ်ရှိုး ပါရာဂျူလီကလည်း ပြောကြားခဲ့ ကြောင်း သိရသည်။
နာဂစ်မုန်တိုင်းကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာသို့ တောင်းခံထားသည့်အကူငွေ အမေရိကန်ဒေါ်လာ (၄၅၉) သန်းအနက် သုံးပုံနှစ်ပုံခန့်ဖြစ်သည့် ဒေါ်လာ(၃၁၅) သန်းသာ ယမန်နှစ်က ရရှိသေးသည့်အတွက် ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် ပညာရေးအတွက်သာ သုံးစွဲနိုင်ခဲ့သည်ဟု သိရသည်။
အိုးအိမ်တည်ဆောက်ရေးအတွက် ငွေကြေးမလုံမလောက်ရှိနေသည့်အတွက် အလှူရှင်နိုင်ငံများအနေဖြင့် မိုးမကျခင် ငွေကြေးအကူအညီများ ထည့်ဝင်ကြရန် အရေးတကြီးလိုအပ်နေကြောင်း မစ္စ ပါရာဂျူလီက တင်ပြသွားကြောင်း သိရသည်။
source by : ခေတ်ပြိုင်
နာဂစ်ဒုက္ခသည်များအတွက် အရေးပေါ်အကူငွေ လိုအပ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment