ဘန်ကောက်မြို့လယ် ပို့ဆောင်ရေး ပြတ်တောက် Victory Monument အ၀ိုင်းကို ဆန္ဒပြသူတွေ စီး

Friday, April 10, 2009 ·

NEJ | ယမန်နေ့ နေ့ခင်းပိုင်းကစပြီး ဘန်ကောက် မြို့လယ်ရှိ ယာဉ်သွား ယာဉ်လာထူထပ်သည့် Victory Monument လမ်းလေးခွဆုံ အ၀ိုင်းကြီးကို တပ်ဆင်ထောက်ခံသည့် ဆန္ဒပြသူများက ပိတ်ဆို့ သပိတ်မှောက် သည့်အတွက် ဘန်ကောက်မြို့တွင်း မြို့ပြင် ဆက်သွယ်ရေး လမ်းကြောင်းများ အခက်အခဲ ဖြစ်ကုန်သည်။

အာဘီဆစ်အစိုးရ နုတ်ထွက်မပေးပါက သုံးရက်ဆက်တိုက် သိမ်းထားမည်ဟု တက္ကဆီသမားများက ရာဇသံပေး ထား သည်။ အခြား ဘန်ကောက်လမ်းများကိုလည်း ဆက်လက် ပိတ်ဆို့ သပိတ်မှောက်မည်ဟုလည်း ပြောသည်။ Victory Monument သည် မြို့တွင်း မြို့ပြင်ပြေး ဘတ်စ်ကားများ၊ အနယ်အနယ်သွားသည့် ကြားကားများ ဆုံချက်ဖြစ်သည့်အ တွက် ရုံးဝန်ထမ်းများ၊ ခရီးသွားများ ကားမရှိဘဲ သောင်တင်ကုန်သည်။

ဆန္ဒပြသူများကြောင့် ဘန်ကောက်တွင် မြို့လယ်ကောင် သွားလာရေး ပိတ်ဆို့ကုန်သည့်ကိစ္စ ဖြေရှင်းရန် သောကြာနေ့ ယနေ့ကို ရုံးပိတ်ရက်အဖြစ် ၀န်ကြီးချူပ် အာဘီဆစ်က ကြေညာသည်။ ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို အာဘီဆစ် အစိုးရက လက်မခံဘဲ ပယ်ချသည်။ ထိုအတောအတွင်း ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း တပ်ဆင် မည်သည့်နိုင်ငံမှာ ရှိနေသည်ကို ထိုင်းအစိုးရက သိနေကြောင်း၊ ထိုနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့လွှတ်ပြီး တပ်ဆင်ကို ပြန်ပို့ရန် ညှိနှိုင်းရာ အဆိုပါနိုင်ငံက လက်မခံကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောသည်။

ဘန်ကောက် ဆန္ဒပြပွဲများ အရှိန်မြင့်လာသည်နှင့်အတူ ကောလာဟလများနှင့် ရှုပ်ထွေးနေသည့်အတွက် ၈၈ အရေးအခင်းကာလ ရန်ကုန်မှာ ကောလာဟလ မျိုးစုံထွက်နေသည့်ပုံစံ ဖြစ်နေသည်။ တပ်ဆင်မိသားစု နိုင်ငံခြားသို့ ထွက်ပြေးရာ တပ်ဆင်၏ယောက်ဖ ၀န်ကြီးချုပ်ဟောင်း ဆွန်ချိုင်းပါသည်ဟု အစိုးရနှင့် ထိုင်း မီဒီယာများက ပြောသော်လည်း ယမန်နေ့ညက ဆွန်ချိုင်းကို အနီဝတ်ဆန္ဒပြသူများ စင်မြင့်တွင် ပွဲထုတ်ပြ သည်ကို တွေ့ရသည်။

ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ Victory Monument လမ်းလေးခွဆုံအ၀ိုင်းကြီးကို အနီဝတ်ဆန္ဒပြ အဖွဲ့ခေါင်းဆောင်များ မသိဘဲ တပ်ဆင် ထောက်ခံသည့် တက္ကစီ အုပ်စုက အချင်းချင်း ကားတွင်း ရေဒီယို ဖုန်းများဖြင့် အဆက်အသွယ် လုပ်ပြီး နေ့ခင်း (၁) နာရီမှာ ရုတ်တရက် ပိတ်ဆို့ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

မကြာခင် Victory Monument လမ်းလေးခွဆုံအ၀ိုင်းကြီး တခုလုံး အနီဝတ်ဆန္ဒပြသူများ၊ မော်တော် ဆိုင်ကယ်စီး အနီဝတ်များ၊ တရားဟောထရပ်ကားကြီးများဖြင့် ပြည့်ကျပ်သွားပြီး မိုးပျံရထား စင်္ကြန်တခုလုံး ဆန္ဒပြပွဲကြည့်သည့် ပရိသတ်များဖြင့် စည်ကား နေသည်။ ဆန္ဒပြသူအများစုမှာ နိုင်ငံရေး မကျေနပ်၍ ဆန္ဒပြသည်ထက် မိမိအုပ်စုအလိုက် ကခုန်တီးမှုတ်နေသည့်အတွက် သင်္ကြန်ပွဲလို ဖြစ်နေသည်။

ဝန်ကြီးချုပ်ရုံး ဆန္ဒပြပွဲမှာ ထိုနေရာရောက်အောင်မသွားလျှင် မြို့တွင်းမှလူများ မြင်ရန်ခက်ခဲသော်လည်း Victory Monument လမ်းလေးခွဆုံ အ၀ိုင်းကြီး ဆန္ဒပြပွဲမှာ ရထား၊ ကား သွားလာရေး လွယ်ကူသည့်အတွက် နိုင်ငံခြားသားများပါ အများအပြားတွေ့ရသည်။

ဧပြီ (၉) ရက်နေ့ Victory Monument လမ်းလေးခွဆုံအ၀ိုင်းကြီး မြင်ကွင်းဓာတ်ပုံများ
(က-၁)

(က-၂)

(က-၃)

(က-၄)

(က-၅)

(က-၆)

(က-၇)

(က-၈)

(က-၉)

(က-၁၀)


source by : http://www.khitpyaing.org/news/April_09/10-4-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */