သင်္ကြန်ရက်နီး ရန်ကုန်မှာ ခရီးသွားလာရေး ပိုခက်

Friday, April 10, 2009 ·

NEJ | သင်္ကြန်နားနီးလာသည့် ယခုရက်ပိုင်းအတွင်း ခရီးသွားလာရေး ပိုမိုခက်ခဲလာကြောင်း ပြည်သူများက ပြောပြကြသည်။

သင်္ကြန်မတိုင်ခင် မန္တလေးပြန်မည့်သူတဦးက “မန္တလေးကိုပြန်ဖို့ အသက်ကြီးတဲ့ ကျနော့် အမေလဲပါတော့ ရထား အထူးတန်း လက်မှတ် ရဖို့ (၃) ရက်ကြိုပြီး တန်းသွား စီတယ်။ ပထမနေ့ မနက် (၈) နာရီလောက် ရောက်သွားတော့ လက်မှတ်က ကုန်သွားပြီ။ နောက်တရက် မနက် (၆) နာရီလောက်သွားတယ်။ ဒါလည်း လူတွေ တိုးဝှေ့ပြီး နောက်ဆုံး လက်မှတ်က မရပြန်ဘူး။ မေးကြည့်တော့ တချို့တွေက ရထားလက်မှတ်ကို ည (၁) နာရီ (၂) နာရီ ကတည်းက လာစီကြတာတဲ့။ ဒါနဲ့ ရထားအထူးတန်း ဝယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ ကားဂိတ်ဘက် သွားစုံစမ်း တယ်။ မန္တလေး ထွက်မယ့် ကားတွေ အားလုံး သင်္ကြန်မတိုင်ခင်အထိ လက်မှတ်တွေ ကုန်နေပြီတဲ့။ ဒါပေမယ့် အပြင်က ဆွဲတဲ့ကားနဲ့ လိုက်ချင်ရင် တယောက်ကို ကျပ် (၁၈,ဝဝဝ) ပေးရမယ် ပြောတယ်။ မန္တလေး ပုံမှန် ကားခက တယောက် ကျပ် (၁ဝ,ဝဝဝ) ပဲရှိတယ်။ နောက်ဆုံး မဖြစ်ရင်တော့ ဒီလို မှောင်ခိုဈေးပေးပြီး ဝယ်ရမှာပဲ” ဟု ပြောသည်။

ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင် ထွက်သည့် ကားလက်မှတ်များ ရောင်းချပေးသည့် အောင်ဆန်းကွင်း အရှေ့ဘက်တန်း ကားလက်မှတ် အရောင်းဌာနများဆီ သွားရောက်စုံစမ်းရာ သင်္ကြန်မတိုင်မီအထိ ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ကားလက်မှတ်များ ရောင်းကုန်သွားပြီ ဖြစ်ကြောင်း၊ သီးသန့်ပြေးဆွဲသည့် ကားများဖြင့် လိုက်လိုပါက ရန်ကုန်-မန္တလေး လက်မှတ်တစောင် ကျပ် (၁၈,ဝဝဝ)၊ ပုံမှန် ကျပ် (၅,၅ဝဝ) ပေးရသည့် ရန်ကုန်-မော်လမြိုင်ကို ကျပ် (၉,ဝဝဝ) ကျသင့်ကြောင်း၊ သင်္ကြန်နား နီးလာပါက ယခုထက်ဈေးနှုန်း ပိုမိုကြီးမြင့်မည် ဟု ပြောကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ခရီးသွားလာရေးကိစ္စ ပုံမှန်လိုလို အခက်အခဲဖြစ်လျက်ရှိပြီး အထူးသဖြင့် ကားထက် ဈေးသက်သာ သည့် ရထားလက်မှတ်များ ဝယ်ယူရခက်ပြီး မှောင်ခိုသဘော ဈေးပိုပေးမှ အလွယ်တကူ ဝယ်ယူနိုင်ကြသည်။

ယခုကဲ့သို့ သင်္ကြန်နီး၊ သင်္ကြန်ကာလ၊ သင်္ကြန်အလွန် ကာလများတွင် ပြည်သူများ ခရီးသွားလာရေး ပိုမိုခက်ခဲပြီး ကားခ၊ ရထားခများ ဈေးနှုန်းအဆမတန် ပိုပေးကြရလေ့ရှိသည်။

စစ်အစိုးရ အာဏာပိုင်များကလည်း နှစ်စဉ် သင်္ကြန်နားနီးလာသည်နှင့် ကားခများ ဈေးပိုတင်ပြီး မရောင်းရန်၊ ရောင်းပါက အရေးယူမည့်အကြောင်း ဂျာနယ်များတွင် ကြေညာလေ့ရှိသော်လည်း လက်တွေ့ မည်သည့် အရေးယူမှု မှ မလုပ်နိုင်သကဲ့ သို့ တိုင်ကြားပါကလည်း တိုင်ကြားသူကိုယ်တိုင် လာရောက်ရန်၊ နိုင်ငံသား မှတ်ပုံတင်၊ ကားခ ဖော်ပြထားသည့် လက်မှတ် အထောက်အထား အပြည့်အစုံတင်ပြရန် စသဖြင့် ခက်ခဲအောင် လုပ်ထားလေ့ရှိသည့် အတွက် ပြည်သူများအနေဖြင့် နှစ်စဉ်လိုလို ကားခ မတန်တဆ ဈေးကြီးပေးပြီးမှ ခရီးသွားရလေ့ရှိသည်။

အလားတူ မှောင်ခိုဈေးပေးပြီး လက်မှတ်ဝယ်ရန် မတတ်နိုင်သည့် ပြည်သူများသည်လည်း ဗိုလ်ချုပ်လမ်းပေါ်ရှိ ရန်ကုန်ဘူတာကြီး ရထားလက်မှတ် အရောင်းဝင်ပေါက်တွင် ညစဉ် ည (၁၁) နာရီ (၁၂) နာရီခန့်မှ စတင်ပြီး ညလုံးပေါက် လာရောက် စောင့်ဆိုင်းဝယ်ယူကြကြောင်း သိရသည်။

source by : http://www.khitpyaing.org/news/April_09/10-4-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */