ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေမှန်ကို အတိုက်အခံအဖွဲ့များ သတင်းစာရှင်းလင်းပွဲလုပ်မည်

Thursday, May 14, 2009 ·

NEJ | ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေမှန်ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများ သိရှိနိုင်ရန် မြန်မာ အတိုက်အခံ အဖွဲ့အစည်း (၇) ခုက လာမည့်သောကြာနေ့၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဖြစ်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပါဝင်မည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က “ဒီသတင်းစာ ရှင်းလင်းပွဲက ဒေါ်အောင်ဆန်းစုကြည်နေအိမ်နဲ့ ပတ်သက်တဲ့ကိစ္စ၊ ဒေါက်တာတင်မျိုးဝင်းကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ စိုးရိမ်ချက်တွေကို မီဒီယာကနေ တဆင့် နိုင်ငံတကာ သိအောင် ဖော်ပြ ချင်တယ်။ အိမ်နီးချင်း နိုင်ငံအပါအဝင် နိုင်ငံတကာ အစိုးရတွေက လေးလေးနက်နက် စဉ်းစားပြီး တရားမျှတမှု မရှိတဲ့ အခြေအနေတွေ ဆိုးမသွားအောင် ဟန့်တား သွားနိုင်ဖို့ အတွက် ကျနော်တို့ရဲ့ တောင်းဆိုချက်တွေ ကို ပြုလုပ်ဖို့ ဖြစ်တယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထားရှိမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် အိမ်နီးချင်း အစိုးရများက နအဖကို ပွင့်ပွင့်လင်းလင်း မေးမြန်းရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူခြင်း၊ ဒေါက်တာ တင်မျိုးဝင်းကို အရေးယူ အပြစ်ပေးခြင်းမျိုး မဖြစ်ပေါ်လာစေရေး ဟန့်တားရန်အတွက် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုမှုများ ပြုလုပ်မည်ဟုလည်း သိရသည်။

ဦဘိုလှတင့်က “လက်ရှိအနေအထားအရ ဒေါ်စုအိမ်ထဲကို အမေရိကန်နိုင်ငံသားဆိုသူ ခိုးဝင်တဲ့ စွပ်စွဲချက်တွေနဲ့ ဒေါက်တာ တင်မျိုးဝင်းကို ခေါ်သွားတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ခေါ်သွားသလိုလို ဖြစ်နေတဲ့ သတင်းအပေါ်မှာ ဒါတွေ အားလုံးဟာ မေလ (၂၇) ရက်မှာ ကျရောက်မယ့် ဒေါ်စုလွတ်မြောက်ရမယ့် ရက်မတိုင် ခင်မှာ နအဖက သူ့ကိုဆက်ပြီး ချုပ်နှောင်ထားနိုင်မယ့် အကြောင်းပြချက်ရအောင် ဖန်တီးနေတာဖြစ်တယ်။ ဒေါ်စုကို နေအိမ်အကျယ်ချုပ် ချကတည်းက သူ့ရဲ့လုံခြုံရေးအခြေခံအပေါ်မှာ အစိုးရက ထိန်းသိမ်း ထားတဲ့ သဘော ဖြစ်တော့ လုံခြုံရေးအာမခံချက်ရှိရမှာဖြစ်တယ်။ အိမ်ထဲကို ခွေးတကောင်ဖြစ်စေ၊ လူတယောက်ဖြစ်စေ ဝင်သွားတဲ့ကိစ္စဟာ ဒေါ်စုမှာသော်လည်းကောင်း၊ ဒေါက်တာတင်မျိုးဝင်းမှာသော်လည်းကောင်း လုံးဝ တာဝန် မရှိဘူးလို့ အခိုင်အမာ ယုံကြည်တယ်။ ဒါကြောင့် အခုလိုလုပ်ဆောင်ချက်ဟာ အင်မတန်မှ စိုးရိမ် မကင်း ဖြစ်ရတယ်” ဟု ပြောသည်။

နအဖအနေဖြင့် အမျိုးသားသင့်မြတ်ရေးကို အမှန်တကယ်လိုချင်လျှင် ၂၀၁၀ မတိုင်မီ တိုင်းပြည်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ယခုကဲ့သို့ မဟုတ်တန်းတရား စွပ်စွဲလုပ်ကြံမှုများနှင့် နိုင်ငံရေးအရ လုပ်ကြံဖန်တီးမှုများကို ရှောင်ရှားရန်လိုသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်မေလ (၂၇) ရက်နေ့မှာ ပြန်လွှတ်ပေးရမှာဖြစ်တယ်။ လွှတ်ပေးရုံတင် မကဘူး၊ နေအိမ်အကျယ်ချုပ်က လွတ်မြောက်သွားတယ်ဆိုရင် နိုင်ငံရေးခေါင်းဆောင်တယောက်မှာ ရှိသင့် ရှိထိုက်တဲ့ နိုင်ငံရေး လွတ်လပ်ခွင့်ပါ တပါတည်းပါသင့်တယ်လို့ ယုံကြည်တယ်။ ဒါကို နအဖဟာ ပေးအပ်ဖို့ တာဝန်ရှိတယ်။ ပေးရဲတဲ့သတ္တိ လည်း ရှိဖို့လိုအပ်တယ်လို့ ပြောချင်တယ်” ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ အဖွဲ့၏ သဘောထားကို ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ၊ တိုင်းရင်းသားလူငယ်များဆုံရပ်၊ မြန်မာနိုင်ငံကျောင်းသား လူငယ်များ ကွန်ဂရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ)၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုနှင့် တိုင်းရင်းသား လူမျိုးများ ကောင်စီ စသည့်အဖွဲ့များက ရှင်းလင်း ကြမည်ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */