NEJ | ပဲပြဿနာကြောင့် ပဲကုန်သည်များထံ ပေးရန်ရှိသည့် အမည်ပျက် ကုန်သည်ကြီးတဦးပိုင် ပစ္စည်းများကို ဧပြီ (၇) ရက် ညနေ (၂း၃ဝ) နာရီက ရန်ကုန်မြို့ ကမ်းနားလမ်း၊ ရန်ကုန်တိုင်း ကုန်သွယ်ရေး အဆောက်အဦ အစည်းဝေးခန်းမတွင် လျှို့ဝှက်လေလံတင်ပွဲ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။
အဆိုပါ သတင်းကို သွားရောက် စုံစမ်းခဲ့သူ ပြည်တွင်း ပုဂ္ဂလိက ဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့က ရန်ကုန်တိုင်း ကုန်သွယ်ရေး အဆောက်အဦမှာ ပဲကိစ္စ ပြဿနာပေါ်ပြီး ပဲကုန်သည်တွေကို ငွေအမြောက်အမြား ပေးဖို့ ရှိတဲ့ ကေဘီ ဦးကျော်ဝင်း ဆိုသူပိုင် ပစ္စည်းတွေ၊ ရွှေထည်တွေကို လေလံတင်မယ်ဆိုတဲ့ သတင်းရတယ်။ ဒါနဲ့ အဲဒီ အစည်းအဝေး လုပ်တဲ့နေရာကိုသွားပြီး သတင်းယူတယ်။ အဲဒီမှာ လေလံတာဝန်ခံက ဒီကိစ္စ သိုသို သိပ်သိပ် လုပ်တာ၊ ခင်ဗျားတို့ သတင်းယူဖို့ မလိုဘူး။ သတင်းရလည်း ရေးခွင့်မပေးဘူးဆိုပြီး မချေမငံ ပြောတယ်“ ဟု ရှင်းပြသည်။
အဆိုပါနေ့က စသုံးလုံး အဖွဲ့မှ သိမ်းဆည်းထားသည့် ကေဘီ ဦးကျော်ဝင်းပိုင် ကား (၁၁) စီး၊ လက်ဝတ်လက်စား ရွှေ (၉ဝ) ကျပ်သား၊ နေပြည်တော်ရှိ ရုံးအဆောက်အဦတခု၊ ရန်ကုန်ရှိ ရုံးတရုံး၊ ပဲခွဲသန့်စင်စက်ရုံတခု စသည် တို့ကို လေလံတင်ရောင်းချပြီး ၎င်းထံမှ ရရန်ရှိသူများအနက် အချို့ကို ခွဲဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါပွဲကို တက်ရောက်ခဲ့သူ ရရန်ရှိသူ ကုန်သည်တဦးက ပဲကိစ္စ ငွေကြေးရရန်ရှိ များစွာရှိသော်လည်း အဆိုပါကိစ္စ ကိုင်တွယ်သည့် စသုံးလုံးနှင့် ကုန်သည်ကြီးများအသင်း တာဝန်ရှိသူတို့က အဂတိလိုက်စားပြီး ကိုယ်လက်သင့်သည့် သူများကိုသာ လေလံပွဲ တက်ရောက်စေပြီး ခွဲဝေပေးခြင်းဖြစ်ကြောင်း၊ အဆိုပါပဲသမားများ ထံမှ ရရန်ရှိသူ အားလုံး အချိုးကျ အညီအမျှ ရသည့်သဘောမဟုတ်ကြောင်း၊ ထိုကြောင့် ကားနှင့် အခြား ပစ္စည်းများ ကိုပါ ပုံမှန်ပေါက်ဈေး ထက် မြင့်သည့် ကြမ်းခင်းဈေး သတ်မှတ် လေလံဆွဲခဲ့ကြပြီး ငွေတန်ဖိုး အတိအကျကိုမူ ပြောမပြနိုင်ကြောင်း ရှင်းပြသည်။
ပြီးခဲ့သည့်နှစ် ပဲမပေါ်ခင်က ကေဘီ ဦးကျော်ဝင်းနှင့် ကုန်သည်ကြီးအချို့ ကြိုတင်သတ်မှတ်ဈေးနှုန်းဖြင့် ပဲတန်ချိန်ပေါင်း မြောက်မြားစွာကို ဈေးကြီးပေး ဝယ်ယူခဲ့ကြသော်လည်း နောက်ပိုင်း ပဲအဓိက တင်ပို့ရာ အိန္ဒိယနိုင်ငံတွင် ပဲဈေးနှုန်းများ နှင့် ပဲဝယ်ယူသည့် ပမာဏ လျော့ကျခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းပြီး ကြိုဝယ်ထားသည့် ကုန်သည်ကြီးများ အရှုံးပေါ်ကာ ပဲပေးသွင်းသူများကို နဂို သတ်မှတ်ဈေးအတိုင်း ပေးချေနိုင်ခြင်း မရှိတော့ပေ။
ပေးရန်ရှိငွေသည် ကျပ် သန်းပေါင်း သိန်းနှင့်ချီ ရှိသည်ဟု စီးပွားကူးသန်း တာဝန်ရှိသူများက နောက်ပိုင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ပဲအကြွေးငွေ ရရန်ရှိသူများကိစ္စ ကုန်သည်ကြီးများအသင်းက ကိုင်တွယ် ဆောင်ရွက်ရန် အာဏာပိုင်များက အမိန့်ပေးခဲ့ပြီး ပထမဦးဆုံးအနေဖြင့် လက်ကျန်ပဲများနှင့် အကြွေးပေးချေ ခဲ့သည်။
ဒုတိယ အဆင့်အနေဖြင့် အဆိုပါ ကုန်သည်ကြီး (၈) ဦးပိုင် ထုခွဲနိုင်၊ မထုခွဲနိုင်သည့် ပစ္စည်းများကို လေလံတင် ရောင်းချပြီး ရရန်ရှိသူများကို အချိုးကျ ခွဲဝေပေးရမည်ဖြစ်သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက လေလံမှ ငွေမည်မျှရရှိသည်၊ တဦးကို မည်မျှခွဲဝေပေးမည် စသဖြင့် ပွင့်ပွင့်လင်းလင်း မလုပ်ဘဲ ယခုကဲ့သို လျှို့ဝှက် လုပ်ကိုင်ခဲ့ခြင်းအပေါ် ပဲကိစ္စ ငွေရရန်ရှိသည့် ကုန်သည်အများအပြား မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။
source by : http://www.khitpyaing.org/news/April_09/10-4-09d.php
ပဲလိမ်ကုန်သည်ပိုင်ပစ္စည်းများ လျှို့ဝှက်လေလံပွဲကျင်းပ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment